အမျိုးသားတစ်ဦး ဝမ်းဗိုက်ထဲ ကြက်ဥပြုတ် ကဲ့သို့သော အလုံးကြီး တစ်ခုတွေ့ရှိ

အသက် ၆၂ နှစ်ရှိ အမျီုးသားတစ်ဦး ကိုယ်ထဲ ဧရာမ ကြက်ဥပြုတ် တစ်လုံးတွေ့ရှိ ခဲ့တယ်။ ဒီဥဟာ ဆီး အိမ်ပေါ် ဖိထားပြီး ဆီးခဏခဏ သွား ချင်အောင် ဖြစ်စေခဲ့ ပါတယ်။

ဆေးရုံသို့ သွားပြကာ နှစ် ၂၀ ကျော်ကြာ မကြာခဏ ဆီးသွား လိုချင်နေခဲ့တဲ့ အကြောင်း ညည်းညူ ပြောဆို ခဲ့ပြီးနောက် ဆရာဝန်တွေကနေ သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး ဆေးနမူနာတွေ ဓာတ်ခွဲခန်းပို့ စစ်ဆေးခဲ့ပေ မယ့် ဘာမှ မတွေ့ရှိခဲ့ ရပါဘူးတဲ့။

ဝမ်းဗိုက်ကို ကွန်ပျူတာ စကင်ဖတ်စစ်ကြည့်ရာမှာ ဆီးအိမ်ပေါ်ဖိနေတဲ့ အလုံးကြီးတစ်ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝမ်းဗိုက်ထဲ ကင်မရာတစ်လုံး ထိုးသွင်းပြီး အသေအချာ စူးစမ်းရှာဖွေကြည့်ရာမှာ အလုံးကြီးတစ်လုံး တွေ့ရှိ ခဲ့တာပါ။ အဲဒီအလုံးရဲ့ အလျား ၁၀ စင်တီမီတာနဲ့ အနံ ၇.၅ စင်တီမီတာ ရှိပြီး လိမ္မော်သီး အကြီးတစ်လုံး ထက် ပိုလေးကာ ၂၂၀ ဂရမ် ရှိတယ်လို့ ဆိုပါတယ်။

ဒီအလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ စုပေါင်းထားတဲ့ အရာလို့ ယူဆကြောင်း ဆရာဝန်တွေက ဆိုပါ တယ်။ အူမ အမှေးပါးထဲ ဗိုက်သားအိတ် အဆီတွေ လုံးထွေးနေတဲ့အခါ အမျှင်လေးတွေ စုစုပြီး အလုံး ကြီးဖြစ်လာကာ ထုံးဓာတ်ကြောင့် မာကျောလာတာလို့ ဆရာတွေက ယူဆထားပါတယ်။

ဒီလုံးကြီး ခွဲစိတ် ဖယ်ထုတ်ပြီး နောက်ပိုင်း ဆီးခဏခဏ သွားချင်တာတွေ မဖြစ်တော့ကြောင်း ယင်းအမျိုး သားက ပြောဆိုခဲ့တယ်။

Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...