ဆံပင်မဖြူအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ အစားအစာတွေ

ဆံပင်ဖြူတာဟာ ပုံမှန်အားဖြင့် အသက်အရွယ်နဲ့ ဆက်စပ်နေ တယ်ဆိုပေမယ့် စောစောစီးစီး ဆံပင်ဖြူတာ မဖြစ်ရလေအောင် အာဟာရပြည့်တဲ့ အစားအစာတွေ ဖြည့်စွက်စားပေးရင်းနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဗီတာမင် တွေ၊ သတ္တု ဓာတ်တွေပါတဲ့ ဆေးဝါးတွေ စားပေးရင်း ကာကွယ် တာမျိုးထက် ပုံမှန်စားနေတဲ့ အစားအစာတွေက လည်း ဆံပင် ဖြူတာ ကာကွယ်ပေးနိုင် တာမို့ ဘာတွေလဲ သိထားရအောင်လို့ ဖော်ပြပေး လိုက်ပါတယ်။

ဗီတာမင်စီအပြည့်အ၀ပါတဲ့ ဘယ်ရီသီးအမျိုးမျိုးဟာ အရေ ပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် အထောက် အကူပြုပါသတဲ့။ ဘယ်ရီသီးတွေမှာပါတဲ့ အာဟာရ ဓာတ်ဟာ ကော်လဂျင်ထုတ်လုပ် မှုကို တိုးစေ တာကြောင့် အသက် အရွယ်ကြီးရင့်မှုကို ကာကွယ်ပေး နိုင်ပါတယ်။

အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဘီ လည်း ကြွယ်ဝတာမို့ ဦးရေပြားကျန်းမာရေးအတွက် ထောက်ကူပါတယ်။ အစိမ်း ရောင်ဟင်းရွက်တွေမှာ ပါတဲ့ ဟော်မုန်းဓာတ်တစ်ခုကလည်း ဆံပင် မဖြူအောင် ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်စစ် နဲ့ ပရိုတိန်းဓာတ်တွေ ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးကလည်း ဆံသားကနေ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့ ကူညီပေးပါတယ်။

ကြေးနီဓာတ်ဟာဆိုရင် အ ရေပြားနဲ့ ဆံပင်မှာရှိတဲ့ အမည်း ရောင်ဒြပ်(မယ်လနင်) ထုတ်လုပ် မှု တိုး တက်စေတာကြောင့် ချော ကလက်လိုမျိုး အစားအစာတွေ က ဆံပင်နက်မှောင်ဖို့အတွက် ထောက်ကူ ပါတယ်။ ချောက လက်လိုမျိုးပဲ နောက်ထပ်စားသင့် တာတစ်ခုကတော့ အယ်လ်မွန် သီးပါ။ ကြေးနီ ဓာတ်ရော၊ ဗီတာ မင်အီးရော ပါဝင်တာကြောင့် အရေပြားကျန်းမာရေးသာမက လက်သည်း၊ ခြေသည်းနဲ့ ဆံပင် အတွက်ပါ ကောင်းကျိုးပြုပါ တယ်။

-Ref: healthdigezt.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...