ဆေးယဉ်ပါး ဘက်တီးရီးယားများကြောင့် ကူးစက်ရောဂါဆိုးများ ဖြစ်လာနိုင်ကာ လူ ၈ သောင်းထက်မနဲ သေဆုံးနိုင်

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

လာမည့်နှစ်ပေါင်း ၂၀ အတွင်း ဆေးယဉ်ပါး ဘက်တီး ရီးယားများကြောင့် ကူးစက်ရောဂါဆိုး များဖြစ်ပွားနိုင်ပြီး လူပေါင်း ၈ သောင်းထက်မနဲ သေဆုံးနိုင်သည့် ကပ်ရောဂါဆိုးများ ဖြစ်ပွားလာနိုင်ကြောင်း ယူကေ သုတေသီများက သတင်းထုတ်ပြန်သည်။

ဆေးရုံဆေးခန်းတွေမှာ လူနာတွေကို လာကြည့်တဲ့ လူနာရှင်နဲ့ ဧည့်သည်တွေကို ဆေးယဉ်ပါး ဘက်တီးရီးယား အများအပြား ကူးစက်ပါတယ်။ ဒီကူးစက်မှုတွေကနေ ကပ်ရောဂါဆိုးကြီး ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် သွေးနဲ့  ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပါလိမ့်မယ်။ လူပေါင်း ၂ သိန်း ထက်မနဲ ရောဂါကူးစက်ခံရနိုင်ပြီး အဲဒီအထဲက ၈ သောင်း ကျော် သေဆုံးနိုင်ပါတယ်ဟု ယူကေနိုင်ငံ အရပ်ဖက်အရေးပေါ် အခြေအနေဆိုင်ရာ အန္တရယ်များ မှတ်တမ်းတင် ဌာနမှ သုတေသီတစ်ဦးက ရှင်းပြသည်။

ပဋိဇီဝဆေးယဉ်ပါး ဘက်တီးရီးယားတွေ အခုထက်ပိုပြီး ပြန့် နှံ့ သွားပြီဆိုရင် လူသားတွေအတွက် အဲဒီပဋိဇီဝဆေး တွေကိုယ်တိုင်က အန္တရယ်ရှိတဲ့ဆေးဝါးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ ကူးစက်ရောဂါမှန်သမျှကို ကုသဖို့  ဆေးဝါး မရှိတော့ဘဲ သေဆုံးမှုနှူန်း အလွန်မြင့်မား လာနိုင်ပါတယ်။ ဒီပြဿနာကို လာမယ့် အနှစ် ၂၀ အတွင်းမှာ မျက်ဝါးထင်ထင် ကြုံတွေ့ ရတော့မှာ ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

ထိရောက်သော ပဋိဇီဝဆေးမရှိလျင် အသေးစားခွဲစိပ်မှုကိုပင် ပြုလုပ်လျှင် အသက်အန္တရယ်ရှိနိုင်ပြီး အသက်မသေ ဆုံးလျှင်လည်း အနာကျက်ရန် အချိန်အလွန်ကြာမြင့်နိုင်ကာ အခြားအခြားသော ရောဂါမျိုးစုံ ကူးစက်မှုကို ခံစားရနိုင် သေးကြောင်း၊ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း ခွဲစိပ်ကုသမှု၊ အစာအိမ်ခွဲစိပ်မှု၊ ကင်ဆာကုသမှု အစရှိသော အကြီးစား ကုသမှုများသည်လည်း ဘေးကင်းတော့မည် မဟုတ်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ဆေးယဉ်ပါး ဘက်တီးရီးယားတွေကြောင့် ကူးစက်မှုတွေ အခုထက် ပိုဆိုးလာပြီဆိုရင် သွေးနဲ့ ပါတ်သက်တဲ့ ကူးစက် ရောဂါတွေ အရင်ဆုံး ဖြစ်မှာပါ။ လူ ၂သိန်းကို ကူးစက်တယ်ဆိုရင် အယောက် ၅ သောင်းလောက် ကတော့ သေဆုံး နိုင်ပါတယ်ဟု ဆေးယဉ်ပါး ဘက်တီးရီးယားကိစ္စ စာတမ်းပြုစုနေသူ သုတေသီတစ်ဦးက ပြောပြသည်။

ထို့ ကြောင့် ဆေးယဉ်ပါး ဘက်တီးရီးယားပြဿနာ ကမ္ဘာသို့ မကူးစက်မှီ အချိန်မှီ ကာကွယ် ထိန်းချုပ်နိုင်ရန် ယူကေ အစိုးရကလည်း ဘက်ပေါင်းစုံမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...