အသစ်ထွက် IT ပစ္စည်း အလန်းတွေ


သင်္ကြန်အတွက် အဆင်ပြေမယ့်ရေစိုခံ စမတ်ဖုန်း Sony Xperia C3

ဈေးနှုန်း၂သိန်း ၆သောင်းကျပ် ဝန်းကျင် Sony ရဲ့ရေစိုခံစမတ်ဖုန်း Xperia Series တွေထဲက နောက်ဆုံး ထွက်ရှိထားတဲ့ စမတ်ဖုန်း တလုံးဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၅ လက်မ ရှိတာကြောင့် လူငယ်တွေ အကြိုက် များပါတယ်။ဖုန်းအလေးချိန်က ၁၅၀ ဂရမ်ပဲရှိပြီး ပါးလှပ်လှပ်နဲ့ ကိုင်ရတာ ပေါ့ပါးပါတယ်။ ဖုန်းရဲ့ Android OS Version က Google Android 4.4 (KitKat) ကို အသုံးပြုထားပြီး CPU ကိုတော့ Snapdragon 1.2 GHz Qualcomm Quad-core သုံးထားတာကို တွေ့ရပါတယ်။ ကင်မရာအနေနဲ့က Selfie ရိုက်ဖို့ အရှေ့ကင်မရာကို 5 Megapixel နဲ့အနောက်ဘက် ကင်မရာကိုတော့ 13 Migapixel ရှိပါတယ်။ Memory Storage ကတော့Built-in 32 GB ပါဝင်ပါတယ်။ အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင်ဆိုပြီး အရောင် (၃) ရောင် ရရှိနိုင်ပါတယ်။ ဖုန်းကတ် ၂ ကတ် ထည့်နိုင်ပါတယ်။



Samsungရဲ့နောက်ဆုံးထုတ် Galaxy S6

ဈေးနှုန်း ၇သိန်း၎သောင်း ကျပ်ဝန်းကျင် Samsung Galaxy S Series တွေထဲက S6 ဆိုပြီး နောက်ဆုံး ထွက်ရှိလာပြန်ပါပြီ။ Galaxy S6 ကို မြန်မာနိုင်ငံမှာဆိုရင် ဧပြီ ၁၀ ရက်နေ့က စတင် ဝယ် ယူနိုင်ပြီဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား အကျယ်၅.၁လက်မ၊ CPUအနေနဲ့က 64 bit Octacore processor ကို အသုံးပြု ထားတာကြောင့် ဖုန်းသုံးတဲ့အခါ လျင်မြန်ပေါ့ပါးနိုင်ပါတယ်။ ဖုန်းရဲ့Android OS Version က နောက်ဆုံးထွက် Android 5.0 (Lollipop)ကို သုံးထားတာ တွေ့ရပါတယ်။ အရှေ့ကင်မရာ5 Megapixel အနောက်ကင်မရာကို 16 Megapixel သုံးထားပါတယ်။ Dual Sim ဖြစ်ပြီး ကြိုးမဲ့အားသွင်းနည်းစနစ်လည်း ပါဝင်ပါတယ်။ S5 ထက်အားသွင်းချိန်၁.၅ ဆပိုမိုမြန်ဆန်ပြီး လေးနာရီကြာ သုံးစွဲဖို့အတွက် အားသွင်းချိန် ၁၀မိနစ်သာ ကြာမြင့်မယ်လို့ သိရပါတယ်။



Notebook တလုံးလို အသုံးပြုနိုင်မယ့် be Tablet 10

ဈေးနှုန်း 259 USD ဝန်းကျင်ဖြစ်ပါတယ်။ ကမ္ဘာကျော် Microsoft နဲ့ Intel တို့ရဲ့ နည်းပညာနဲ့ ပေါင်းစပ် ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ကိုယ်ပိုင်အမှတ်တံဆိပ် be Tablet 10 ဖြစ်ပါတယ်။ မျက်နှာပြင် အကျယ်က ၁၀လက်မ ရှိပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Windows 8.1 Genuine ကို အသုံးပြု ထားတာကြောင့်Tablet သုံးနေရတာထက် ကွန်ပျူတာတလုံးကို အသုံးပြုနေရသလိုမျိုး ခံစားချက်ကို ရရှိစေမှာပါ။ ကင်မရာအနေနဲ့က အရှေ့ကင်မရာကို 2 Megapixel နဲ့ အနောက်ကင်မရာကို 5 Megapixel ပါဝင် အသုံးပြုထားတာဖြစ်ပြီး Tablet မှာပါဝင်တဲ့ Digitizer pen (Touch point pen) က ပုံဆွဲတာ၊ စာရေးတာ စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အသုံးတည့်မှပါ။ Tablet အဖြစ်အသုံးပြုနိုင်ပြီး Keyboardနဲ့ချိတ်ဆက်လို့ Notebook အဖြစ်သုံးနိုင်သလို Sound System ကလည်း အထူး ကောင်းမွန်တာကြောင့် သဘာဝအတိုင်း ကြည်လင်ပြတ်သားတဲ့အသံတွေကို နားဆင်ခံစားနိုင်ပါတယ်တဲ့။ 3G Wifi နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပြီး USB, Earphone, External Display စတာတွေနဲ့လည်း အလွယ်တကူ ချိတ်ဆက်အသုံး ပြုနိုင်ပါတယ်။

သီဟတိုး
The Irrawaddy's Blog
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...