“S” သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများ

 By ပေါက်ပေါက်

(က) Study-စာရေးစာဖတ် လေ့လာဆည်းပူးခြင်း
(ခ) Sleep-အိပ်စက်အနားယူခြင်း
(ဂ) Stress-စိတ်ဖိစီးခြင်းစတဲ့ “S” သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်-

(က) ကော်ဖီက ဦးနှောက်ကို လန်းဆန်းစေသလို ပင်လယ်ငါး အမျိုးမျိုးက မှတ်ဉာဏ်စွမ်းရည်ကို တိုး တက်မြင့်မားစေ ပါတယ်။ ကြက်ဥအနှစ်တွေ ကလည်း ဦးနှောက်ကို ခွန်အားဖြစ်စေတာကြောင့် ၎င်းအ စားအစာသုံးမျိုးက Study-စာရေးစာဖတ် လေ့လာ ဆည်းပူးခြင်းအတွက် အကောင်းဆုံး အစားအစာ များ ဖြစ်ကြပါတယ်။

(ခ) အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီခန့်အလိုမှာ သစ်အယ်သီးအဆံ လက်တစ်ဆုပ်စာ စားပေးခြင်း က ကောင်းစွာ အိပ်ပျော်စေတဲ့အပြင် သက်ရှည်ကျန်းမာစေပါတယ်။ အကယ်၍ သစ်အယ်သီး အလွယ် တကူမရပါက မြေပဲဆန် (သို့) ဗာဒံစေ့ကို စားပေးခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။ ‘နံနက် သင်္ဘော ညငှက်ပျော’ ဆိုတဲ့အတိုင်း ညအိပ်ရာဝင်ခါနီး ဖီးကြမ်း ငှက်ပျောသီးမှည့် တစ်လုံးစားခြင်း က ကောင်းစွာ အထောက်အကူ ဖြစ်စေရုံသာမက နံနက်အိပ်ရာထမှာ ဝမ်းပျော့ပျော့သွားစေပါတယ်။ နာ တာရှည် အိပ်မပျော်တတ် သူများအဖို့ ချိုချိုချဉ်ချဉ်အရသာရှိသော ဘယ်ရီသီး ရဲရဲလေးတွေ စားပေးသင့် ပါတယ်။ အကယ်၍ ဘယ်ရီသီး အလွယ်တကူမရရှိပါက အိပ်ရာဝင်ခါနီးမှာ အနီရောင် ပန်းသီးတစ်လုံးကို အခွံပါဝါးစား၍ ၎င်းပန်းသီး သုံးလုံးခန့်ကို အိပ်ရာ(ခုတင်) အနီးမှာထားပေးခြင်းဖြင့် ထိုပန်းသီးရနံ့က အိပ် စက်ခြင်းကို အထောက် အပံ့ဖြစ်စေပါတယ်။ သို့ပါ၍ Sleep-အိပ်စက် အနားယူခြင်းအတွက် ၎င်းအ စားအစာသုံးမျိုးကို အိမ်တွင်းသမားတော်အဖြစ် အားကိုးထိုက်ပါတယ်။

(ဂ) အမည်းရောင် ချောကလက်ကို စားသုံးခြင်းဖြင့် အားအင်ချိနဲ့ ကုန်ခမ်းခြင်းတွေကို ထိထိရောက် ရောက် ပျောက်ကင်း သက်သာစေ၍ ခန္ဓာကိုယ်ထဲရှိ ဟိုမုန်းပမာဏကို မျှတစေခြင်း၊ လိင်စိတ် ဆန္ဒနိုး ကြွခြင်း၊ စိတ်ဖိစီးမှုကိုလျော့နဲစေခြင်း၊ စိတ်ကို လန်းဆန်း တက်ကြွလာစေခြင်း စသဖြင့်ကောင်းကျိုးပြု တဲ့အပြင် အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက်ဇရာ အကြိုရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စိတ် ဖိစီးမှု ဆိုင်ရာပြဿနာများအတွက် ထောပတ်သီး၏ အာနိသင်ကလည်း အမည်းရောင်ချောက လက်ကဲ့သို့ အာနိသင်ထပ်တူပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူက သွေးသား စင်ကြယ်စေကာ စိတ်ကြည် လင်လန်းဆန်းမှု ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် Stress-စိတ်ဖိစီးခြင်းအတွက် အကောင်းဆုံးဓာတ် စာများအဖြစ် ၎င်းအစားအစာသုံးမျိုးကို မှီဝဲပေးပါ။

ကြေးမုံသတင်းစာ
မတ်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...