ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် ပိုမသုံးမိကြစေဖို့

လွန်ခဲ့တဲ့ နှစ်အနည်းနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဟာ ကျွန်ုပ်တိုရဲ့နေ့ စဉ် ဘဝတွေမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုလို ဖြစ် လာပါတယ်။ မရှိမဖြစ် လိုအပ်ချက်က တဆင့် ဆေး စွဲသလိုစွဲလန်းတဲ့ အဆင့်အထိ ရောက်သွားခဲ့ ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေ အများကြီးဖြစ်စေနိုင်လို့  ဆိုရှယ်မီဒီယာတွေ ကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။

၁) အကြောင်းအရင်း နားလည်အောင်ကြိုးစားပါ။

ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅ နာရီလောက်ကြာအောင် Refresh ခဏခဏ လုပ်ပြီး အချိန်ပြည့် အသုံးပြုနေပါသလား။ ဒီလို အကျိုးမရှိတဲ့ လုပ်ရပ်တွေအတွက် အချိန်ကုန်နေ ရတဲ့ အကြောင်းအရင်းကို သင်သိပါသလား။ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆိုရှယ်မီဒီယာ ကို အသုံးပြုနေတာ မဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကို အမြဲမပြတ်ဝင်ရောက် ကြည့်ရှုနေ ရင်တော့ သင့်ရဲ့ မသိစိတ်က ဆိုရှယ်လ်မီဒီယာအပေါ် တဖြည်းဖြည်း စွဲလန်းနေမိသူဖြစ်လာနိုင်ပါတယ်။ ပထမဦးဆုံး သင်ဘာကြောင့် ဆိုရှယ်လ်နက်ဝေါ့ခ်ကို အသုံးပြုနေသလဲဆိုတဲ့ အကြောင်းအရာတွေကို နားလည်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုခုက သင့်စိတ်ထဲမှာ ထင်ကျန်တတ်စေပါသလား။ ဒီလိုဖြစ်ရခြင်းကတော့ ဆိုရှယ်မီဒီယာစွဲလန်းမှုတွေရဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သင်ရဲ့ စဉ်းစားတွေးခေါ် မှုများကို ပြောင်းလဲစေနိုင်ရုံသာမကပဲ နေ့စဉ်ဘ၀ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

၂) အချိန်သတ်မှတ်ထားပါ။

အင်တာနက် အသုံးပြုချိန်ကို သတ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် အလုပ်အချိန်နဲ့ မိသားစုအတွက် အချိန်တွေမှာ ဆိုရှယ်လ်မီဒီယာကို အသုံးများလေ့ ရှိကြပါတယ်။ ဒီလိုအလုပ်အချိန်တွေ၊ မိသားစုဝင်တွေ နဲ့ တွေ့ ဆုံနေချိန်မှာ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုနေခြင်းကို အချိန် အကန့် အသတ်နဲ့ ထားရှိပေးသင့် ပါတယ်။

၃) ဆိုရှယ်လ်နက်ဝေါခ် အသုံးပြုမယ့်အချိန်မှာ ဝါသနာပါတာ တစ်ခုခုကို အစားထိုးလုပ်ပါ။


ဆိုရှယ်လ် မီဒီယာအပေါ် အာရုံလွှဲချင်ရင် ၀ါသနာပါတဲ့ အားကစား တစ်ခုလုပ်ပြီး အာရုံလွှဲနိုင်အောင်ကြိုးစား ပါ။ စာဖတ်တာ ဝါသနာပါရင်တော့ စာအုပ်နဲ့ စာဖတ်ပါ။ အွန်လိုင်းပေါ်မှာ စာဖတ်မယ် ဆိုရင်တော့ ဆိုရှယ်လ်နက်ဝေါ့ခ် အားလုံးကို ပိတ်ထားပြီး ဖတ်သင့်ပါတယ်။ ဒီလိုဆိုရှယ်လ်နက်ဝေါခ်နေရာမှာ ဝါသနာပါတာ တစ်ခုခုကို အစားထိုးလိုက်တာကနေ့ စဉ်ဘဝ တိုးတက်ရေးအတွက် အလွန်အထောက် အကူဖြစ်စေပါတယ်။

၎) ဆိုရှယ်လ်မီဒီယာကို ဦးစားမပေးပါနဲ့ ။

ဆိုရှယ်လ်မီဒီယာကို ဘယ်တော့မှ ဦးစားမပေးသင့်ပါဘူး။ သင်ရဲ့ အလုပ်၊ မိသားစု နှင့် ကျန်းမာရေးတွေကို ဥပေက္ခာပြုပြီး ဆိုရှယ်လ် မီဒီယာကို ဦးစားပေးရင် အကျိုး ဆုတ်ယုတ် မှုတွေပဲ ဖြစ်လာနိုင်တာကြောင့် မလို့ ဆိုရှယ်လ် မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ဆိုရှယ်လ် မီဒီယာတွေကို အားလပ် ချိန်တွေမှာသာ ဖျော်ဖြေရေး တစ်ခုအနေနဲ့  အသုံးပြုသင့်ပါတယ်။

Ref:mensxp
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...