လက်ဖ၀ါးနုနု ပိုင်ရှင်ဖြစ်ဖို့

မိုရ်မိုရ် ( YUFEL)

အသားအရေ ထိန်းသိမ်းမှု အကြောင်း ပြောရင် ဆုံးနိုင်ဖွယ် မရှိပါဘူး။ ဒီတစ်ခါမှာလည်း လက်ဖ ၀ါးလေးတွေ နူးညံ့အောင် ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာ ပြောပြပါရစေ။ နူးညံ့တဲ့ လက်ဖ၀ါးတွေ ဆိုတာ ယောက်ျားတွေနဲ့ သိပ်မဆိုင်ပေမယ့် မိန်းကလေးတွေ အတွက်က အရေးပါတဲ့ ကိစ္စတစ် ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေက အိမ်အလုပ်တွေ လုပ်ရလို့ လက်ကြမ်းကောင်း ကြမ်းနေပါလိမ့်မယ်။ ဒါကြောင့် အောက်ပါ နည်းတွေထဲက တစ်မျိုးမျိုးကို စမ်းသပ်ကြည့်ပါ။

၁။ လက်ကို အစိုဓာတ်ပါတဲ့ ဆဲလ်အသေတွေကို ဂျီးချွတ် ဖယ်ရှားပေးနိုင်တဲ့ လက်ဆေးဆပ်ပြာ အဆီနဲ့ သာ ဆေးကြောပါ။

၂။ ပြောင်းမှုန့် စားပွဲတင်ဇွန်း ခြောက်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောပြီး လက်ဖ၀ါးကို လိမ်းပေးပါ။ ဒီနည်းက ဘာဘေးထွက် ဆိုးကျိုးမှ မရှိလို့ မကြာခဏ လုပ်ပေးနိုင်ပါတယ်။

၃။ ညအိပ်ရာ မ၀င်ခင် လက်ဖ၀ါးတွေကို ထောပတ်လိမ်းပြီး အိပ်ပါ။ လက်အိတ်စွပ်ပြီး အိပ်ဖို့တော့ မမေ့ပါနဲ့။ ဒီနည်းကို လက်ဖ၀ါး နူးညံ့လာတဲ့အထိ ညတိုင်း လုပ်ဆောင်ပါ။

၎။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း လေးဇွန်းကို သကြား ရောပြီး လက်ဖ၀ါးကို တစ်မိနစ် နှစ်မိနစ်လောက် ပွတ်လိမ်းပါ။ ပြီးနောက် ရေဆေးပါ။ သံလွင်ဆီက ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ အပြင် သဘာဝ အစိုဓာတ်ထိန်း အဆီလည်း ဖြစ်ပါတယ်။

၅။ နောက်တစ်နည်းက ပြောင်းမှုန့်နဲ့ သံလွင်ဆီကို အချိုးအစား မျှတစွာ ခပ်ပျစ်ပျစ်ရောပါ။ အဲဒီအရောနဲ့ လက်ဖ၀ါးကို လိမ်းကာ ခဏထားပြီး ရေဆေးပါ။

၆။ အာလူးတွေက လက်ဖ၀ါးရဲ့ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါ တယ်။ ဒါ့အပြင် အာလူးကို အသုံးပြုတာက သဘာဝနည်း ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး။ နည်းလမ်းကတော့ အာလူးကို ရေဆေးပြီး သေချာအခွံနွှာပါ။

အာလူးကိုခြစ်ပြီး လက်ဖ၀ါးကို ထပ်ခါ ထပ်ခါ ပွတ်တိုက်ပြီး လက်ဖ၀ါးမှာ မိနစ် (၂၀) မှ (၃၀) ကြာ ကပ် ထားပါ။ ပြီးရင် ရှောက်ရည်နဲ့ ဆေးကြောပါ။ ဒီနည်းကို မကြာခဏ လုပ်ပေးခြင်းဖြင့် လက်ဖ၀ါး နူးညံ့လာပါ လိမ့်မယ်။

၇။ အစိုဓာတ်ထိန်း ခရင်မ် (သို့) လိုးရှင်းလိမ်းပေးပါ။

Tips:

- Chemical ပါဝင်မှုနည်းသော သဘာဝ ဆပ်ပြာများနှင့်သာ လက်ဆေးပါ။

- အလွန်ပူသောရေဖြင့် ဆေးကြော ခြင်း မပြုပါနဲ့။

- ပန်းကန်ဆေးလျှင် ပန်းကန်ဆေး လက်အိတ်ဝတ်ပြီး ဆေးပါ။

- နေရောင်ကာခရင်မ် လိမ်းပေးပါ။

Ref: www.medindia.net

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...