Shicuan Ma-Po တို့ ဟူးဟင်းလျာ

တရုတ်ပြည်တွင် Shicuan Ma-Po တို့ ဟူးဟင်းလျာ သည် အလွန် နံမည်ကြီးပါသည်။ ထိုဟင်းနှင့် ပတ်သက်၍ တရုတ်ပြည်တွင် ရာဇ၀င် သမိုင်းကြောင်း တစ်ပုဒ်ရှိခဲ့ရာ ထိုဇာတ်လ မ်းကြောင့်လည်း၊ Ma-Po တို့ ဟူးဟင်းလျာကို လူသိများကြပါသည်။

တရုတ်ပြည်၏ Guangxu မင်းဆက် (၁၈၇၁-၁၉၀၈) ကာလ၌် မျက်နှာတွင်ကျောက်ပေါက်မာ ထူလပျစ်နှင့် Wen Qiaoqiao ဟု အမည်ရှိသော အမျိုးသမီး တစ်ယောက် သည် ဆီချက် စက်ရုံ ပိုင်ရှင် တစ်ဦးနှင့် အိမ်ထောင်ကျကာ Chengdu မြို့ တွင် နေထိုင် ခဲ့ကြပါ သည်။ လက်ထပ်ပြီး ၁၀-နှစ် အကြာမှာတော့ ကံမကောင်း အကြောင်း မလှစွာဖြင့် သူမ၏ အမျိုးသားသည် ဆီများကို သယ်ဆောင်စဉ် မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ ရှာပါ သည်။ ယောက်ျားဆုံးပြီး နောက်မှာတော့ Qiaoqiao သည် သူမ၏ ယောက်မ ဖြင့် နှစ်ဦး သား ဆင်းရဲကြပ်တည်းစွာ နေထိုင် ကြရပါ သည်။ သူမ အမျိုးသား၏ အလုပ်သမားဟောင်းများနှင့် အိမ်နီးချင်း မိတ်ဆွေတို့၏ ဆန်၊ ဟင်းသီး ဟင်းရွက် အထောက်အပံ့ကလေးများ ဖြင့် သမီးယောက်မ နှစ်ဦး အသက် ဆက်နေ ခဲ့ကြရပါသည်။

တစ်နေ့ တွင် Qiaoqiao သည် အမဲသားနှင့် တို့ ဟူး ကိုရော၍ ချက်ပြုတ် လိုက်သည့်အခါ အရသာ အလွန် ကောင်းကြောင်း သိရှိခဲ့ပါသည်။ ထိုဟင်းလျာကို သူမ၏ အိမ်နီးချင်းမိတ်ဆွေများကို မြည်းစမ်း ကြည့်စေရာ၊ အားလုံးကလည်း ကြိုက်နှစ်သက်ကြပါသည်။ ထိုအခါ သမီးယောက်မ နှစ်ယောက်သည် မိမိတို့ နေထိုင်သော အိမ်ကို စားသောက် ဆိုင်ပုံစံလေး အဖြစ် ပြောင်းလဲစေကာ၊ အမဲသား-တို့ ဟူး ဟင်းလျာ တစ်မျိုးတည်းကိုသာ ရောင်းချခဲ့ကြပါသည်။ သူမ၏ ကောင်းမွန်သော လက်ရာကြောင့် စီးပွားဖြစ် ရောင်းချနိုင်ခဲ့ကြပါသည်။

သူမသည် နောက်အိမ်ထောင် မပြုတော့ဘဲ ထို စားသောက်ဆိုင်သေးသေးလေးဖြင့် စီးပွား ရှာရင်း ကွယ်လွန် ခဲ့ပါသည်။ သူမကွယ်လွန်သွားခဲ့သော်လည်း သူမကို အစွဲပြု၍ ယနေ့  ထိတိုင် တရုတ်ပြည် တွင် ကျောက်ပေါက်မာ ထူလပျစ်မျက်နှာနှင့်အဖွားအို (ခေါ်) Ma-Po တို့ ဟူး ဟင်းလျာ ကို နှစ်ခြိုက်စွာ စားသုံးနေကြပါသည်။

ထိုဟင်းလျာချက်ပြုတ်ရန်အတွက် ဦးစွာ အမဲသား (၅၀-ကီလို)၊ နှင့် တို့ ဟူးအပျော့ (၂၀၀-ဂရမ်) တို့  ကို ရေဖြင့် ဆေးကြောသန့် စင်ပါ။ တို နော့က် အမဲသားကိုနုပ်နုပ်စဉ်း၍၊ တို့ ဟူး ကို ၁-လက္မအရွယ် အတုံးကလေးများ တုံးပြီး တစ်ပန်းကန်စီ ထားပါ။ ငရုပ်သီး၊ အတန်ငယ်ပူစပ်ေ သာတရုပ်ဟင်းခတ်မှုန့် ၊ ပဲငပိ၊ ပြောင်းဖူးမှုန့် (သို့ မဟုတ်)အာလူးအမှုန့် ၊ ဆား၊ သကြားဖြူ၊ ဟင်းချက်ဝိုင်၊ ပဲငန်ပြာရည်၊ အစိမ်းရောင် ကြက်သွန်နီ နှင့် ဂျင်း စသည်တို့ ကိုတော့ မိမိခံ တွင်းတွေ့ ရာ ပမာဏ အတိုင်း အတာများ ထဲ့ပေးရ မည်ဖြစ်ပါသည်။

တချိန်တည်းမှာပင် ပြောင်းဖူး(သို့ မဟုတ်)အာလူးအမှုန့် ကို ပျစ်သွားစေရန်ရေနူးပေး ထား ရပါသည်။ ဒယ်အိုးစောက် ထဲတွင် ရေတစ်ဝက်ဖြည့်ကာ အပူပေးပါ။ ရေနွေးဆူလာပါက၊ အတုံး တုံးထားသော တို့ ဟူး ကို အိုးထဲသို့ ထဲ့ပါ။၁-မိနစ် ခန့်  ပြုတ်ပြီးနောက် ထိုတို့ ဟူးများကို ဒယ်အိုး ထဲမှဆယ်ယူပါ။ အိုးထဲမှရေများ ကို သွန်လိုက်ပြီးတော့ ထိုအိုးကို ပူလာသည်အထိ မီးအပူပေးပါ။ အိုးပူလာသောအခါ ဆီထဲ့၍ အိုးပတ်ပတ် လည်တွင် ဆီပူထိုးပါ။ ထို နော့က်ဂျင်းထဲ့၍ ၁၀-မိန စ်လောက် အိုးပေါ်တွင်လှိမ့်ပါ။ ပဲငပိထဲ့ပြီး အနံ့ မွှေးလာ သည်အထိ မိနစ်၂၀-လောက် မွှေပါ။

ထို့ နောက်အမဲသားထဲ့၍ ၁-မိနစ်လောက်ကြာသောအခါတွင်၊ ၀ိုင် နှင့် ပဲငံပြာရည်တို့  ထဲ့ပြီင်္းနောက်၊ အမဲသား ၉၀% အထိ ကျက်အောင် ချက်ပေးရပါသည်။ တို့ ဟူးအတုံးလေးများကို အိုးထဲ့သို့ လောင်းထဲ့ပြီး ဆားနှင့် သကြားဖြူ ထဲ့ကာ၊ ၄င်းတို့ ကိုသမသွားအောင် ၂-မိနစ်လောက် ကြော်ရပါ သည်။ စောစော က ဖျော်ထားခဲ့သော ပြောင်းဖူးမှုန့် ကော်ရည် ကိုထဲ့၍ အမဲ သားနှင့် တို့ ဟူးတို့ တွင် စိမ့်ဝင်သွားစေရန် အတွက် မိနစ်၂၀-လောက် ချက်ပေးရပါ သည်။ နောက်ဆုံးတွင် မီးပိတ်လိုက်ပြီး နောက်၊ အစိမ်းရောင် ကြက်သွန်နီ နှင့် အတန်ငယ်ပူ စပ်သော တရုက်ဟင်းခတ်မှုန့် တို့ ကိုရောထဲ့ပေးရပါသည်။ အိုးထဲတွင် အားလုံး ရောသ မသွားစေရန် အတွက် ယောက်ချိုဇွန်းကြီးဖြင့် မွှေပေးရပါသည်။ Ma-Po တို့ ဟူးဟင်းလျာ ကိုစားသုံးနိုင်ပါပြီ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...