သွားကျန်းမာရေး လိုက်စားပေး

သွားကျန်းမာရေး လိုက်စားခြင်းသည် ကောင်း မွန်သော အလေ့အကျင့်ဖြစ် သလို၊ သွားများ တွင် ပြဿနာ တစ်ခုခုဖြစ် ပါက၊ မမျှော်မှန်းနိုင်လောက် သည့် နာကျင် ကိုက်ခဲမှုတို့ အပြင် စိတ်ဖိစီးမှု များ လည်း ဖြစ်စေ တတ်ပေရာ၊ အောက်ပါ နည်းလမ်း အသွယ် သွယ်တို့ ဖြင့် ဆင်ခြင်နေထိုင်ကြ ပါစေကြောင်း မျှဝေလိုက်ရ ပါသည်။

(၁) ဖလူအိုရိုက်(ဒ်) ဒြပ်ပေါင်းပါသော သွား တိုက်ဆေးဖြင့် တနေ့ လျှင် အနည်းဆုံး ၂-ကြိမ်မျှ သွားတိုက်သော အလေ့အကျင့် ကောင်း ကို မွေးမြူသင့်သည်။ ညအိပ်ယာဝင်ခါနီး သွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းကို တညတာလုံး သန့် ရှင်းစေသလို၊ နေ့ လည်ဘက် အစာစားပြီးတိုင်း သွားတိုက်ခြင်းကလည်း ချိုးကပ်နေသော သွားချေး များနှင့် အစာဟောင်းအပိုင်း အစများမှ အဆိပ်အတောက်ကင်းစေကာ သွားများပျက်စီးခြင်းမှ ကာကွယ်ပေး သည်။

(၂) မှန်ကန်သော သွားတိုက်နည်းပုံစံမှာ သွား၏ နောက်ကျောဘက်ခြမ်းနှင့် သွားဖုံးများတွင် ဗက်တီးရီးယားနှင့်အတူ သွားချေးများ ကျောက်တည်တတ်သဖြင့် သွားတိုက်တံကို လက်ဖြင့် ၄၅ံ စောင်း ၍ ဒေါင်လိုက်တိုက်ပေးသင့်သည်။ သွားနှင့် သွားခြေတို့ ကို စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ခပ်မှန်မှန်အား ဖိ၍ တိုက်ပေးရမည်။ ခပ်ကြမ်းကြမ်းတိုက်ပါက သွားဖုံးကို ပွတ်ခြစ်မိကာ သွေးထွက်စေနိုင်သလို၊ ခပ်ဖွဖွ တိုက် လျှင်လည်း သွားချေးမစင်တတ်ပါ။ အချိန် ၂-မိနစ်ကြာအောင် ခံတွင်း ထဲရှိသွားအားလုံးကို ရှေ့  -နောက် - အပေါ်ဘက်ပေါင်းစုံ တိုက်ပြီးနောက်၊ သွားတိုက်ဆေး ကုန်စင်အောင် ရေများများဖြင့် ပလုပ်မကျင်းပါနှင့်။ သွားတိုက်ပြီးတိုင်း ခံတွင်းသန့် စင်ရည်သုံးသည့် အလေ့အကျင့်ကောင်းကိုမွေးမြူပါ။ ရင်သွေးငယ် များအား သွားစပေါက်သော အရွယ်မှ စတင်၍ သွားတိုက်ပေး သင့်ပါသည်။

(၃) သွားကြားသန့် ရှင်းရန်သုံးသည့်ချည်မျှင် (သို့ မဟုတ်) သွားကြားထိုးသွားတိုက်တံ အကူအညီယူ၍ သွားကြိုသွားကြား နှင့် အောက်ချေတို့  ကို သန့် ရှင်းပေးရပါမည်။ သွားတိုက်ဆေးမသုံးဘဲ သွားတိုက်တံ အခြောက်ဖြင့် တိုက်ပေး၍ ပလုပ် ကျင်းခြင်းကလည်း ချိုးကပ်နေသောသွားချေးများကို ဖယ်ရှားပေးနိုင်သည်။

(၄) သွားတိုက်သည့်အခါတိုင်း သွားတိုက်တံ (သို့ မဟုတ်) လျှာခြစ်တံကိုသုံး၍ တိုက်ပေးခြင်းဖြင့် လျှာပေါ်ရှိ အရိအရွဲများကို ဖယ်ရှားပေးပြီး၊ ချွဲကပ်ခြင်းနှင့် ခံတွင်းရနံ့ ဆိုးခြင်း ပပျောက်ကာ၊ အရသာအာရုံကိုလည်း ပွင့်လာစေပါသည်။

(၅) သွားများပျက်စီးစေသည့် အဓိကအကြောင်းရင်းထဲတွင် သွားတိုက်ဆေးသည်လည်း တခုအပါ အ၀င်ဖြစ်၏။ ထို့ ကြောင့် မိမိနှင့် ဓာတ်တဲ့သော သွားတိုက်ဆေးကိုသာ ရွေးချယ်တတ်ရပါမည်။ ခံတွင်း သန့် ရှင်းစေရန် သွားတိုက်ဆေး အများကြီး သုံးစရာမလိုပါ။ သွားတိုက်တံကို ၃-လလျှင် တစ်ကြိမ်မျှ အသစ်လဲလှယ်ပေးပါ။

(၆) သွားတိုက်တံ ကြမ်းကြမ်းသည် အပေါ်ယံကြွေသွားအလွှာကို ပါးလွှာ၍ အစင်းကြောင်း ထင်စေနိုင် သလို၊ အလွန်အမင်း မာကျောသောပစ္စည်းများကို ကိုက်ဖြတ်ခြင်းနှင့် သွားဖောက်၍ အလှဆင်ခြင်းတို့  ကလည်း သွားများ အလွယ်တကူ ကျိုးပဲ့စေနိုင်သည်။

(၇) သန့် ရှင်းမှုမရှိသော သွားကြားထိုးတံသည် သွားဖုံကိုရောဂါ ရစေနိုင်သည်။

(၈) အဆက်မပြတ် သွားရည်စာ စားခြင်းကလည်း သွားချေးတက်၍၊ သွားအခေါင်းပေါက်ဖြစ် လာစေသလို၊ သကြား/ကပ်စေး နှဲ (သို့ မဟုတ်) အချိုဓာတ်ကဲသော အစားအစာများကလည်း သွား၏ကြွေသား အပေါ် ယံလွှာကို ပျက်စီးစေ၏။ မာကျော သော အစေ့အဆံများကို လျော့စားပေးခြင်းဖြင့် အံသွားများ ပက်ကြား အက်ခြင်းမှ ကြိုတင် ကာကွယ်ရာရောက်သည်။

(၉) အချိုရည်ဖြင့် အာလုပ်ကျင်းခြင်းသည် သွားများကိုထိခိုက်စေ သဖြင့် အရည်စုပ်တံဖြင့်သောက် ပါ။ ဖျော်ရည်ထဲတွင် ပါရှိသော အက်ဆစ်ဓာတ်များသည် သွားကိုထိခိုက်စေသဖြင့် အနည်းငယ်မျှ သာသောက်သုံးသင့်သည်။ အချို/အချဉ်နှင့် ဖျော်ရည်များကို စားသောက်ပြီးနောက် ရေဖြင့်ဦးစွာ ပလုပ် ကျင်းပြီးမှသာ သွားတိုက်ပေးသင့်သည်။ သို့ မဟုတ်ပါက သွားကျဉ်၍ကြွေသားကို ထိခိုက်စေသည်။

(၁၀) Bulimia (ခေါ်) အချိန်တိုအတွင်း အစားအသောက် များများစားပြီး အန်ထုတ်ပစ်တတ်သော စရိုက်သည် အဆာအိမ်ထဲမှ ထွက်ရှိလာသော အက်ဆစ်ကြောင့် သွားများကို အကြီးအကျယ် ထိခိုက်စေနိုင် သည်။

(၁၁) ထမင်းစားပြီးတိုင်း အချိုဓာတ် မပါသော(သို့ မဟုတ်)အချိုနဲသော ပီကေ၀ါးစားခြင်းသည် သွားကြား ညပ်ခြင်းများကို သန့်  စင်စေရုံသာမက၊ အာခံတွင်းလည်း မခြောက်စေပါ။ သို့ သော် ပီကေကို အဆက် မပြတ်တနေကုန်နီးပါး ၀ါးခြင်းက သွားအခေါင်းပေါက် ဖြစ်စေနိုင်သည်။

(၁၂) သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ၆-လ လျှင် တစ်ကြိမ် သွားဆရာဝန်ဖြင့် ပုံမှန်စစ်ဆေးမှု ခံယူ သင့်သည်။ အချို့ သော ပဋိဇီဝဆေးများသည် သွားဖုံးသွေးယို၍ အနာတရရောင် ကိုင်းစေသည့်အတွက် ဆရာဝန်နှင့်ဆွေးနွေး တိုင်ပင်ပြီးမှ သောက်သင့်သည်။

(၁၃) လေးညှင်းပွင့်အဆီ (သို့ မဟုတ်) ဂျင်းအနှစ် (သို့ မဟုတ်) ကုလားအော်သီးကဲ့သို့ အလွန်စပ်သော ငရုပ်သီးအမှုန့် တို့  ကလည်း သွားကိုက်ခဲနာကျင်ခြင်းကို သက်သာစေ၏။ သို့ သော် သွားဖုံးနှင့် လျှာတို့ တွင် မလိုလားအပ်သော အပူ လောင်မှုများ မဖြစ်စေရန် သတိပြု၍အသုံးပြုပါ။ သဘာဝ ဖလူအိုရိုက် (ဒ်)ခံတွင်းသန့် စင်ဆေးရည်အဖြစ် လ္ဘက်စိမ်းရည် ဖြင့် အာလုပ်ကျင်းပေးနိုင်သည်။

(၁၄) နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို နှင့် ပေါင်မပြည့်သော ကလေးငယ်ကို အချိန်မတိုင်မီ မွေးဖွားခြင်း တို့ သည် သွားရော ဂါနှင့် ဆက်စပ်လျှက်ရှိကြောင်း နိုင်ငံတကာသွား ဘက်ဆိုင်ရာပါရဂူများက အကြံပြု ထားကြသည်။

(၁၅) သွား ကင်ဆာဖြစ်စေနိုင်သော 90% အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အပူအစပ်များ အလွန်အကျွံစားခြင်းနှင့် ဆက်စပ်မှုရှိကြောင်း၊ သွာပိုးချခြင်းမှာ နည်မှန် လမ်းမှန် မဟုတ်ကြောင်း၊ ခေါင်းရှည်ကဲ့သို့ သွားအတွင်း အမှုန့်များထည့်ခြင်းကလည်း မှန်ကန်သော ကုသနည်း မဟုတ်ဘဲ၊ ထိုအမှုန့်များ အစာအိမ် အတွင်းသို့ အလွန်အကျွံဝင်ရောက်ပါက အစာအိမ်ပေါက် သွားနိုင်ကြောင်း သွားသုတေသီများက အကြံပြုထားသည်။

(၁၆) အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံများ၊ သောက်ရေ၊ နို့ နှင့် အချိုလျော့နဲသောနို့  ထွက်ပစ္စည်း၊ မာကျောခြင်းမရှိသော အစေ့အဆံ၊ အမဲသား၊ ကြက်ဥ/ဘဲဥ/ငုံးဥ၊ ငါး၊ အာလူး၊ တို့ ဟူး၊ ပဲသီး၊ ကောက်နှံပင်၊ ကွေကာ အုပ်၊ ဂျုံ၊ စပါး၊ ပြောင်း တို့ သည် သွားကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများဖြစ်သည်။

(၁၇) သွား ကျန်းမာရေးအတွက် စပျစ်သီးခြောက်၊ ဇီးသီးခြောက် နှင့် အာလူးခြောက်ကြော်တို့  အလွန်အကျွံ စားခြင်းမှ ရှောင် ကျဉ်ပါ။

(၁၈) သွားများဖြူဝင်းစေရန်အတွက် ရက်သတ္တ ၁-ပတ်လျှင် ၄-ကြိမ်မျှ သီးမွှေး ဌက်ပျော်သီးအခွံ၏ အတွင်း သားဖြင့် သွားများကို ပွတ်တိုက်ပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...