သွားဖြူဖွေးလိုသူများ ဆောင်ရန်၊ ရှောင်ရန်များ

သမန်းကျား၊ ရတနာပုံနေ့ စဉ်

သွားဖြူလိုသူများ၊ သွားအရောင် တူညီလိုသူများ၊ သွားများတွင်ဖြစ်ပေါ်တတ်သော အစင်းကြောင်းများ ကို ဖျောက်ပစ် ချင်သူများသည် ပလုတ်ကျင်းရည်၊ သွားတိုက်ဂျယ်၊ သွားတိုက်ဆေး၊ အရောင် ချွတ်ဆေး အမျိုးမျိုးကို အသုံးပြုတတ် ကြရာဝယ် အကျိုးသက်ရောက်မှု ရှိသော်လည်း ဖြူဖွေး လှ ပသော သွားများကို ရေရှည်ပိုင်ဆိုင် လိုသူများ အနေဖြင့် စောင့်ထိန်း လိုက်နာသင့်သော ဆောင်ရန်ရှောင်ရန်များကို သုတေသီများက ဖော်ပြထားသည်။

သွားအရောင်ညီအောင် အသုံးပြုရ တဲ့ဆေးတွေမှာ ဟိုက်ဒရိုဂျင်ပါရောဆိုက် ပမာဏများများလေး ပါပါတယ်။ အသုံး ပြုသူတွေမှာ သွားကျင်တာ၊ သွားဖုံးယောင်တာဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ သွားအစွန်း ချွတ် တဲ့ဆေးတွေကို ပိုသုံးလို့  ပိုပြီးပြောင်တာ မဟုတ်ပါဘူး။ ၂ရက်ပဲသုံးရမယ့် အစွန်းချွတ်ဆေးကို ၁ပတ်သုံး လို့ လည်း ပိုပြီးထူးလာမှာ မဟုတ်ပေမယ့် သွားကိုထိခိုက်မှုပဲ ပိုလာမှာဖြစ်ပါတယ်။

အချို့ သွားစိုက်ဆရာဝန်တွေက အပူတို့  လေဆာတို့ ကို အသုံးပြုပြီး သွားကို အရောင်ချွတ်ကြပါတယ်။ ဒီနည်းစနစ်က သွားရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ ပါလ်ပယ် တစ်ရှူးကို ထိခိုက်စေပြီး သွားအမြစ်ကိုပါ ပျက်စီးစေ ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

အပူဓါတ်၊ လေဆာရောင်ခြည် အစရှိသည် တို့ သည် သွားကို အရည်ခမ်းခြောက်စေပြီး အရောင်အားဖြင့် ပိုဖြူစေ သော်လည်း သွားအဖို့  သဘာဝအတိုင်း ပြန်လည် စိုစွတ်နိုင်ရန် ရက်သတ္တပေါင်းမြောက်များစွာ ကြာမြင့်လေ့ရှိပြီး သွားအရောင် အနည်းငယ်ညစ်သွားလျင် သွားတွင် အရည်ဓါတ်ပြည်လည်ပြည့်ဖြိုး လာသည့် သာဓကဖြစ်ကြောင်း သိရသည်။

တစ်ကယ်တော့ လေဆာရောင်ခြည်ဟာ သွားကို ဘာမှမပြောင်းလဲစေပါဘူး။ ဒါပေမယ့် နောက်ကွယ် က ဈေးကွက် မြှင့်တင်ရေးလှုပ်ရှားမှုက အားပါလွန်းလေတော့ လူတွေက လေဆာရောင်ခြည်နဲ့ မှ ဆိုတာ လိုမျိုးဖြစ်ကုန်ပါတယ်။ သွားကို အစွန်းမချွတ်ခင်မှာ သွားဖာထားသလား၊ သွားအစွပ်တပ်ထားသလား ဆိုတာ သေသေချာချာ စစ်ဆေးဖို့  လိုအပ်ပါတယ်။ လေဆာရောင်ခြည်ကြောင့် ဒီသွားဖာထားတာ၊ အစွပ် တပ်ထားတာတွေ ဖောင်းပွသွားနိုင်ပြီး ကာယကံရှင်မှာ အလွတ်ဆိုးရွားစွာ ခံစားရနိုင်ပါတယ်ဟု ယင်း သုတေသီက ဆက်လက်ပြောပြသည်။

ထို့ ကြောင့် သွားဖြူဖွေးလို သူများသည် အပူပေးကုထုံး၊ လေဆာကုထုံး အစရှိသည်တို့ ကို အရမ်းကာရော မခံယူ သေးဘဲ သေချာစွာလေ့လာရန် လိုအပ်ပြိး ၀ိုင်၊ကော်ဖီ၊ကိုလာ၊ဆေးလိပ် အစရှိသည်တို့ ကလည်း သွားအရောင်ကို ညစ်စေသည်ကို ဂရုပြုကာ အသက်အရွယ်ကြောင့် သွားကြွေလွှာပျက်စီးပြီး သွားအရောင် ၀ါလာလေ့ ရှိသည်ကို လည်း သဘာဝအတိုင်းလက်ခံခြင်းဖြင့် သွားအရောင် ဖြူခြင်း မဖြူခြင်းထက် သွား ကျန်းမာရေးကိုသာ ပို၍ အာရုံ စိုက်သင့်ကြောင်း သုတေသီများက တိုက်တွန်းထားသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...