Herbal medicines တိုင်းရင်းဆေး မေးခွန်း

(၁) အသည်းရောင် အသားဝါ B ရောဂါနှင့်ပတ်သက်လို့ ဆရာပေးတဲ့ links တွေ ဖတ်ခြင်းအားဖြင့် များစွာ ဗဟုသုတ ရပါတယ်ခင်ဗျား။ အဲဒီရောဂါနဲ့ ပတ်သက်လို့ confirm လုပ်၊ မေးစရာလေး တစ်ခုပေါ်လာလို့ ထပ်မေးပါ ရစေ။ မြန်မာပြည်က သူငယ်ချင်း တစ်ယောက် ကပြော တယ် ဆရာ။ အသည်းရောင် အသားဝါ ဘီကို မြန်မာ တိုင်းရင်းဆေး တစ်မျိုးနဲ့ ကုတာ ပျောက်တယ်ပြောနေတယ် ဆရာ။ ဆေးက မြန်မာ ဓလေ့ဗီဇအရ ဘယ်နှစ်ခွက် ဘယ်နှစ်ခွက်တင် ကျိုလည်း သောက်ရသလို သောက်ဆေး ရိုးရိုးတွေလည်း သောက်ရ တယ်ပြောတယ်။ သူလည်း ဒီရောဂါဖြစ်နေလို့ သောက်နေတာ ပျောက်တယ်လည်း ပြောတယ်။ ဆရာပေးတဲ့ links က အသည်းရောင် အသားဝါ ဘီရောဂါအကြောင်း ဖတ်ရတော့ ဒီရောဂါက နိုင်ငံခြားတွေ မှာတောင် သုတေသနတွေ လုပ်လျက်ရှိပြီး ရှုပ်ထွေးတဲ့ရောဂါ တစ်ခုအဖြစ် သတ်မှတ်နေဆဲရှိတုန်း ကျွန်တော် တို့ မြန်မာပြည်မှာတော့ တိုင်းရင်းဆေးတစ်မျိုးနဲ့ကုတာ ပျောက်နိုင်တယ်ဆိုတာ ဟုတ်ပါ့မလား ဆရာ။
(၂) ဆရာ အဲဒီဆေးတွေရဲ့အကြောင်း ကျေးဇူးပြု၍ ရှင်းပြပေးပါအုန်းဗျ။
(၃) ရောဂါတစ်ခုကိုဖြစ်ပြီဆိုရင် ဝေဒနာတွေအမြန်ပျောက်ကင်းဘို့ အင်္ဂလိပ်ဆေး ဆရာဝန်ရော မြန်မာ တိုင်းရင်းဆေး ဆရာတွေရော တချို့တွေအကုန်ပြကျတယ်။ အင်္ဂလိပ်ဆေးတွေလဲသောက် မြန်မာဆေးတွေလဲ သောက်ကျတယ်။ ဆရာဝန်တော်တော်များများ အင်္ဂလိပ်ဆေးလေးသောက်တုန်း ဗမာဆေးလေးသောက်လို့ ရပါသလားမေးရင် မကြိုက်ကျဘူး။ တချို့ ဆရာဝန်တွေဆို ကျုပ်ပေးတဲ့ဆေးသောက်နေရင် ဘယ်ဆေးမှ မသောက်ရဘူး လို့တောင် အဆူခံရ တာတွေ့ဘူးတယ်။ အင်္ဂလိပ်ဆေးနဲ့ ဗမာဆေးတွဲသောက်လို့ရပါလား။ သောက်လို့ ရရင်လဲ အချိန် ဘယ်လောက်ခြား သောက်ရမလဲ။ ဘေးဥပဒ်တွေဖြစ်စေနိုင်ပါလား။ မည်သည့်ရောဂါမဆိုကို ဆိုလိုရင်း ဖြစ် သည်။ ဗမာဆေးဆိုသည် ကိုယ်တိုင် (သို့) တခြားသူတို့ လက်တည့်စမ်းသော အရာမဟုတ်။ဆိုင်တို့တွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်နှင့် ထုတ်လုပ်ရောင်းချသော ဆေးများဆိုလိုသည်။ ဥပမာ Uric acid များ gout ရောဂါအတွက် အင်္ဂလိပ်ဆေး allopurinol နဲ့ ဗမာဆေး တိုင်းရင်းမှတ်ပုံတင်အမှတ်ဖြင့် ထုတ်လုပ်ဖြန့် ချိရောင်းသော ဂုဏ်ရည် အဆစ်ရောင်ကိုက်ဆေးစသဖြင့် တွဲသောက်ရပါသလား။ အများသူတွေ အပြော များတဲ့ စကားကြားဖူးပါသည်။ အင်္ဂလိပ် ဆေးသောက်ရင် ဗမာဆေးမသောက်နဲ့ ဗမာဆေးသောက်နေတုန်း အင်္ဂလိပ်ဆေးတွေမသောက်နဲ့ တကယ်လို့ မသောက်ရရင် ဘာကြောင့်ပါလဲ။ သောက်ရရင် ဘယ်လို အချိန်တွေ ကန့်သတ်ပြီး သောက်ရပါမလဲ ခင်ဗျ။

တိုင်းရင်းဆေး၊ ဗိန္ခောဆေးဟာ မြန်မာနိုင်ငံကလူတွေနဲ့ ရင်းနှီးပြီး အသုံးပြုနေလာ ခဲ့ကြတာ ရှေးကတည်း ကပါ။ ခေတ်ပေါ် ဆေးကုသနည်းတွေ မြန်မာပြည်ကို ရောက်မလာခင် ကတည်းကပါ။ အခုလည်းလျှော့ နည်း သွားတယ်လို့ ပြောမရသေးပါ။ တဖက်နိုင်ငံတွေကလာတဲ့ တိုင်းရင်းဆေး စတာတွေပါဝင်လာလို့ ပိုတောင် များလာသလား မပြောတတ်ပါ။ ဆေးတွေက ဝယ်ရတာ လည်းလွယ်တယ်။ ခုနောက်ပိုင်း မှာ ကြောငြာတွေကလည်း အားကောင်းတယ်။ အွန်လိုင်း၊ ရေဒီယို၊ တီဗွီကနေ မော်ဒယ် လှလှလေးတွေ နဲ့ ရောင်းလာကြပါတယ်။

Alternative medicines တခြားနည်း သုံးဆေးများ
ဆရာဝန်တွေ မသုံးကြတဲ့ ဆေးကုသနည်းတွေ ကိုခေါ်ပါတယ်။ ကင်ဆာလို ကုသရခက်ခဲတာမှာ အသုံးပို များနေတယ်။ နာတာရှည်ရောဂါတွေအတွက်လည်း သုံးနေကြတယ်။
• Herbal medicine အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေက ထုတ်တဲ့ဆေးတွေ၊
• Traditional Chinese medicine တရုပ်တိုင်းရင်းဆေးတွေ၊
• Homeopathy ဟိုမီယိုပသီဆေးတွေ၊
• Naturopathic medicine သဘာဝဆေးတွေ။
• Acupuncture အပ်စိုက်နည်း၊
• Chiropractic and Ayurvedic အာယုဗေဒနည်း၊
• Energy medicine အင်နာဂျီဆေးတွေ၊
• magnetic field therapy သံလိုက်ဓါတ်သုံး ကုသနည်း၊
• Aromatherapy အမွှေးနဲ့သာနဲ့ ကုသနည်း၊
• Oxygen therapy အောက်စီဂျင်သုံးကုသနည်းတွေပါတယ်။ ဒါတွေအပြင် မြန်မာပြည်မှာဆိုရင် ဘုရားကုနည်း၊ အထက်လမ်းနည်း၊ အောက်လမ်းနည်း၊ ဓါတ်စာနည်း၊ စတာတွေလည်းရှိသေးတယ်။

Herbs ဟာဗယ်ကနေလုပ်ထားတာတွေဟာ အန္တရာယ်မပေးဘူးလို့ ထင်ရပါတယ်။ အားလုံးကို အဲလိုပြောမရပါ။ အထူးသဖြင့် နှလုံးရောဂါနဲ့ အသည်းရောဂါရှိသူတွေအတွက် စိတ်မချရပါ။ ခေါ်တဲ့ ဆရာဝန်တွေသုံးနေတဲ့ ဆေးဝါးတွေလို လေ့လာမှုတွေ၊ သုတေသနတွေက မပြည့်စုံပါ။ သေဆုံးမှု အထိဖြစ်တဲ့ ရီပို့တ်တွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုးမှာရှိတဲ့ Cleveland Clinic ဆေးရုံက နှလုံးအထူးကုဆရာဝန်တွေက digoxin, diuretics, hypoglycemics, nonsteroidal anti-inflammatory drugs, spironolactone နဲ့ warfarin ဆေးတွေ သုံးနေရသူတွေ အဲလို ဟာဗယ်ဆေးတွေ မသုံးကြဘို့ သတိပေးထားပါတယ်။

• Ephedra (Ephedra sinica, also called Ma-Huang) ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးနဲ့ ကိုယ်အလေးချိန်ချဆေး၊
• Garlic (Allium sativum) ဆိုတဲ့ ကိုလက်စထောကျဘို့နဲ့ ကူးစက်ရောဂါပျောက်ဆေးတွေ၊
• Ginkgo (Ginkgo biloba) ခေါ်တဲ့ မှတ်ဥာဏ်တိုးဆေး၊ သွေးလှည့်ကောင်းဆေး၊ စိတ်ရောဂါဆေး၊
• Goldenseal (Hydrastis canadensis) ခေါ်တဲ့ ဝမ်းနှုတ်ဆေး၊ အရောင်ကျဆေး၊
• Hawthorn (Crataegus species) ခေါ်တဲ့ နှလုံးရောဂါဆေး၊ သွေးတိုးရောဂါဆေး၊
• Licorice root (Glycyrrhiza glabra) ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေး၊ အသည်းခြောက်ရောဂါဆေး၊ အစာအိမ်အနာဆေး။

အဲလိုတိုင်းရင်းဆေးတွေထဲမှာ Coumarins တွေပါတယ်။ အဲတာက Anticoagulants သွေးမခဲစေတဲ့ အစွမ်းရှိတယ်။ Warfarin ဆေးကိုအဲဒီကနေ ထုတ်တယ်။ ဆေးအဆကိုချိန်ဘို့ ခက်စေမယ်။ ဒါ့ပြင် Mike Militello, PharmD ဆေးတွေနဲ့ ဓါတ်ပြုတယ်။ အဲတာတွေထဲမှာ Vitamin K ပါတာများနေလို့လည်း ရောဂါ ကို ပိုဆိုးစေနိုင်တယ်။

• Aloe တစောင်းလက်ပတ်ကို အရေပြားမှာဖြစ်တာတွေအတွက်သုံးကြတယ်။ တာရှည်သုံးရင် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်တာ ဖြစ်စေမယ်။
• Arnica (Arnica montana) နာတာ လောင်တာအတွက်ဆေး၊ ဝမ်းနုတ်ဆေး = နှလုံးအတွက် အဆိပ်လို ဖြစ်တယ်။ သွေးတိုးတက်စေမယ်။
• Black cohosh (Cimicifuga racemosa) သွေးဆုံးအတွက်ဆေး၊ များရင် သွေးဖိအားကျစေမယ်။
• Feverfew (Tanacetum parthenium) မိုင်ဂရင်းအမူးရောဂါဆေး၊ အဆစ်နာဆေး၊ အလာဂျီဆေး၊ သောက်ရင် သွေးခဲတာကို အနှောင်အယှက်ဖြစ်စေတယ်။
• Ginger ပျို့အန်တာဆေး၊ ခရီးသွားအမူးပျောက်ဆေး၊ ကိုလက်စထောကျဆေး၊ အစာကျေဆေး၊ သွေးခဲ စနစ်ကို နှောင့်ယှက်တယ်။ များရင် နှလုံးခုန်မမှန်ဖြစ်တယ်။ သွေးဖိအားပြောင်းစေမယ်။
• Ginseng (Panax ginseng) နုပျိုဆေး၊ စိတ်အား ခွန်အားတိုးဆေး၊ လိင်အားတိုးဆေး၊ သွေးခဲ စနစ် ကို နှောင့်ယှက်တယ်။ သွေးယိုစေမယ်။
• Stinging nettle (Urtica dioica) ဆီးအောင့်ပျောက်ဆေး၊ ကျောက်ကျေဆေး၊ လေးဖက်နာဆေး၊ နှလုံးနဲ့ ကျောက်ကပ်အလုပ်ကိုနှေးစေတယ်။

အသည်းရောဂါတွေအတွက် 10 Natural Remedies for 3 Liver Diseases သဘာဝဆေးနည်း (၁ဝ) ဆိုတာကို ဂူဂယ်လ်မှာ ရှာလို့လွယ်တယ်။ Herbal medicine in the treatment of liver diseases စာအုပ်ကို ၃၅ ဒေါ်လာနဲ့ ရောင်းတာလည်းရှိတယ်။

ဒါပေမယ့် ချီကာဂိုဆေးတက္ကသိုလ်က ၁၉၉၅ တုံးက သုတေသန လုပ်ထာတာ ရှိပါတယ်။ Herbal medication linked to liver failure ဟာဗယ်ဆေးတွေနဲ့ အသည်း အလုပ်မလုပ်နိုင်တော့ခြင်းလို့ စာတမ်းတင်ထားတယ်။

Chaparral ဆေးတောင့်တွေသောက်ရာကနေ Toxic hepatitis အဆပ်သင့်အသည်းရောင်ရောဂါရတဲ့ အမျိုးသမီးလူနာကို နမူနာပေးထားတယ်။ အဲဒီဆေးကို သဲကန္တာရပေါက်ခြုံပင်ကနေထုတ်လုပ်ထားတယ်။ (Larrea tridentata) ဖြစ်တယ်။ ဆေးကြော်ငြာမှာ arthritis အဆစ်နာ၊ cancer ကင်တာ၊ colds အအေးမိ၊ tuberculosis တီဘီ၊ venereal disease ကာလသားရောဂါ၊ several skin conditions ဆိုးဝါးတဲ့ အရေပြားရောဂါတွေအတွက်သုံးနိုင်တယ်လို့ရေးထားတယ်။ FDA ကလည်း ယေဘုယျ စိတ်ချရ တယ်လို့ ၁၉၇ဝ ကတည်းက ခွင့်ပြုချက်ရထားတယ်။

၁၉၉၄ က ကနေဒါမှာ ဆာဗေးတခုလုပ်တယ်။ အထွေထွေဆေးရုံတွေကို လာပြတဲ့ ကလေးတွေထဲက -
• အဲလိုဆေးနည်းတွေနဲ့ စမ်းကုထားပြီးဖြစ်သူ = ၁၁%၊
• သူများအပြောနဲ့လုပ်သူ ၃၂%၊
• ဆရာဝန်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောက်လို့ အဲတာမျိုးသုံးစွဲသူ = ၂၁%၊
• ဆရာဝန်တွေကုနေတာ မသက်သာဘူးထင်လို့ အဲတာမျိုးသုံးစွဲသူ = ၁၉%၊
• ဆရာဝန်တွေကုနေတာ အားမရလို့ အဲတာမျိုးသုံးစွဲသူ = ၁၄%၊
• အဲတာမျိုးကို ပိုနှစ်သက်လို့သုံးခဲ့သူ = ၉% ရှိတာတွေ့ရတယ်။

အဲလိုဆေးမျိုးတွေကို Dietary supplements အစာအာဟာရဖြည့်ဆေးအတန်းအစား သတ်မှတ်ထားလို့ FDA အသိအမှတ်ပြုမှုကနေ လွတ်နေတယ်။

ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...