ကမ္ဘာ့စားနပ်ရိက္ခာ ဘေးမကင်းသည့် စံချိန်မြင့်မားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆို

သမန်းကျား၊ ရတနာပုံနေ့ စဉ်

ကမ္ဘာ တ၀န်းတွင် ပိုးမွှားစွဲကပ်နေသော အစား အစာများကို စားမိခြင်းကြောင့် နှစ်စဉ်လူပေါင်း ဘီလီယံ တစ်ဝက် ခန့်  ဖျားနာနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က သတိပေးချက် ထုတ်ပြန်လိုက် သည်။

၂၀၁၀ ခုနှစ်တွင် မသန့် ရှင်းသော အစားအစာများကြောင့် လူ ၃၅၁၀၀၀ ဦး သေဆုံး ခဲ့ရကြောင်း၊ မသန့်  ရှင်းသော အစာအစာများတွင် အသားမကျက်တကျက် စားသောက်ခြင်း တစ်ခုတည်းကြောင့်ပင် သာမန် ဖျားနာမှုမှသည် ကာလ၀မ်းရောဂါမှ ကင်ဆာရောဂါအထိ ဝေဒနာဖျားနာရောဂါ အမျိုးပေါင်း ၂၀၀ ခန့်  ဖြစ် နိုင်ကြောင်း သိရသည်။

အခုနောက်ပိုင်း အစားအစာ ထုတ်လုပ်တဲ့ ပုံစံကိုကာ ပိုးမွှားမျိုးစုံနဲ့  လူကိုအန္တရယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်း မျိုးစုံ အလွယ်တကူပါအောင် တမင်တကာလုပ်သလို ဖြစ်နေပါတယ်။ မသန့် ရှင်းတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်၊ ကပ်ပါးကောင်နဲ့  ဓါတုပစ္စည်းမျိုးစုံ ပါနေတာကို တွေ့ ရပါတယ်။ ထိပ်တန်းတရား ခံတွေကတော့ ကောင်း ကောင်း မကျက်သေးတဲ့ အသားတွေ၊ မစင်မျိုးစုံနဲ့ ညစ်ညမ်းနေတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေ၊ ရေအောက် အဆိပ်တွေ ခန္ဓာကိုယ်ထဲရောက်နေတဲ့ ပုစွန်၊ဂဏန်း၊ ငါးတွေ ဖြစ်ပါ တယ်ဟု ကျွမ်းကျင်သူတစ်ဦး က ဆိုသည်။

ထမင်းတစ်ပန်းကန်ထဲမှာ နိုင်ငံပေါင်းစုံက အစားအစာတွေ ပါရှိနေနိုင်တဲ့အတွက် မသန့် ရှင်းတဲ့ အစားအစာ ကို ထိန်းချုပ်ဖို့ ဆိုတာ အတော်လေးခက်ခဲနေပါတယ်။ ရပ်ကွက်တစ်ခုက လမ်းသွယ်လေးက ထုတ်လုပ် လိုက်တဲ့ မုန့်  ထုပ်ကလေးဟာ နိုင်ငံတကာပြဿနာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

အစားအသောက်ထုတ်လုပ်ရေးဆိုတာ စက်မှုလုပ်ငန်းကြီး ဖြစ်လာပါပြီ။ ဈေးကွက်ကလည်း နိုင်ငံတကာဈေး ကွက်ရှိတာပါ။ တစ်နေရာကနေ တစ်နေရာ ပို့  နေတာနဲ့ ပဲ ဒီအစားအစာတွေမှာ ဗိုင်းရပ်၊ ဘက်တီးရီးယား၊ ပိုးမွှား၊ ဓါတုပစ္စည်း မျိုးစုံပါလာတာဖြစ်တဲ့အတွက် ဒီနေ့  လူသားတွေအဖို့  အစားအစာကနေ ရောဂါ မျိုးစုံဖြစ်ပွားမှု နှူန်းဟာလည်း ကြောက်ခမန်းလိလိ တိုးလာနေခြင်းပဲ ဖြစ် ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

မသန့် ရှင်းသော အစားအစာများကြောင့် နိုရိုဗိုင်းရပ်ကူးစက်ကာ သေဆုံးမှုအများဆုံးဖြစ်ပြီး အာဖရိကနှင့် အရှေ့  တောင်အာရှတို့ တွင် သေဆုံးမှုနှူန်း အများဆုံးရှိနေကာ သေဆုံးသူများ၏ ၄၀ ရာခိုင်နှူန်းမှာ အသက် ၅ နှစ်အောက် ကလေးငယ် များဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...