ကမ္ဘာ့နည်းပညာ ဆာလောင်မွတ်သိပ်မှု ကြောင့် ဖြစ်ပေါ်လာသော အဆိပ်ကန်ကြီး

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

မွန်ဂိုးလီးယားနိုင်ငံရဲ့  အတွင်းကျကျချောင် တစ်နေ ရာမှာ အဆိပ်ကန်ကြီး တစ်ကန် ရှိပါတယ်။ တစ် ကမ္ဘာလုံး က သုံးနေတဲ့ စမတ်ဖုန်း၊ အီလက် ထရွန်းနစ် ပစ္စည်းတွေနဲ့  အခုနောက်ပိုင်း ခေတ်စား လာတဲ့ ၀တ်ဆင်နိုင်တဲ့ နည်းပညာ အပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးလို့  ပြောနေကြတဲ့ စိမ်းလန်း နည်းပညာတွေကနေ ထွက်ပေါ်လာတဲ့ အဆိပ်သင့်ဓါတုစွန့် ပစ်ရေတွေ ဒီကန်ကြီးထဲ စုနေတာပါ။

မြို့ တစ်မြို့ စာလောက်ရှိတဲ့ Baogang Steel and Rare Earth ဘောင်ဂန် စတီးနှင့် ရှားပါးသတ္တု သန့် စင် စက်ရုံ ကြီးက မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို အပြည့်နေရာယူထားပါတယ်။ ကောင်းကင်ယံကို စိတ်ကြိုက် ပုံသွင်းနေ တာ က တော့ မိုးထိအောင်မြင့်မားနေတဲ့ အအေးခံ အဆောက်အဦးမြင့် တွေရယ်၊ မီးခိုးတလူလူ ထွက်နေတဲ့ ခေါင်း တိုင်တွေ ရယ် ပါပဲ။ ဒီမြို့ တစ်မြို့ စာ စက်ရုံကြီးရဲ့  နောက်ဖက်တစ်ခြမ်း လုံး မှာတော့ နောက်ထပ်မြို့ တစ်မြို့ စာ လောက် ရှိတဲ့ ကန်ကြီးတစ်ကန် ရှိပါတယ်။

ဒီကန်ထဲမှာရှိနေတာ ရေတွေတော့မဟုတ်ပါဘူး။ မည်းနက်ချွဲကျိ နံစော် နေတဲ့ အဆိပ်သင့်စွန့် ပစ်ဓါတု အညစ်အကြေးတွေသာ ဖြစ်ပါတယ်။ ဒီကန်ကြီးထဲကို အညစ်အကြေးရေတွေက ပိုက်ပေါင်း ဒါဇင်ပေါင်း များစွာကနေ စီးဝင်နေပါတယ်။ ကန်ပတ်ပတ်လည် က သန့် စင်စက်ရုံတွေကနေ ဂျိမ်းခနဲရေဆိုး တံခါးဖွင့် လိုက်သံ၊ ဒီရေဆိုးတွေ ပိုက်လုံးကြီးတွေထဲကနေ ဝေါခနဲစီးလာ သံ၊ ရေကန်ကြီးထဲကို ပွက်ခနဲ၊ပွက်ခနဲ ကျသွားသံ၊ ထောင်းခနဲထွက်လာတဲ့ ဆာလဖာအဆိပ်ငွေ့ အနံ့ တွေဟာ တစ် ကယ်ပဲ ငရဲပြည်ရောက်နေ သလို ခံစားရပါတယ်။

ဒါဟာ အရှေ့ တောင်အာရှရဲ့  နိုင်ငံငယ်လေးတစ်ခုသာဖြစ်တဲ့ မွန်ဂိုလီးယားနိုင်ငံထဲက ဘောင်တို စက်မှုမြို့ တစ်မြို့  သာ ရှိပါသေးတယ်။ ဘောင်တိုဟာ မွန်ဂိုလီးယားမှာတော့ အကြီးဆုံးစက်မှုမြို့ ကြီးပေါ့။ တစ်နိုင်ငံလုံးမှာ ဖြန့် ချိ ရောင်းချနေတဲ့ စမတ်ဖုန်းနဲ့ အခြားဝတ်ဆင်နိုင်သော နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ဖို့  တရုတ်နိုင်ငံက ဒီ မြို့ မှာလာပြီး သူ့ ကုန်ကြမ်းတွေကို ကုန်ချောပြင်ပါတယ်။ ဒီကုန်ချောပြင်ဖို့ မြို့  တစ်မြို့  စာလောက်ကြီးတဲ့ ဘောင် ဂန် စတီးနှင့်ရှားပါးသတ္တု သန့် စင်စက်ရုံ ကနေ အခုလိုပဲ မယုံနိုင်လောက်တဲ့ ဓါတုစွန့် ပစ်ရေတွေ စွန့် ထုတ်နေတာပဲ ဖြစ်ပါတယ်။

ဘောင်တိုမြို့ အကြောင်း ကြားဖူးမယ့်သူ ခပ်ရှားရှားပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ စမတ်ဖုန်း ကနေ အီ လက်ထရွန်းနစ်ပစ္စည်းတွေအားလုံးအတွက် လိုအပ်တဲ့ကုန်ကြမ်းကို အကြီးဆုံး၊အများဆုံး သန့် စင်ပေးနေတဲ့ စက်မှု မြို့ ကြီးဖြစ်ပါတယ်။ ဒီစက်မှုမြို့ ကြီးရဲ့  အဆိပ်ကန်ကြီးဟာ တစ်ကမ္ဘာလုံးရဲ့  နည်းပညာဆာလောင်မှုကြောင့် ဖြစ် လာတာလို့ ပြောရင် မှားမယ်မထင်ပါဘူး။

အီလက်ထရွန်းနစ်ပစ္စည်းတိုင်းမှာ မရှိ၊မဖြစ်လိုအပ်တဲ့ သံလိုက် တစ်မျိုးတည်းကိုပဲ စဉ်းစားကြည့်ရအောင်။ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့သံလိုက်လိုအပ်ချက်ရဲ့  ၉၅ ရာခိုင်နှူန်းကို တရုတ်တစ်နိုင်ငံတည်းက ဖြည့်ဆည်းခဲ့ ပါတယ်။ အဲဒီ ၉၅ ရာခိုင်နှူန်းသော တရုတ်သံလိုက်ထုတ်လုပ်မှုရဲ့  ၇၅ ရာခိုင်နှူန်းသောကုန်ကြမ်း ကို ဘောင်တိုမြို့ ရဲ့  မြောက်ဖက် က ဘရမ်းအိုဘို သတ္တုတွင်းကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကြီးမား တဲ့ အောင်မြင်မှုပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ စီးပွားရေးလောကမှာ ပြိုင်ဖက်ကင်းနေရခြင်းကိုက ရှားပါးသတ္တုတွေကို အများဆုံးနဲ့ အမြန် ဆုံး ပိုင်ဆိုင် သန့် စင် ရောင်းဝယ် အသုံးပြုနိုင်လို့ ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် ပံ့ပိုးပေးနေတာကတော့ မွန် ဂိုးလီးယားနိုင်ငံထဲက ဘောင်တိုမြို့ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့  လျှို့ ဝှက်စီးပွားရေးခံတပ်မြို့ ကြီးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိပ်ကန်တွေ၊ လျှို့ ဝှက်ခံတပ်တွေ၊ သတ္တုတွင်းတွေ ကိုတွေ့ လို့  ဘောင်တိုမြို့ ဟာ လူသူ ကင်းမဲ့နေ တဲ့ တစ္ဆေမြို့ လို့ တော့ မထင်လိုက်ပါနဲ့ ။ ၁၉၅၀ မှာ လူဦးရေ ၉၇၀၀၀ ပဲရှိခဲ့တဲ့မြို့ မှာ အခု ဆိုရင် မြို့ နေလူထုဦးရေ ၂သန်းခွဲ အနဲဆုံးရှိပါတယ်။ ဒီတော့ ဘောင်တို ဘာဖြစ်နေလဲ။ တရုတ်အတွက် သတ္တုသန့် စင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပေးနေရပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်အခြေ အနေ၊ အဆမတန် များလာနေတဲ့ လူဦးရေ၊ ဒီလူဦးရေနဲ့  မကိုက်ညီတော့တဲ့ မြို့ ပြစနစ်၊ အစရှိတာတွေဟာ ညှိမရဘဲ အပြိုင်အစွန်း ထွက်နေတဲ့ ပြဿနာတွေ ဖြစ်လို့ လာနေပါပြီ။

သတ္တုသန့် စင် လုပ်ငန်းအတွက် တစ်မြို့ လုံးအနှံ့  မီးကြိုး၊ဖုန်းကြိုးတွေ သွယ်တန်းထားသလိုပဲ ဧရာမရေဆိုး ထုတ်ပိုက်တွေကို သွယ်တန်းထားပါတယ်။ လမ်းအောက်မှာ၊ လမ်းဘေးမှာ၊ လမ်းပေါ်မှာ၊ တံတားနဲ့ ယှဉ် လျက် ဘယ်နေရာကိုကြည့် ကြည့် ရေဆိုးထုတ်ပိုက်တွေ ရှိနေပါတယ်။ လမ်းတွေပေါ်မှာ စက်ရုံအလုပ် ရုံပေါင်းမြောက်များစွာအတွက် ဒီဇယ်နဲ့  ကျောက်မီးသွေးသယ်ယာဉ်ကြီးတွေဟာ ၂၄ နာရီပတ်လုံး ဥဒဟို ပြေးလွှားနေပါတယ်။

ဒီမြို့ ကြီးဆက်လက်ရှင်သန်နိုင်ခြင်း ရှိ၊မရှိ၊ ဖော်ပြခဲ့တဲ့ အဆိပ်ကန်ကြီးရဲ့  ကမ္ဘာ့မြေအောက်ရေနဲ့ ဂေဟ စနစ်ကို ဒုက္ခပေးနိုင်မယ့် အဖျက်စွမ်းအား၊ အဲဒီမြို့ ရဲ့ လေထုညစ်ညမ်းမှုနှူန်း၊ ဘာကြောင့် တရုတ်နိုင်ငံက မွန်ဂိုလီးယား ထဲမှာ ဒီလို သန့် စင်စက်ရုံကြီးတွေ တည်ဆောက်အသုံးပြုတာလဲ ဆိုတာတွေကို မတွေးခင်၊ မမေးခင်၊ မဖြေခင်မှာ ကျွန်တော်တို့ လက်နဲ့ မကွာ ဆောင်ထားကြတဲ့ စမတ်ဖုန်းတွေ ရဲ့ နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ အဆိပ်ကန်ကြီး တွေ ဖြစ်ပေါ်နေတယ်ဆိုတာကို အသိ၊သတိရှိကြဖို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...