Ubuntu OS တွင် Screenie ကို ထည့်သွင်း အသုံးပြုခြင်း

By: သီဟ

Ubuntu OS ပေါ်တွင် Screenshot ပြုလုပ်တတ် သူများအတွက် Screenshot တွေကို မည်သည့် Photo Editing Software မှ အသုံးပြုရန်မလိုဘဲ အလင်းအမှောင် ချိန်ညှိပေးခြင်း၊ Reflection များပြုလုပ်ပေးခြင်း၊ သဘာဝကျ စေရန်အတွက် အရိပ်များကို ထည့်သွင်းပေးခြင်း အစရှိတာတွေ ကို ပြုလုပ်နိုင် စေရန်အတွက် စီစဉ်ဖန်တီးပေး ထားတဲ့ Tool တစ်ခု ဖြစ်ပါတယ်။

Ubuntu OS မှာ Screenie ကိုထည့်သွင်း အသုံးပြုဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို Update အရင် ပြုလုပ် ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ် ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ Screenie ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command တွေ ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install screenie-qt

ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ အဆိုပါCommand ကို ထည့်သွင်းလိုက်ပြီဆိုရင် လိုအပ်တဲ့ Package File တွေကို Download ပြုလုပ်ပေးသွားမှာဖြစ်ပြီး၊ Download ပြုလုပ်ပြီးပါက တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Screenie ကို အသုံးပြုဖို့အတွက် Terminal မှာအောက်ဖော်ပြပါ Command ကို အသုံးပြုရ မှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့ -

screenie-qt

ဆိုတဲ့ Command ဖြစ်ပါတယ်။ အဆိုပါ Command ကို ထည့်သွင်းလိုက်ရင် Screenie Windows တစ်ခု တက်လာမှာ ဖြစ်ပြီး စတင်အသုံးပြု နိုင်ပြီဖြစ်ပါတယ်။

Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...