အောင်မြင်သူများ အစစအရာရာ ကိုယ်တိုင် မလုပ်ကြပါ

သမန်းကျား၊ ရတနာပုံနေ့ စဉ်။

သင် မန်နေဂျာကောင်း တစ်ယောက် ဖြစ်ဖို့  လိုအပ်ပါ တယ်။ ဒီလိုပြောလိုက်လို့  ကုမ္ပဏီ တစ်ခုကိုပြေးပြီး မန်နေဂျာ ရာထူးကို လျှောက်ဖို့ ပြောတာ မဟုတ်ပါဘူး။ စီမံခန့် ခွဲမှု (Management) ကောင်းသူ တစ်ဦး ဖြစ်ဖို့ လိုတယ်လို့  ပြောတာပါ။

စီမံခန့် ခွဲမှုကောင်းတယ် ဆိုတာ ကိုယ်စားလှယ်လွဲနည်း အတတ်ပညာကို ကောင်းစွာ တတ်မြောက် ထားခြင်းပဲ ဖြစ်ပါတယ်။ 

လူအတော်များများ ဟာ ကိုယ်စားလှယ် မလွဲချင်ကြပါဘူး။ သူတို့ ကိုယ်တိုင်ပဲ လုပ်ချင်ကြပါတယ်။ ဒါပေမယ့်
အိမ် ထောင်ရှင်မ တစ်ဦးဟာ စီမံခန့် ခွဲမှု ကောင်းရမှာဖြစ်သလို အိမ်ထောင်ရှင်ကလည်း စီမံခန့် ခွဲမှု တော်ရမှာပဲ ဖြစ်ပါ တယ်။ လုပ်ငန်းရှင်တစ်ဦးဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ၊ ကျောင်းသားဖြစ်စေ၊ အပျော်ခရီးထွက်သည်ဖြစ်စေ စီမံခန့်  ခွဲမှု မကောင်းဘူးဆိုရင် အရည်အသွေးပြည့်ဝတဲ့ ပြီိးမြောက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အရည်အသွေးပြည့်ဝ အောင် ဆောင်ရွက်ဖို့ တာဝန်ကို လူတစ်ဦးတစ်ယောက်ရဲ့  လက်သီးဆုပ်ငယ်ငယ်လေးထဲမှာပဲ လှောင်ပိတ်မထား ဘဲ ပတ်သက်သူအားလုံးက လိုအပ်သလို ၀ိုင်းပြီးမြင့်တင်ပေးနိုင်မယ့် လွတ်လပ်ပွင့်လင်းတဲ့ တာဝန်ဖြစ်ဖို့  လိုအပ် ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူကို ကိုယ်စားလှယ် လွဲပေးရပါမယ်။

ဒီတော့ ပထမဆုံး လိုက်နာရမှာကတော့ အစစအရာရာကို ကိုယ်တိုင် မလုပ်ပါနဲ့ ။

ကျွန်တော် ညလုံးပေါက် အလုပ်လုပ်နေခဲ့ရတာ ၁၀ စုနှစ်တစ်စုလောက်တော့ ရှိနေပါပြီ။ ကျွန်တော်တင်ပြရတဲ့ လုပ်ငန်းစီမံချက်အဆိုပြုလွှာတွေက စာမျက်နှာ ၄၀၀ လောက်ရှိတတ်ပါတယ်။ ဒါတွေကို ရေးလိုက်၊ ပြန်တည်းဖြတ် လိုက်နဲ့  မနက် ၃နာရီခွဲလောက် ထိုးထိုးသွားတာ ညတိုင်းပါပဲ။ ဒီအလုပ်ဟာ အရေးကြီးတဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော် ဘယ်သူ့ ကိုမှလဲ မလွဲချင်ပါဘူး။ လွဲလည်းမလွဲရခဲ့ပါဘူးလို့  ကနေဒါနိုင်ငံ တိုရွန်တို အခြေစိုက် Spectrum ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစုရဲ့  အမှုဆောင်အရာရှိဖြစ်သူ Lord က ပြောပြပါတယ်။

မှန်ပါတယ်။ အချို့ ကိစ္စတွေဟာ ကုမ္ပဏီ၊ ရုံး၊ လုပ်ငန်း တစ်ခုလုံးအတွက် အလွန်အရေးကြီးတဲ့ကိစ္စမို့  အကြီးအကဲ ကိုယ်တိုင်ပဲ ကိုင်တွယ်ပြီး ဘယ်သူ့ ကိုမှ တာဝန်မပေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်က ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်တိုင်းကျတာ ဆိုတဲ့ စကားကိုပြောပြီး အစစ အရာရာ ကိုယ်တိုင်လုပ်ချင်သူတွေ ရှိပါတယ်။ သူများတွေလုပ်ရင် သူ့ လောက်မကောင်းဘူးလို့ ဘဲ ခံစားနေရတတ်ကြပါတယ်။ ကားမောင်းကျင်လည်သူဟာ ကားကိုဘယ်သူမောင်း မောင်း စိတ်တိုင်းမကျသလိုပေါ့။ ဒီတော့ ကိုယ်ကိုယ်တိုင်ပဲ မောင်းနေမယ်ဆိုရင် တစ်ကြိမ်မှာ ကားတစ်စီးပဲ မောင်း နိုင်ပြီး တစ်သက်လုံး ကားပဲမောင်းနေရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်လိုပဲ ကားမောင်းကျင်လည်သူတွေကို မွေးထုတ် ပေးနိုင်မယ်ဆိုရင် သင်ဟာ ကားအစီးရေအမြောက်အများနဲ့  လုပ်ငန်းကြီးကြီးတစ်ခုကို လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ခိုင်းပေးပါ။ လေ့ကျင့်ပေးပါ။ သူတို့ လုပ်တတ်လာအောင် ခိုင်းပေးပါ။ လေ့ကျင့်ပေးပါ။ ဒီလိုလုပ်တဲ့ အတွက် အချိန်နဲ့  သူတို့ အမှားတွေကြောင့် ပေးဆပ်ရတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် နောက်ပိုင်း သူတို့ လုပ်တတ် သွားတဲ့ အကျိုး ကျေးဇူးကြောင့် ရလာမယ့် အကျိုးတွေက ပိုသာနေပါလိမ့်မယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံ စတင်းဖို့ ဒ်တက္ကသိုလ်ရဲ့  ၂၀၁၃ စစ်တမ်းကောက်ယူချက်အရ ကမ္ဘာကျော်ကုမ္ပဏီတွေရဲ့  အမှုဆောင်အရာရှိတွေထဲကကို ၃၅ ရာခိုင်နှူန်း လောက်က ကိုယ်စားလှယ်လွဲတဲ့စနစ်ကို လေ့လာမြင့်တင်ဖို့ လို အပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတယ်လို့  ၀န်ခံ ခဲ့ကြတယ်လို့  ဖော်ပြထားပါတယ်။ ၃၇ ရာခိုင်နှူန်းလောက် က သင်တန်းတွေ အကြိမ်ကြိမ်တက်ဖူးခဲ့ကြပါတယ်။ ဒီတော့ ငါလုပ်မှဖြစ်မယ် ဆိုတဲ့စိတ်ကို ငါခိုင်းပေးပြီး သူတို့  လုပ်တတ်လာမှ ပိုပြီးတိုးတက်ကြီးပွားမယ် လို့  ပြင်ဆင် တွေးခေါ် လိုက်နာကျင့်ကြံသင့်ပါတယ် အရီဇိုးနား တက္ကသိုလ် ရဲ့  စီးပွားရေးနှင့်စီမံခန့် ခွဲရေးနည်းပညာဌာန ပါမောက္ခ က ပြောပါတယ်။

ဘာဖြစ်လို့ ကိုယ်စားလှယ်လွဲဖို့  တွန့် ကြတာလဲ။ အကြောင်း ၂ခု ရှိပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိပေမယ့် ဘယ်အတိုင်းအတာအထိ ပြီးမြောက်အောင်မြင်ရမယ်ဆိုတာကို ညွှန်ကြားဖို့ ခက်တဲ့အတွက် ကိုယ့်စိတ်ကူးလေးနဲ့  တည့်သည်အထိ ကိုယ်တိုင်ပဲ လုပ်လိုက်ကြတာပါ။ နောက်တစ်ချက်ကတော့ အာဏာကို ဆုပ်ကိုင်ထားချင်ကြတဲ့ လူ့ စိတ်သဘောသဘာဝပဲ ဖြစ်ပါတယ်။

ဒီတော့ ရာထူးကြီးလာလေ ကိုယ်လုပ်လက်စ အလုပ်တွေကို တစ်ခြားလူတွေကို လွဲပေးရလေ ဖြစ်ပြီး အချို့ ဝန်ထမ်း တွေဟာ မန်နေဂျာသာဖြစ်လာတယ် ကိုယ်စားလှယ်လွဲပြီး မခိုင်းရဲကြပဲ သူကိုယ်တိုင် အသေးစိပ်ကအစ လုပ်နေ တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အတွက် သက်ဆိုင်ရာဝန်ထမ်းတွေမှာ မိမိကိုယ်ကိုယ် ဂုဏ်ယူဝမ်းမြောက် တဲ့ စိတ်တွေ ကွယ်ပျောက်သွားပြီး အလုပ်မှာ မပျော်နိုင်တော့သလို ၀န်ထမ်းကောင်းတွေလည်း မွေးထုတ်နိုင်တော့ မှာ မဟုတ် ပါဘူး။

ဒီတော့ ကိုယ်စားလှယ်လွဲတတ်ဖို့ အတွက် လေ့ကျင့်သင့်တာကတော့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို တိကျစွာ ပြောပြပါ။ ၀န်ထမ်းဘယ်လိုလုပ်မလဲဆိုတာကို တစ်ဆင့်ခြင်းစီမေးပြီး လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်ပေးပါ။ အချိန် ဘယ်လောက်ကြာသင့်တယ်၊ လူအား၊ငွေအား ဘယ်လောက်သုံးသင့်တယ်ဆိုတာတွေကို တစ်ခါတည်း ပြောပြပါ။ Skill တွေအားလုံးလိုပါပဲ ကိုယ်စားလှယ်လွဲတဲ့ Skill ကိုလည်း လေ့ကျင့်ပေးရမှာပဲ ဖြစ်ပါတယ်။

သင်ကလည်း ကိုယ်စားလှယ်လွဲတတ်အောင် ကျင့်ပါ။ ၀န်ထမ်းတွေကလည်း ကိုယ်စားလုပ်ကိုင်နိုင်အောင် လေ့ကျင့်ရပါမယ် ဆိုတာကို လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...