Desktop အတွက် Messenger app ကို Facebook ဖြန့်ချိ

Facebook သည် desktop နှင့် laptop ကွန်ပျူတာ များတွင် မိုဘိုင်း messenger ဝန်ဆောင်မှုကို အ သုံးပြုနိုင်မည့် Messenger.com ကို လွှင့်တင်လိုက်ပြီ ဖြစ်သည်။

Facebook သည် Messenger ဝန်ဆောင်မှုကို ဝက်ဘ်ပေါ်တွင်ပါ သုံးစွဲသူမြင့်တက် လာစေရန် ရည်ရွယ်၍ တိုးချဲ့မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထို့အပြင် Facebook သည် လွန်ခဲ့သည့် နှစ်အနည်း ငယ်ကတည်းက Messenger platform ကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် Facebook မှ သူငယ်ချင်းများနှင့် စကားပြောဆိုနိုင်သည့် ဝန်ဆောင်မှု တစ်ခုအဖြစ် ရပ်တည်နေလျက်ရှိသည်။ Messenger app ကို တစ်လလျှင် သုံးစွဲသူ သန်း ၆၀၀ ခန့် အသုံးပြုနေ ကြကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လက Facebook သည် ESPN နှင့် Weather Channel ကဲ့သို့ app များကို Messenger အတွင်း ထည့်သွင်းပေးခဲ့သည်။ ထို့အပြင် Messenger မှတစ်ဆင့် ဗွီဒီယို၊ ဓာတ်ပုံနှင့် သီချင်းများကို သုံးစွဲသူများ အကြား အပြန်အလှန် ပေးပို့နိုင်ရန်လည်း ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် Facebook အနေဖြင့် ၎င်း၏ လုပ်ငန်းများကို မိုဘိုင်း app များရှိ အခြားကဏ္ဍများတွင် အာရုံစိုက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီတွဲဖက် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်က ပြောကြားသွားခဲ့သည်။

Ref: CNET
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...