အမေရိကန် စတိုင်လ် လ္ဘက်ရည်

အမေရိကန်နိုင်ငံ တွင် ၁၆၉၀ ခုနှစ်အထိ လ္ဘက်ရည် မသောက်သုံး ကြသေးပါ။ ၁၇-ရာစု နှစ်ဦးပိုင်းတွင် ဗြိတိန် နိုင်ငံမှ သွင်းကုန်အဖြစ်
ဝင်ရောက်လာ ခဲ့သော်လဲ၊ အခွန်အခ အလွန်ကြီးလေးသောကြောင့်
လူတန်းစေ့ မသောက်ဖြစ်ကြဘဲ၊ ၁၇-ရာစု နှစ်လည်ပိုင်း မှသာ တွင်တွင် ကျယ်ကျယ် သောက်သုံးလာ ကြပါသည်။

စစ်တမ်းကောက်နှုတ်ချက် များအရ၊ အမေရိကန်တွင် အမျိုးသားများ ထက် အမျိုးသမီးများက လ္ဘက်ရည် သောက်နှုန်းအား ပိုများသည် ဟု သိရပါသည်။ ၁၈၆၀ လောက်မှစ၍ Iced tea သောက်သုံးမှု တစ်ခေတ်ဆန်း လာခဲ့ပါသည်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ မက္ကဆီကိုတွင် အရည်ရွှမ်းပြီး အနံ့ အရသာ ပြည့်စုံ သော လီမွန်သီးများ လှိုင်လှိုင်ပေါသဖြင့် နွေဦးရာသီ Lemon Iced Tea ဖက်ရှင်မှာ အထူးထင်ရှား လှပါသည်။ ဆွစ်ဇာလန် နိုင်ငံတွင်တော့ iced tea ထက် hot tea ကို အသောက် များကြပါသည်။

promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...