အိပ်မပျော်သူများအတွက် သဘာဝဆေးနည်း

နှလုံး အားနည်းသောရောဂါ အခံရှိပြီး အိပ်မပျော်သူ များအတွက် သဘာဝ ဆေးနည်းကောင်းလေးကို ညွန်ပေး လိုက်ပါတယ်။

ဆေးနည်း-

(၁) ဇာတိပ္ဖိုလ်သီးအခြောက်ကို အမှုန့်ကြိတ်၍ အဖုံးလုံသော ပုလင်းထဲကို သေချာစွာ ထည့်ထားပါ။

(၂) ညစာစားပြီး တစ်နာရီခန့် ခွါ၍ နွားနို့ ခပ်နွေးနွေး တစ်ခွက်ထဲသို့ ဇာတိပ္ဖိုလ်အမှုန့်ကို ဇီးသီးတစ်လုံး ခန့် ထည့်၍ သောက်ပါ။

(၃) နွားနို့မရပါက ပျားရည်နှင့်အတူ သောက်ပါ။

(၄) အိပ်ယာမ၀င်ခင် အကြောလျှော့ပြီးမှ အိပ်ယာဝင်ပါ။

(၅) နံနက်ပိုင်းမှာ ချွေးထွက်စေရန် လမ်းပုံမှန် လျှောက်ပေးပါ။

ဇာတိပ္ဖိုလ်သီးနှင့် အမှုန့်ကြိတ်ပြီးသားကို ပရဆေးဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

တစ်လခန့် ပုံမှန်သောက်ပေးလျှင် နှလုံးအားကောင်းလာပြီး စားဝင်အိပ်ပျော်စေပါမည်။ တစ်နေ့ကို ၆ နာရီခန့် အိပ်ပျော်လာနိုင်လျှင် ဆေးကို ထပ်မသောက်ပဲ ရပ်ထားနိုင်ပါသည်။

လူသားတိုင်း စားဝင်အိပ်ပျော်၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Warazein Min (မြန်မာတို့အတွက်ဆေးမြီးတိုများ)

ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...