အရွယ်ရောက်ပြီး အမျိုးသားများနှင့် ကျန်းမာရေး

L0y0la University မှ လေ့လာမှုအရ အသက်ကြီး လာသော အမျိုးသားများတွင် မဖြစ်မနေဂရုစိုက် သင့်သော ရောဂါ များမှာ နှလုံး ရော ဂါ၊ ဟောက်ခြင်း၊ သွေးတိုး၊ သွေးတွင်း အဆီ များခြင်းနှင့် အူမကြီးကင် ဆာတို့ဖြစ်ကြောင်း ၎င်းင်းရောဂါတို့ အား မည်ကဲ့သို့ ကာကွယ်ရမည့် အကြောင်းအား ယခုကဲ့သို့ ဖော်ပြခဲ့ သည်။

(၁) နှလုံးရောဂါ- အမျိုးသားများမှာ သဘာဝတရား အရပင်လျင် အမျိုး သမီးများထက် နှလုံးကြွက်သား ဒဏ်ရာရနိုင်ခြေပိုများပြီး၊ မိသားစုအတွင်း ၌ နှလုံးသွေးကြောကျဉ်းဖူးပါက ပို၍ အခွင့်အလမ်းပို များကြောင်း တွေ့ရ သည်။ အကယ်၍ ဆေးလိပ်သောက် ခြင်း၊ ဆီးချိုသွေးချိုနှင့် သွေးတွင်း အဆီများမှုတို့နှင့် တွဲနေပါက ပို၍ နှလုံးသွေးကြောကျဉ်းနိုင်ခြေ ပိုများ သည်။ လေ့ကျင့်ခန်းနှင့် အစားအစာ တို့က ယင်းရောဂါ အပေါ်တွင် များ စွာသက်ရောက်မှုရှိသည်။

(၂) ဟောက်ခြင်း- လေ့လာမှုများ အရ အမေရိကန်၌ လူဦးရေ ၁၈ သန်းခန့်မှာ ဟောက်သည့်လက္ခဏာ (sleep apnea) ကို ခံစားနေရပြီး၊ အများစုမှာ စမ်းသပ်စစ်ဆေးမှုမရှိ ပေ။Sleep apnea ၏ လက္ခဏာများ တွင် ဟောက်ခြင်း၊ မကြာခဏနိုး ခြင်း၊ မကြာခဏသေးထပေါက်ခြင်း၊ အိပ်ယာနိုးစတွင် ခေါင်းကိုက်ခြင်း၊ အိပ်ယာနိုးစတွင် ခံတွင်းခြောက်ခြင်း စသည်တို့ ပါဝင်သည်။ အကယ်၍ Sleep apnea အား ကောင်းမွန်စွာ မထိန်းနိုင်ပါက သွေးတိုး၊ နှလုံး ရောဂါ၊ နှလုံး<ကက်သားပုတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ ကြုံတွေ့ရနိုင်ပြီး၊ ကိုယ်အလေးချိန်ချခြင်းက အကောင်း ဆုံး ကာကွယ်မှုတစ်ခု ဖြစ်လေ သည်။Sleep apnea Test က ရောဂါ စစ်ဆေးရန် အကောင်းဆုံး နည်းဖြစ်သည်။

(၃) အ၀လွန်ခြင်း- မိသားစုအတွင်း မျိုးရိုးရှိခြင်းနှင့် အ၀လွန်ခြင်း နှစ်ခု ပေါင်းပါက သွေးတိုးရော ဂါ ဖြစ်စေ သော အဓိကအကြောင်းအရင်းဖြစ် သည်။ ကိုယ်အလေးချိန်ချခြင်းက ယင်းပြဿနာများမှ ကင်းဝေးစေနိုင် ပြီး၊ သွေးတိုးအား တိုက်ဖျက်ရာ၌ ဆို ဒီယမ်နည်းသော အစားအစာများ ရှောင်ကြဉ်ခြင်းက ကဏ္ဍတစ်ခုအနေ ဖြင့် အထောက်အကူပြုလေသည်။

(၄) သွေးတွင်းအဆီများခြင်း- သွေး တွင်းအဆီများခြင်းက မျိုးရိုးဗီဇနှင့် ကြီးမားသောဆက်နွယ်မှု ရှိလေ သည်။ သို့သော် အမျိုးသားတစ် ယောက်အနေဖြင့် မိသားစုအတွင်း ဖြစ်ဖူးခြင်းမရှိသော်လည်း သွေးတွင်း အဆီများနိုင်သည်။ အစားအစာနှင့် လေ့ကျင့်ခန်းက အကောင်းဆုံး အဖော်မွန်ဖြစ်သည်။ အကယ်၍ မိသားစု တွင်း သွေးထဲ၌ အဆီများ သောရလဒ်တွေ့ရှိရပါက ငါးစားခြင်း သို့မဟုတ် ငါးကြီးဆီအခြေပြု ဖြည့် စွက်စာ များ စားခြင်းက ယင်းရလဒ်ကို ကာကွယ်ပေးနိုင်သည်။

(၅) အူမကြီးကင်ဆာ- အူမကြီးကင် ဆာအား ကုသရာတွင် စောစီးစွာ စမ်းသပ်တွေ့ရှိခြင်းက အရေး ပါသော ကဏ္ဍမှ ပါဝင်လေသည်။ ထို့ကြောင့် အသက် ၅၀ နောက်ပိုင်း အမျိုးသား များ၌ ၁၀ နှစ်တစ်ခါ အူမကြီးအတွင်း မှန်ပြောင်းဖြင့် ကြည့်သင့်သည်။ အကယ်၍ မိသားစုထဲ၌ ဖြစ်ဖူးပါက ယင်းထက်စော၍ စစ်ဆေးမှုများ ပြု လုပ်သင့်သည်။ ယင်းကဲ့သို့ စစ်ဆေး ခြင်းမှာ ခံရခက်စေပေမယ့် အသက် ကယ်နိုင်ရန် အခွင့်အလန်းများသည့် အတွက် လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။

ဖိုးသောကြာ
Ref;Medindia
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...