အောင်မြင်တဲ့ အမျိုးသမီးများရဲ့နောက်ကွယ်မှာ ဆူပူကြိမ်းမောင်းတက်တဲ့ မိခင်တွေ ရှိနေ

မိဘတွေက သားသမီးတွေကို ပုံမှန်ထက်ပိုပြီး ဆူပူ မာန်မဲတာဟာ ကောင်းတဲ့ အလေ့အထ မဟုတ်ဘူး လို့ အနောက်တိုင်းမှာ အများစုက လက်ခံထားကြ ပါတယ်။ ဒါပေမယ့်လည်း ဘဝမှာ အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့ နောက်ကွယ်မှာ ဆူပူမာန်မဲ တက်တဲ့ မိဘတွေ ရှိနေတယ် ဆိုတာ လေ့လာ ချက်တစ်ခုက ဖော်ထုတ် လိုက်ပါတယ်။

သားသမီးကို စည်းကမ်းတင်းကျပ်ပြီး ဆူပူအော်ငေါက်လေ့ရှိတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အရွယ်ရောက်ရင် သာမန် ကလေးငယ်တွေထက် ထူးချွန်ကာ လုပ်ငန်းခွင်မှာ အောင်မြင်လေ့ ရှိတာ ကိုတွေ့လိုက် ရတာဖြစ်ပါတယ်။ အထူးသဖြင့် သမီးမိန်းကလေးတွေကို စည်းကမ်း တင်းကျပ်စွာ အုပ်ချုပ်ခြင်း အားဖြင့် ငယ်ရွယ်စဉ်အခါမှာ ကိုယ်ဝန်ရသွားနိုင်တဲ့ ပြဿနာလည်း လျော့ပါးသွားစေသလို အရွယ်ရောက်တဲ့ အခါလည်း တော်ရုံဒုက္ခတွေကို ခံနိုင်ရည် ရှိသွားတယ်လို့ ဒီစစ်တမ်းက ဖော်ပြထားပါတယ်။

ဗြိတိန်မှာရှိတဲ့ အသက် ၁၃နှစ်၊ ၁၄ နှစ်အရွယ် ကျောင်းသူပေါင်း ၁၅၅၀၀ လောက်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း လေ့လာ စစ်တမ်းကောက်ယူ ထားခဲ့တာဖြစ်ပါတယ်။ ‘‘ ကလေးငယ်တွေ(အထူးသဖြင့် မိန်းကလေးများ) ရဲ့ဘဝနေထိုင်ခဲ့ရမှု ပုံစံကိုလိုက်ပြီး ပညာရေး သင်ယူနိုင်မှုကို ပေါင်းစပ်လေ့လာ လိုက်တဲ့ အခါ ဆန္ဒပြင်းပြမှုနဲ့ ယုံကြည်မှုတွေဟာ မိဘတွေဆီက အဓိက စီးဆင်းလာတယ်ဆိုတာ တွေ့ရပါတယ်။ အဓိကအကျဆုံး ပုဂ္ဂိုလ်တွေကတော့ မိခင်တွေပါပဲ’’ လို့ သုတေသနပညာရှင် အဲရစ်ခ်ရာမီရက်ဇ် က ပြောခဲ့ပါတယ်။

Planet Myanmar News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...