Posts

Showing posts from May, 2015

ဆူမိုတွေနဲ့ ရိုးရာ ကလေး အငိုပြိုင်ပွဲ

Image
ဟိန်းထက် တိုကျို ၊ မေ ၈ ဆူမို နပန်း သမားကြီးတွေက ကလေးတွေကို ငိုပြီးရင်း ငိုအောင် လုပ်နေကြသည်ကို မိဘများက ပြုံးရွှင် ၀မ်းသာစွာနဲ့ ကြည့်ရှု အားပေးကြသည့် ရိုးရာပွဲမျိုး ဂျပန်နိုင်ငံတွင် ပြီးခဲ့သော နှစ်ပေါင်း လေးရာကစပြီး ယခုထိ ကျင်းပနေဆဲ ဖြစ်သည်။ ဆူမိုများလက်မှာ အပ်ပြီး ငိုအောင်လုပ်ခြင်းသည် ကလေးကို တစ်သက်လုံး ကျန်းမာသန်စွမ်း စေသည်ဟု ဂျပန်လူမျိုး အများစုက ယုံကြည်ကြသည်။ အသက် တစ်နှစ်အောက် ကလေးများချည်းသာ ပါဝင်သည်။ တိုကျို မြို့ ယူကီဂါရာ ဟာချီမန် ဘုရားကျောင်းတွင် ကလေး အငိုပြိုင်ပွဲ နှစ်စဉ် ကျင်းပသလို နိုင်ငံတစ်ဝန်းတွင်လည်း ကျင်းပလေ့ ရှိသည်။ ဆူမိုများက ငိုအောင်လုပ်ခြင်းဖြင့် ကလေးသည် ငိုယိုကာ ကြီးလာလျှင် သန်မာအောင် လုပ်မည်ဟူသော မခံချင်စိတ်များ နိုးကြားသဖြင့် ကြီးလာသည့်အခါ ပိုသန်မာလာသည်ဟု မိဘများက ယုံကြည်ကြသည်။ ဆူမိုနပန်း သမားကြီးများက ကလေးငယ်များကို ကိုင်မြှောက်ကာ ငိုအောင် အမျိုးမျိုး လုပ်ကြသည်။ ကလေးများ၏ ငိုသံကို ဘုရားရှင် ကြားရသဖြင့် ထိုကလေးများသည် ကျန်းမာသန်စွမ်းပြီး ကြီးလာကြကြောင်းလည်း ယုံကြည်ကြသည်။ ပွဲတော် ကျင်းပသည့် နည်းလမ်းများကား ဒေသတစ်ခု

အဆီပြန်သော မျက်နှာကို ဘယ်လို ထိန်းသိမ်းမလဲ

Image
မိုရ်မိုရ် ( YUFEL) မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ၀က်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေကို အဖုအပိမ့်တွေ ထွက်စေပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။ ၁။ သန့်စင်ပေးပါ။ အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။ အဆီမပါဝင်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါဝင် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါဝင်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey. ၂။ ဂျီးချွတ်ပေးပါ။ ဂျီးချွတ်ပေးတာက အဆီပြန်တဲ့ မျက်နှာအတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။ ဘ

သင့်ကလေး စာများများဖတ်အောင် လေ့ကျင်ပေးသော နည်းလမ်းများ

Image
သင့်ကလေး များများစာဖတ်ဖို့ သင့်မှာ တာဝန် ရှိပါတယ်။ စာဖတ် ၀ါသနာဟာ မွေးရာပါ မဟုတ်ပါဘူး၊ ပျိုးထောင်ပေးလို့ရပါတယ်။ သားသမီးတွေကို တမင်တကာ၊ အတင်းအဓမ္မ စာဖတ်ခိုင်းခြင်းထက် မသိမသာလေး ၀ါသနာ ပါလာအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်းဟာ ပိုမိုထိရောက်တတ်ပါတယ်။ အကြံပြုလိုတဲ့ နည်းလမ်းများကတော့ ... မိသားစုခရီးထွက်ရင် သက်ဆိုင်တဲ့ စာအုပ်တစ် အုပ်ယူသွားပါ ဆိုပါစို့၊ ငပလီသွားရင် ပင်လယ် (သို့) ပင်လယ် ကမ်းခြေနဲ့ဆိုင်တဲ့ စာအုပ်မျိုး၊ ရေကူးတာနဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး။ ပင်လယ်စာအချက် အပြုတ်နဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး၊ နောက်ဆုံး ငါးဖမ်းတဲ့ စာအုတ်မျိုးကအစ ရွေးယူသွားလို့ရပါတယ်။ အားလပ်တဲ့အချိန်ကျရင် ကလေးတွေနဲ့ ဆွေးနွေးလို့ရတာပေါ့၊ တွေ့ရတဲ့ အခြေအနေနဲ့ စာအုတ်ထဲကပါတဲ့ အကြောင်းအရာတွေနဲ့ အမေးဖြေလုပ် လို့ရပါတယ်။ ကလေးတွေကို စာတွေ့လေ့လာခြင်းနဲ့ လက်တွေ့လေ့လာခြင်း ပူးပေါင်း အသုံးပြုလာအောင် မသိမသာလေ့ကျင့်တဲ့ သဘောပါ။ ပုဂံသွားမယ် ဆိုရင်လည်း သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ်၊ ဘုရားပုထိုးနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ် ယူသွားလို့ ရပါတယ်။ စာကြည့်တိုက် များများသွားပေးပါ။ ကလေးကိုခေါ်ပြီး စာကြည့်တိုက် များများ သွားသင့်ပါတယ်။ ကလေးတွေ က

ကမ္ဘာ့လျှာအရှည်ဆုံး ဆယ်ကျော်သက် အမျိုးသမီး

Image
ကမ္ဘာ့ လျှာအရှည်အဆုံး လူသားဟာ အသက် ၁၈ နှစ်အရွယ် သာရှိသေးတဲ့ ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဖြစ်နေတာကို တရားဝင်ဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားနေကြပါတယ်။ လျှာရှည်တယ်ဆိုတာ စကားများတာကို ပြောတာမဟုတ်ပါဘူး။ စကားပြောတဲ့ လျှာရဲ့အလျှားအရှည် ကိုပြောတာဖြစ်ပါတယ်။ နစ်စတိုဘာလ်ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ လျှာဟာ ၃.၉ လက်မအထိ ရှည်လျှားတာကြောင့် လောလောဆယ်မှာ ကမ္ဘာ့အရှည်ဆုံး လျှာပိုင်ရှင်ဖြစ်နေပါတယ်။ သူမရဲ့ရှည်လျှားတဲ့ လျှာတွေကိုအသုံးပြုပြီး အထူးအဆန်း လုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေကို youtube ပေါ်မှာ တင်ရာကတဆင့် နစ်ဟာ ပရိသတ်အတော်များလာခဲ့ပြီဖြစ်ပါတယ်။ ၄ လက်မနီးပါးရှည်လျှားတဲ့ သူမရဲ့လျှာဟာ ကိုယ့်မေးစေ့ကို ကိုယ်ပြန်ထိလို့ရပါတယ်။ ဒါတင်မက သေးပါဘူး။ နှာခေါင်း၊ တံတောင်ဆစ်နဲ့ ကိုယ့်မျက်လုံးကိုတောင် လျှာနဲ့ ပြန်ထိနိုင်လောက်အောင် ရှည်လျှားပါတယ်။ သူမအမေပြောတာကတော့ သူမလျှာရှည်တာဟာ မျိုးရိုးလိုက်သွားတာဖြစ်ပြီး သူမအဘိုး၊ အဘွားတွေလည်း သာမန်လူတွေထက် ရှည်လျှားတဲ့လျှာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ Ref - wittyfeed Planet Myanmar News http://www.planet.com.mm/detail/27784/World -----------------------------------

တခြားနိုင်ငံတွေထက်သာတဲ့ စင်္ကာပူရဲ့အားသာချက် ၉ ချက်

Image
အကျယ်အဝန်း အားဖြင့် ၇၁၈ ကီလိုမီတာသာ ကျယ်ဝန်းတဲ့ စင်္ကာပူနိုင်ငံဟာ နေချင် စရာကောင်းလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တခြားဘယ်နိုင်ငံမှ လိုက်မမီနိုင်သေးတဲ့ တိုးတက်မှုတစ်ချို့ကို စင်္ကာပူမှာ တွေ့နိုင်ပါတယ်။ အခြားနိုင်ငံတွေ လိုက်မယှဉ်နိုင်သေးတဲ့ စင်္ကာပူရဲ့ အားသာချက် ၁၀ မျိုးကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ ၁။ တစ်ဦးချင်း ချမ်းသာကြွယ်ဝသူ ပေါများခြင်း အာရှမှာတော့ မီလျံနာအပေါဆုံးနိုင်ငံက စင်္ကာပူဖြစ်ပါတယ်။ အိမ်သား ဆယ်ယောက်ရှိရင် တစ်ယောက်က မီလျံနာသဌေးဖြစ်နေပါတယ်။ ဒါဟာ ဘော့စတွန်အကြံပေးကုမ္ပဏီကပြုစုတဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု စစ်တမ်းအရ သိရတဲ့အချက်ဖြစ်ပါတယ်။ မှုခင်းဖြစ်ပွားမှု အနည်းဆုံးနိုင်ငံလည်းဖြစ်သလို လေထုသန့်စင်မှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ၂။ ဝံ့ကြွားတဲ့ ကားပါကင်များ ဆောက်လုပ်ရေးလုပ်ငန်း အဆင့်မြင့်တဲ့နိုင်ငံဖြစ်တာကြောင့် အဆောက်အဦတွေကို လိုအပ်သလို ဒီဇိုင်းဖော်ထားတာ စင်္ကာပူဖြစ်ပါတယ်။ Hamilton Scots လူနေအိမ်ရာဆိုရင် ကိုယ့်ကားကို ဓါတ်လှေကားထဲ မောင်းဝင်သွားပြီး အိမ်ခန်းထဲအထိ မောင်းသွားနိုင်ပါတယ်။ အိမ်ခန်းအတော်များများကတော့ ကားတွေကို ဧည့်ခန်းမှာထားလေ့ရှိပါတယ်။ စင်္ကာပူမှာ ကားရပ်စရာမြေနေရာလည်းရှာ

စာဖတ်ခြင်းနှင့် ကြီးမြတ်သော လူမျိုး

Image
ဆရာမြသန်းတင့်၏ ဆောင်းပါးခေါင်းစီးကို ယူပြီး သုံးထားကြောင်း ကျွန်တော် ကြိုတင်၍ ဝန်ခံထားလိုပါသည်။ အကြောင်းခံရှိနေသောကြောင့်ပါ။ (၃-၅-၂၀၁၅) ရက်ထုတ် ‘စံတော်ချိန်’ အတွဲ (၃) အမှတ် (၇၃၉) စာမျက်နှာ ၁၅ တွင် ကျွန်တော်ရေး သားခဲ့သော ‘စာဆိုတော်ကြီးမှိုင်း၊ မိုး၊ ဇေတို့ရဲ့စာပေ စိတ်ဓာတ်နဲ့စာမဖတ်သူ ပပျောက်ရေးစေတနာ’ ဆောင်းပါးထဲမှာ ‘ဂျွန်ရပ်စ်ကင်း (John Ruskin)’ ၏ စာဖတ်ကြဖို့တွန်းအားပေး လှုံ့ဆော်ရေးကိုဖော် ပြခဲ့ရာ ကျွန်တော့်သူငယ်ချင်းစာရေးဆရာသုံးဦးနှင့် စံတော်ချိန်စာချစ်သူတစ်ဦးက ဂျွန်ရပ်စ်ကင်း၏ ရာ စုခေတ်ကာလ ကွဲလွဲနေကြောင်းနှင့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့၊ တွန်းအားပေးလှုံ့ဆော်ချက် အနှစ် ချုပ်ကိုဖော်ပြပေးမှ အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း အကြံပြုထောက်ပြခဲ့ကြပါသည်။ စာပေဟောပြောပွဲအချို့တွင် ကျွန်တော်နှင့် သူငယ်ချင်းမောင်စိန်ဝင်း (ပုတီးကုန်း) ကလူငယ်တွေ ခေတ်နောက်မကျအောင်၊ အောက်ကျနောက်ကျမဖြစ်အောင်၊ တိုးတက်ကြီးပွားအောင် အားကျအတု ယူဖွယ်ရာ ကောင်းလွန်းလှသည့် ဂျွန်ရပ်စ်ကင်း၏ စာဖတ်ကြဖို့ တွန်းအားပေးလှုံ့ဆော်ချက်များကို အခါအခွင့်သင့်သလို ထည့်သွင်းဟောပြောနေကျမို့ ကျွန်တော်ကလည်း စာမဖတ်သူပပျောက်ရေး ဆောင်ပုဒ်နှင့် လျော်

သုံးပြီးသား လက်ဖက်ခြောက် အိတ်လေးတွေရဲ့ အံ့ဖွယ် အသုံးဝင်ပုံ

Image
လစ်ပ်တန်တီးလို တစ်ခါသောက် လက်ဖက်ခြောက် အိတ်လေးတွေဟာ သုံးပြီးတာတောင်မှ အကျိုးရှိ တာတွေ ထပ်လုပ်ရတာမို့ အပြည့်အဝ အသုံးချနိုင် ဖို့အတွက် လုပ် ကြည့်နိုင်တာလေးတချို့ကို မျှဝေ လိုက်ပါတယ်။ အနံ့ဆိုးကင်းစေခြင်း ရေခဲသေတ္တာထဲမှာ ဟင်း တွေ၊ မုန့်တွေ အကြာကြီးသိမ်း ထားပြီး အနံ့အသက် မကောင်းဘူး ဆိုရင်တော့ သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးက အနံ့ဆိုး တွေစုပ်ထားနိုင်သလို အမှိုက်ပုံး အောက်ခြေနားမှာ ထားပြီးတော့လည်း အနံ့ဆိုးမထွက်အောင်လုပ် နိုင်ပါသေးတယ်။ လက်အနံ့ဆိုးပျောက်စေခြင်း ငါး၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီတွေကိုင်ပြီး ဆပ်ပြာနဲ့ဘယ် လောက်ဆေးဆေး နံနေတုန်းပဲဆို ရင်တော့ လက်ဖက်ခြောက်အိတ် ဟောင်းလေးကိုဖွင့်ပြီး ပွတ်ဆေး နိုင်ပါတယ်။ အရွယ်တင်စေခြင်း ရေချိုးကန်ကို ရေနွေးနွေး လေးအပြည့်ထည့်ပြီး သုံးပြီးသား လက်ဖက်ခြောက်အိတ်လေး တချို့စိမ်ထားပြီး ရေချိုးမယ်ဆို ရင် အရေပြားဆဲလ်တွေ မပျက်စီး အောင် ကာကွယ်နိုင်သလို အရွယ်တင်နုပျိုစေပါတယ်။ ခံတွင်းနံ့ကင်းစေခြင်း အယ်လ်ကိုဟောပါတဲ့ ခံတွင်းနံ့ပျောက်ဆေးရည်တွေ ဟာ ပလုတ်ကျင်းပြီးတဲ့အခါ ပါးစပ်ထဲမှာခြောက်ပြီး ကျန်ခဲ့စေ ပေမယ့် သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးကို ရေနွေးဆူ ဆူနဲ့ စိမ်ထားပြီး အေးသွ

မုန်လာဥနီဖျော်ရည် ဘာကြောင့်သောက်သင့်သလဲ

Image
မုန်လာဥနီမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့် ကျင် ဂုဏ်သတ္တိတြွေ ကွယ်ဝတာ ကြောင့် နေ့စဉ်စားသောက်မှုပုံစံ ထဲမှာ ထည့်သွင်း ထားဖို့လိုအပ် သလို အမျိုးမျိုးအဖုံဖုံလုပ်ဆောင် စားသောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အထိရောက် ဆုံးဖြစ်စေ တာကတော့ ဖျော်ရည်လုပ်ပြီးသောက် သုံးခြင်းပါပဲ။ ဘယ်လိုကောင်း ကျိုးတွေ ရရှိနိုင် လဲဆိုတာ သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာ ကြောင့် အစာချေဖျက်မှုကောင်း စေတဲ့အပြင် အသည်းကျန်းမာ ရေးအတွက်လည်း ကောင်းကျိုး ပြုပါတယ်။ မုန်လာဥနီဖျော်ရည် မှာ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဗီတာမင် အေ၊ စီ၊ အီး၊ ကေတို့ပါဝင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေတာ ကြောင့် အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုးမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေ မဖြစ်ပွားအောင်လည်း ကာကွယ် ပေးနိုင်သလို ဆဲလ်တွေပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါ တယ်။ မုန်လာဥနီဖျော်ရည်မှာ ကယ်လိုရီပမာဏလည်းနည်းတာ ကြောင့် ကိုယ်အလေးချိန်လျှော့ လိုသူတွေအတွက် အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ ဒါတင် မက မျက်စိကျန်းမာရေးကောင်း စေပြီး အမြင်အာရုံစူးရှစေနိုင်ပါ တယ်။ အဆစ်အမြစ်နာကျင်၊ ကိုက်ခဲတာတွေနဲ့ ရောင်ရမ်းတာ တွေကို

ဆီးချိုရောဂါ ရှင်များအတွက် အကောင်းဆုံး အသီးအနှံများ

Image
သစ်သီးများတွင် ပါဝင်သော သကြားဓာတ်မှာ ဆီးချိုရောဂါရှင်များနှင့် ကိုယ်အလေးချိန် ပိုများနေ သူများအတွက် မကောင်းသော ထိခိုက်မှု ရှိသော်လည်း ဆီးချိုရောဂါ ရှင်များအတွက် ခန္ဓာကိုယ်ကို အကျိုးရှိစေ ရုံသာမက အင်ဆူလင် ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည့် အချို့သော သစ်သီးများကိုမူ စားသုံးရန် ဆရာဝန်များက လမ်းညွှန်ထားသည်။ အနီရောင် ဂရိတ်ဖရု သီးများမှာ ဆီးချိုရောဂါသည် များအတွက် ကျန်းမာရေးနှင့်အညီဆုံး သစ်သီးဖြစ်ပြီး တစ်နေ့လျှင် ဂရိတ်ဖရုသီး တစ်ခြမ်းစားပေးရန် ဆရာဝန်များက အကြံပြုထားသည်။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများအပြင် အမျှင်ဓာတ်နှင့် ဗီတာမင် ဓာတ်များစွာပါဝင်သော ဘယ်ရီသီးများကိုလည်း ဆီးချိုရောဂါသည် များစားပေး သင့်သည်ဟု ဆရာဝန်များက လမ်းညွှန်ထားသည်။ ဖရဲသီး၊ သခွားမွှေးသီး (သို့မဟုတ်) သခွား မသီးတို့တွင် ဗီတာမင် ဘီနှင့် စီတို့ ကြွယ်ဝစွာ ပါဝင်သည့်အပြင် ပိုတက်ဆီယမ်နှင့် အခြား ကျန်းမာရေးနှင့်ညီသော ဓာတ်များ ပါဝင်သောကြောင့် ခန္ဓာကိုယ် အတွက် အကျိုးရှိစေမည်ဖြစ်သည်။ ဆီးချိုရောဂါရှင်များ တစ်နေ့လျှင် ချယ်ရီသီး ၁၂ လုံးခန့် စားပေးသင့်ကြောင်း ဆရာဝန်များက အကြံပေးထားသည်။ မက်မွန်သီးများတွင် ဗီတာမင်အေနှင့် စီအပြင် ပိုတက်ဆီယမ်နှင့်

မြောက်ကိုးရီးယားနိုင်ငံမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ကျွန်ုပ်တို့ နေ့စဉ်လုပ်နေတဲ့ အရာ (၁၀) ခု

Image
ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူလိုက်ပါ။ အနည်းဆုံးတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ သောက်စားနေလို့ ရတယ်။ ပျင်းတဲ့အချိန် တီဗွီကြည့်လို့ ရတယ်။ နောက်ပြီး အိပ်ခန်းထဲ ကိုယ်ကြိုက်တဲ့ သီချင်းတချို့ကို နားထောင်ပြီး ပေါက်ကွဲလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက မြောက်ကိုရီးယားနိုင်ငံမှာ တရားမဝင် ဖြစ်နေလို့ပါပဲ။ ၁။ အရက်သေစာ သောက်စားခြင်း ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်အရာရှိ တစ်ဦးဟာ ရက်ပေါင်း ၁၀၀ ကြာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်လုပ်နေစဉ်အတွင်း အရက်သေစာသောက်စားပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ Kim Jong-il ကို မလေး မစားပြုခြင်းကြောင့် ကွပ်မျက်ခံ ခဲ့ရပါတယ်။ ၂။ ရုပ်မြင်သံကြားကြည့်ရှုခြင်း တောင်ကိုရီးယား ရုပ်မြင်သံကြား တင်ဆက်မှုတွေ ကြည့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က လူ အယောက် ၈၀ ကို အများရှေ့မှာ ကွပ်မျက်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီလို သေဒဏ်ပေးတာကို ကလေးတွေ အပါအဝင် လူ ၁၀,၀၀၀ ကို အာဏာပိုင်တွေက မဖြစ်မနေကြည့်ရှုစေ ခဲ့ပါတယ်။ ၃။ ယာဉ်မောင်းခြင်း အစိုးရ အရာရှိတွေသာ ကားပိုင်ဆိုင်ခွင့် ရှိတယ်။ မြောက်ကိုရီးယားမှာ လူအယောက် ၁၀၀ မှာ တစ်ယောက်မျှသာ ကားပိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ၄။ သီချင်

Heat Stroke အဖြစ်များနေ ကာကွယ်မနှေး အထူးသတိပေး

Image
ယနေ့ မြန်မာနိုင်ငံ တွင်းရှိ တစ်ချို့ ကျေးလက်ဒေသနှင့် မြို့ ပြများတွင် အပူချိန် အလွန်ပြင်းထန်း လာနေခြင်းကြောင့် နောက်ဆက်တွဲအဖြစ် လူအများ အပြားတွင် အပူ ရှပ်ရှြော့ဖစ်သည့် Heat stroke များ အဖြစ်များနေ ပါသည် ။ သက်ကြီး ရွယ်အိုများ လူလတ်ပိုင်းများ ကလေး သူငယ်များ အရွယ် မရွေးဖြစ်ပေါ်နေပါသည် အခုလို့ ရာသီဥတုပူပြင်းသော အချိန်တွင် ကျန်းမာရေး အတွက် အရေးကြီးသော အချိန်အခါလို့ လည်း သတ်မှတ်လို့ ရနိုင်ပါသည် ။ အဝလွန်သောသူများ အရက်သောက်သုံးသူများ နေ့ ခင်းပိုင်း နေပူထဲတွင် အလုပ် လုပ်နေသော သူများ အထူးသတိ ထားကြပါ ။ သက်ကြီး ရွယ်အိုများကို အရိပ်ကောင်းပြိး အေးသောနေရာတွင် သွားရောက်နေထိုင်ပါ သည်လို အပူရှိန်ပြင်းထန်သည့် ဥတုရာသီတွင် အရေးကြီးပါသည် ။ Heat stroke သည် လူ့ ခန္ဓာကိုယ်တွင် အပူဒဏ်ခံရသော ဖြစ်စဉ်ခံစားမှု့ တွင် အဆိုးဝါးဆုံးဖြစ်ပြီး လူ့ အသက်ပင် အန္တရာယ်ပြု့ နိုင်ပါသည် ။ အပူရှိန်မြင့်မားသည့် အရှိန်ကြောင့် လူခန္ဓာကိုယ့်ရေဓာတ်များ ဆုံးရှုံးခြင်းများလာလို့  အာခေါင်တွေခြောက်ကပ်လာမယ် ချွေးများစွာ ထွက်ပေါ်လာခြင်းကြောင့် ထပ်မံပြီးတော့ ဓာတ်ဆားတွေပါ ဆုံးရှုံးလာသည့်အတွက် လူ့ ခန္ဓာကိုယ်သည် မလှုပ်ချင်ဖြစ်ပြီး အင်အားများချည

ပူပြင်းရာသီ အအေးကြိုက်က ဘေးတွေ့ တက်သည်

Image
ယခုလို ရာသီဥတု ပူးပြင်လာမှု့ ကြောင့် အပူလျှပ်ခြင်း များဖြစ်တက်သဖြင့် အထူး သတိထားရန် အသိပေးပါသည် ။ အပူလျှပ်ခြင်းကြောင့် အသက်အန္တရာယ် ရှိနိုင်သဖြင့် အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့  လည်း လိုအပ်ပါသည် ။ အလွန် ပူပြင်းသောနေ့ ခင်းပိုင်း အချိန်တွင် အပူသက်သာစေရန် ရေစိုနေသော အဝတ်များကို ခန္ဓာကိုယ်ကို ကပ်ထားခြင်း ၊ ဦခေါင်းပေါ်တွင် တင်ထားခြင်း ၊ ရေခဲရေကို သောက်ခြင်း ၊ အေးသော ရေဘူး နှင့် တာဝါ တို့ ဖြင့် ခန္ဓာကိုယ်အပေါ်တိုက်ခြင်း ကပ်ခြင်းမျိုးကို လုံးဝ မလုပ်ဆောင်သင့်ပါ ။ အပြင်မှရောက် လာပြီးပြီးချင် ရေလောင်းခြင်း ရေချိုးခြင်းကို ရှောင်သင့်ပါတယ် ။ ပူပြင်းနေသောကြောင့် ရေချိုးခြင်းကို မနက် ၁၁ နာရီ နှင့် ညနေခင်း ၄ နာရီအတွင်းရေချိုးခြင်း မပြု့ လုပ်ဘဲ လေးနာရီကျော်မှာသာလျှင် ရေချိုးသင့်ပါသည် ။ သည်လိုပူပြင်းသည့်ရာသီအချိန်အခါများတွင် သွေးတိုးရှိသူ အဝလွန်သူများ ရေချိုးခြင်းကို အထူးသတိထား သင့်ပါသည် ။ ပူပြင်းသောနေ့ ခင်းပိုင်းတွင် အဲယားကွန်း ဖွင့်ထားသော ကားအတွင်းနှင့် အခန်းများအတွင်းမှ အပြင်သို့ ရုတ်တရပ် ထွက်ခွာခြင်းမျိုး မလုပ်ဆောင်ရပါ သင့်အနေဖြင့်အပြင်သို့ ထွက်မိဆိုပါက ကားအတွင်းဖြစ်လျှင် မှန်များကို ခဏတာချထား

အွန်လိုင်းကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ

Image
ယနေ့ အချိန် ကာလဟာဖြင့် မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ လူတိုင်းနီးပါး သုံးနိုင်တဲ့ အနေအထား တစ်ခုကို ရောက်ရှိလာပါပြီ။ ဈေးကြီးတယ်ပဲ ပြောပြော၊ လိုင်းမကောင်းဘူးပဲ ပြောပြော လူတိုင်း လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ သုံးနေတတော့ အမှန်ပဲ။ နယ်ဘက်တော့ မသိပါ။ ရန်ကုန်မှာတော့ အင်မတန်ကို များနေပါပြီ။ ဒီတော့ အွန်လိုင်းကို ဘယ်လို အကျိုးရှိရှိ အသုံးပြုလို့ရတယ် ဆိုတာ အကြံပေး ပါရစေ။ နင် အင်တာနက် သုံးတတ်လားလို့ မေးရင်။ ဟင့်အင်း Facebook ပဲ သုံးတတ်တယ်လို့ ဖြေတဲ့သူက ဖြေပါတယ်။ အမှန်တကယ်က Facebook သုံးတယ် ဆိုတာ Internet အသုံးပြုခြင်းရဲ့ တစ်စိတ်တစ်ပိုင်း သော လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါကို ကိုယ်က မသိပဲ စီးမျောနေတော့ မလွယ်ပါဘူး။ မှန်ကန်သော အရင်းအမြစ်များမှ သတင်း အချက်အလက် များကိုသာ စားသုံးစေလို အရင်ဆုံး အရေးကြီးဆုံး အချက် အနေနဲ့ သတင်းအချက်အလက် ရယူခြင်းကနေ စတင်ချင်ပါတယ်။ Facebook ပေါ်မှာ သတင်း တက်လာတိုင်းလည်း မယုံပါနဲ့။ Facbebook ဆိုတာ သတင်းဖတ်စရာ နေရာလို့ မှတ်ယူထားလို့ မရပါဘူး။ သူက သတင်းများရှိရာကို ညွန်ပေးတဲ့ နေရာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက်လိုင်း အခြေအေနကြောင့် ဘယ် ဝဘ်ဆိုဒ်ကိုမှ

Fix Sensor Error For Samsung Galaxy Neo Plus I9060i

Image
Samsung Galaxy I9060i ကို Root လုပ်ပြီး Sensor Error တက်လို့မေးထားတဲ့ သူတွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ်တာလေးကို Download ရယူ လိုက်ပါခင်ဗျာ။ Fix Sensor Samsung Galaxy I9060i.rar Download ရယူပြီးရင်တော့ အောက်ကနည်းလေးအတိုင်း ပြုလုပ်လိုက်ပါ။ 1) install super su 2) install flashfiy 3) move boot.img form fix sensor folder to device 4) open flashfiy apk then grant for root 5) choose boot image 6) then you have choose where you have put boot.img file after reset phone the sensor will be work again Refer & Credit >>> hosam kashto ( forum.gsm ) …::: Original Link တွင်လေ့လာနိုင်ပါသည်။ :::… Ko Htoo ( MMAS ) --------------------------------------  ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

ပြန်ပြောမပြနိုင်သော အရာများ

Image
ဟိုးရှေးရှေး တုန်းက ရွာကြီးတစ်ရွာ ရှိတယ်။ ရွာမြောက်ဘက်မှာ ထူးဆန်းတဲ့ တံတိုင်းကြီးတစ်ခု ရှိတယ်။ ဘယ်အချိန် ကတည်းက ဘယ်သူဆောက်ခဲ့တဲ့ တံတိုင်းလည်းတော့ မသိဘူး။ နှစ်ပေါင်း ဘယ်လောက် ကြာမှန်း မသိတဲ့ တံတိုင်းကြီးရဲ့ တစ်ဘက်မှာ ဘာတွေ ရှိသလဲဆိုတာ လူတိုင်း သိချင်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မစူးစမ်းရဲကြဘူး။ တံတိုင်းပေါ်ကို သိချင်လို့ တက်သွားတဲ့ သူတိုင်းဟာ ပြန်ဆင်း လာလေ့ မရှိဘူး။ တံတိုင်းပေါ်ရောက်တာနဲ့ ပျော်ရွှင်စွာ လက်တွေကို ဆန့်တန်း၊ ရွှင်မြူးစွာအော်ပြီး တစ်ဘက်ကို ခုန်ဆင်း သွားကြတာ များတယ်။ အဲဒီ လူတွေ ဘယ်တော့မှ ရွာကို ပြန်ရောက် မလာကြတော့ဘူး။ သိချင်စိတ်တွေ ပြင်းထန်ပေမယ့် ပျောက်သွား တတ်တာကြောင့် မစူးစမ်းရဲတဲ့ သူတွေကို တစ်နေ့တော့ လူတစ်ယောက်က အကြံပြုတယ်။ ခြေထောက်ကို ကြိုးချည်ပြီး တံတိုင်းပေါ် တက်သွားမယ်။ တံတိုင်းပေါ် ရောက်ရင် ဟိုဘက်မှာ ဘာရှိတယ်ဆိုတာကိုကြည့်။ ကြည့်ပြီးရင် ဟိုဘက်ကို ခုန်းမဆင်းနိုင်အောင် သူ့ကို ကြိုးနဲ့ ပြန်ဆွဲချမယ်လို့ သူကပြောတယ်။ ဒီလိုနဲ့ တံတိုင်းပေါ်ကို ဘယ်သူတက်မလဲလို့ မေးလိုက်တော့ အမျိုးသမီး တစ်ယောက်က သူတက်ကြည့်ပါရ စေလို့ တောင်းဆိုတယ်။ ဒါကြောင့် သူမကို ခြေထောက်မှာ ကြိုးနဲ့ချည်လိုက်ပြီး တံတိုင

နှစ်ခါသေမှာ စိုးရိမ်လို့

Image
ဂျပန်ဧကရာဇ်ရဲ့ တပ်ကို တာဂျီးမားဟာ ဓားရေးနည်းပြဆရာ အနေနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ ရှိုဂန်းရဲ့ သက်တော်စောင့် လုပ်နေသူ တစ်ယောက်က သူ့ထံရောက်လာပြီး "ဆရာ .. ကျွန်တော့်ကို ဓားရေး ကျွမ်းကျင်အောင် သင်ပေးပါ" လို့ ရိုသေစွာ လာပြောတယ်။ ဒီတော့ တာဂျီးမားက "အေး မင်းရဲ့ အနေအထားကို ကြည့်ပြီးမှ သင်ပေးသင့်၊ မသင့် ငါဆုံးဖြတ်မယ်။ မင်းငါ့မေးခွန်း တစ်ခုဖြေရမယ်။ မင်း အရင်က ဘယ်ဆရာဆီမှာ ဓားရေးသင်ခဲ့သလဲ" လို့ မေးလိုက်တယ်။ သက်တော်စောင့်ကလည်း "ကျွန်တော် ဘယ်ဆရာ့ထံမှာမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးပါဘူး" လို့ပြန်ဖြေလိုက်တယ်။ ဒီလိုဖြေလိုက်တော့ တာဂျီးမားလည်း စိတ်ဆိုးသွားတာပေါ့။ ရှိုဂန်းဆီမှာ သက်တော်စောင့်ရာထူး ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ တော်ရုံ အရည်အချင်းနဲ့လည်း ရနိုင်တာမဟုတ်ဘူး။ "မင်း .. ငါ့ကို နောက်နေတာလား။ ငါက လူတစ်ယောက်ကို မြင်တာနဲ့သိတယ်။ မင်းပုံစံက ဓားရေးမတတ်ဘူးလို့ တော့ ငါ့ကိုလာမပြောနဲ့" ဟုဆိုလိုက်သည်။ "ဆရာ .. ဆရာ့ကို ကျွန်တော် အငြင်းအခုံ မပြုချင်ပါ။ ကျွန်တော် ဘယ်ဆရာထံကမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးတာတော့ အမှန်ဖြစ်ပါတယ်" "ကဲ … ဒါဆိုလည်း ဓားထုတ်၊ မင်းနဲ့ ငါ

ဦးကျည်ပွေ့ ဘရူတို

Image
အနောက် ဗာဂျီးနီးယား တက္ကသိုလ် သမိုင်းမှာတော့ အသက်အကြီးဆုံး ဘွဲ့ရတစ်ဦး ပေါ်ထွက်ခဲ့ပါပြီ။ အသက် ၉၄ နှစ်အရွယ် အန်သိုနီ ဘရူတိုဆိုတဲ့ အဘိုး တစ်ယောက်ဟာ မေလ ၁၀ ရက်နေ့က ဒစ်ပလိုမာဘွဲ့ တစ်ခုကို ရအောင် ယူသွားနိုင်ခဲ့ပြီလို့ AP သတင်းမှာ ဖတ်လိုက်ရတယ်။ အဘိုး ဘရူတိုဟာ အသက် ၇၅ နှစ်ကတည်းက မဆုတ်မနစ်ဇွဲနဲ့ ပညာကြိုးစား လာခဲ့တာ။ သူ ယခု ရမယ့်ဘွဲ့က Regents Bachelor of Arts ဘွဲ့လို့ သိရတယ်။ ဘရူတို တက္ကသိုလ် စတက်ခဲ့တာ ၁၉၃၉ ခုနှစ်ကတည်းကပါ။ အဲဒီခေတ်က ကျောင်းလခက ဒေါ်လာ ၅၀ ပဲရှိသေးတယ်။ ၁၉၄၂ မှာ သူကျောင်းထွက်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အချိန်အထိ လေတပ်မှာ တာဝန် ထမ်းဆောင်နေရလို့ ကျောင်းထွက် လိုက်ရတာ။ သူ ၁၉၄၆ ခုနှစ်မှာ တက္ကသိုလ်ပြန်တက်တယ်။ ဒါပေမဲ့ ကျောင်းပြီးအောင် မတက်လိုက်ရပါဘူး။ ဇနီးသည် နေမကောင်းတာနဲ့ ပြုစုပေးနေရလို့ ကျောင်းထွက် ခဲ့ရပြန်တယ်။ သူဟာ စက်ပြင်အလုပ်နဲ့ အသက်မွေးရင်းက ဘွဲ့တစ်ခုကို မရ,ရအောင်ယူမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။ သူ့ဘ၀မှာ ဘွဲ့တစ်ခုယူဖို့ပဲ အရေးကြီးတယ်လို့ သတ်မှတ်ပြီး အသက် ၇၅ နှစ်ကတည်းက ကြိုးစားလာလိုက်တာ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သူက ခေတ္တနားလိုက်ဦးမယ်၊ မာစတာဘွဲ့ယူဖို့ အားမွေးလိုက်ဦးမယ်လို့ ပြောသေးတယ

ကျောင်းကောင်းဆိုတာ

Image
- ကျောင်းကောင်းဆိုတာ ကိုယ့်ကျောင်း သားတွေကို ဂရုစိုက်တဲ့ ကျောင်းမျိုးဖြစ် ရမယ်။ ကျောင်းမှာ ရှိတဲ့ ကျောင်းသားတွေ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ သင်ပေးဖို့ လိုမလဲဆိုတာ သိရမယ်။ ကိုယ့် ကျောင်းကို လာတက်တဲ့ ကျောင်းသားတွေကို သင်ယူမှုမှာ စိတ်ဝင်စားအောင်၊ အားထုတ်မှုမှာ မြင့်မား လာအောင် လှုံ့ဆော်အားပေးနိုင်တဲ့နေရာ မျိုးဖြစ်ရမယ်။ - ကျောင်းကောင်း ဆိုတာ အရေး၊ အဖတ်၊ အတွက်၊ အတွေး၊ အလုပ်၊ အကျင့်၊ အပြော အားလုံးကောင်း အောင် နည်းပေးလမ်းပြ လုပ်ဆောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။ - ကျောင်းကောင်း ဆိုတာ ကျောင်းသားတိုင်းကို အကောင်းမြင်စိတ်ထား ပွားများနိုင်အောင် လေ့ကျင့်ပျိုး ထောင်ပေးနိုင်တဲ့ နေရာတစ်နေရာဖြစ်ရမယ်။ ပညာရေးဆိုတာ အတန်းတစ်တန်း တက်သွားတိုင်း ကျန်ခဲ့တဲ့အတန်းဟာ လမ်းဆုံးဖြစ်သွားပြီဆိုတဲ့ အယူအဆ အတွေးမျိုးတွေ ဖျောက်ပေးနိုင်ရမယ်။ ဘ၀တစ်သက်တာ ပညာရှာဖို့လိုတယ်။ ပညာသင်ကြားခြင်း၊ သင်ယူခြင်းဆိုတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည် ကြီးကို စိတ်ရှည်စွာ လျှောက်လှမ်းခြင်းဖြစ်ကြောင်း နားလည်အောင် လုပ်ပေးနိုင်ရမယ်။ - ကျောင်းကောင်းဆိုတာ ဆရာတွေက အမြဲနိုးကြားတက်ကြွပြီး ပြိုင်ဆိုင်မှုတွေကို ထက်သန်၊ စိန်ခေါ်မှု တွေကို လက်ကမ်းနေတဲ့ နေရာမျ

အောင်မြင်ချင်းအတူတူ

Image
မိုက်ကယ် ဆွင်းဆန်းသည် ရေကူးနှစ်သက် သူဖြစ်သည်။ ညနေကျောင်းဆင် ချိန်တိုင်းတွင် ရေကူးကန်သို့သွား သည်။ တစ်ပတ်ပြီး တစ်ပတ် မနားတမ်း ကူးတတ် သူလည်းဖြစ်သည်။ ရေကူးမှုနှစ် အတန်ကြာလာသည့် အခါတွင် သူမည်မျှစွမ်းဆောင်နိုင်ကြောင်း မှတ်ကျောက် အတင်ခံကြည့် လိုစိတ်တွေပေါ် လာသည်။ ငါဘယ်လောက် စွမ်းဆောင်နိုင်ကြောင်း ငါကိုယ်တိုင် သတ်မှတ်၍ မရပေ။ မိုက်ကယ်သည် တစ်နေ့တွင် ရေကူးပြိုင်ပွဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒေသဆိုင် ရာရေကူးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းစာများတွင် သူတွေ့လိုက်ရသည်။ မိုက်ကယ်သည် စာရင်း သွင်းလိုက်ပြီး ဆက်လက်လေ့ကျင့်နေသည်။ ပြိုင်ပွဲသည် ကန်ဖြတ် ၁၀ မိုင် ရေကူးပြိုင်ပွဲဖြစ်သည်။ လေးပတ်ခန့် မနားမနေလေ့ကျင့် အပြီးတွင် မိုက်ကယ်သည် ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။ နောက်ဆုံးတွင် ပြိုင်ပွဲနေ့သို့ရောက် လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်သူပေါင်း ရာနှင့်ချီပြီးရှိနေကြောင်း သူအံ့ဩစွာတွေ့ လိုက်ရသည်။ ကန်ပတ်လည်တွင်လည်း အားပေးသူထောင်နှင့် ချီပြီးရှိနေသည်။ ညွှန်ကြားချက်များဖတ်ပြပြီးနောက် ရေကူးပြိုင်ပွဲဝင်မည့်သူများ တန်းစီလိုက်ကြသည်။ သေနတ်ဖောက်လိုက် သည်နှင့် ပြိုင်ပွဲစတင်တော့သည်။ မိုက်ကယ်သည် သူလေ့ကျင့်ထားသည်

အမှားကြောက်ရောဂါ

Image
မျိုးဆက် တစ်ဆက်ရဲ့ စာသင်ခန်း ဆိုတာကို နောက်မျိုးဆက်တစ်ဆက်ရဲ့ အစိုးရအဖွဲ့အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိရ မယ်တဲ့။ အဲဒီစကားက အမေရိကန် သမ္မတကြီး အေဘရာဟင် လင်ကွန်းပြောသွားတယ်။ တန်ဖိုး ရှိလိုက်တဲ့ စကား။ ကျွန်တော်ဟာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားတယ်ဆိုရင် အရမ်းသဘောကျ တတ်သူဆိုတော့ သူ့စကားကို ပြန်ဆင်ခြင်မိပြီးတော့ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့မှာ မျိုးဆက်တစ်ဆက် မကပါဘူး။ မျိုးဆက်ပေါင်းများစွာ ဘယ်ကိုရောက်သွား ကြသလဲ။ နိုင်ငံခြားကို ကျွန်ခံဖို့ ထွက်သွားရသူတွေ၊ နိုင်ငံရေးလုပ်လို့ ထောင်ထဲရောက်နေတဲ့သူတွေ၊ လမ်းပေါ်မှာ၊ ပန်းခြံထဲမှာ၊ ဘီယာဆိုင်ထဲတွေမှာ၊ ဂိမ်းဆိုင်တွေထဲမှာ၊ အနာဂတ်ပျောက်နေတဲ့ မျိုးဆက်ပေါင်းများစွာဟာ စာသင်ခန်းထဲက ထွက်လာပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြတယ်။ ကျွန်တော်တို့ကျောင်းတွေနဲ့ ကျွန်တော်တို့ ပညာရေးစနစ်က မှားမှာကို ကြောက်စေတဲ့ ပညာရေးစနစ်ပါ။ ဒါကြောင့် မှားရင် မအောင်ဘူး၊ အမှတ်မရဘူး၊ ရှုံးမယ်လို့ သွန်သင်ထားခြင်းခံရတယ်။ ဆရာတွေနဲ့ မိဘတွေက လည်း အမှားကို ခွင့်မလွှတ်ဘူး။ ဒါကြောင့် မှားရင် အပြစ်ပေးတယ်။ ပြုပြင်ပေးဖို့ သတိမရဘူး။ မှားတာနဲ့ အပြစ် ပေးကြတော့ ကလေးတွေ မလုပ်ဝံ့

သရက်သီး အစိမ်းသနပ် စပ်စပ်လေး

Image
***... သရက်သီး အစိမ်းသနပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ… 1. သရက်သီး အကြီး – ၁ လုံး (600 g ခန်.) 2. ကြက်သွန်ဖြု – ၅ တက်ခန်. (၄ ပိုင်းခန့်ဖြတ်ပြီး လှီးထားပါ။) 3. 1 clove (လေးညှင်း) 4. 3 black peppercorns (ငရုတ်ကောင်း) 5. 1/4″ cinnamon stick (သစ်ဂျပိုး) 6. 14 methi seeds (fenugreek seeds) (ပဲနံ့သာစေ့) 7. ဆား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ 8. ဆီ (Vegi oil) – 1/2 cup (125 ml) 9. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ 10. hing – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံ 11. chilli powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးအကြမ်းမှုန်. မဟုတ်ပါ။) 12. အရောင်တင်မှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ 13. yellow crushed mustard seeds (အဝါရောင် မှုန်ညင်းစေ့) – ထမင်းစားဇွန်း ၁ ဇွန်း (ကျွန်မကတော့ crushedလုပ်ထားတာ ဝယ်မရလို. ငရုတ်ကျဉ်ပွေ့ဖြင့် ဖိကြိတ်ပြီး လုပ်လိုက်ပါတယ်။) #. ရေဆေးထားသော သရက်သီးကို မခွံမခွာပဲ လက်မတစ်ဆစ်ခန်. အတုံးလေးများ လှီးထားပါ။ (၁၅ နာရီခန်.ကြိုလှီးထားပြီး ပန်းကန်ပြားလေးထဲ ထည့်ကာ အနည်းငယ်နွမ်းအောင် ထားပါ။ နေပူမလှမ်းရန် မလိုပါ။) #. clove, cinnamon stick, black peppercorns နှင့် fenugreek

ထူးဆန်းသော ကင်ဆာ ကုထုံးသစ်

Image
နွေနေ့လယ် ခင်းဖြစ်၍ ရာသီဥတုက ပူပြင်းလှ၏။ ဒေါက်တာ ကျော်ဆွေသိန်းသည် Robera စားသောက်ဆိုင်အတွင်းတွင် ရောက်ရှိနေပြီး လေအေးစက် အရှိန်ကြောင့် အပူဒဏ် သက်သာနေ၏။ Robera စားသောက်ဆိုင် သည် ကမာရွတ်မြို့နယ် လှည်း တန်း (၈)ရပ်ကွက်၊ ခေမာလမ်းတွင် တည်ရှိ၏။ ထိုဆိုင်တွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အစားအစာ မျိုးစုံ ရရှိနိုင်၏။ ထိုစဉ် ဒေါက်တာတင် မောင်ဆွေ ဦးဆောင်၍ ခေါ်လာ သော မန္တလေးမှ ဧည့်သည်များ ရောက်ရှိလာ၏။ မုံရွာသား ဒေါက်တာလင်း နိုင်ထွန်း၊ ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာ သီတာမိုးကြည်၊ ဒေါက်တာ မိုးမိုးခင်နှင့် ဒေါက်တာဝင်းနီလာတို့အား ရန်ကုန် အလည်လာခိုက် ဧည့်ခံရန် ခေါ်ဆောင်လာ ခြင်းဖြစ်၏။ ''ဆရာလင်းတို့ ကြွကြပါ၊ ကြိုတင်မှာပြီးပါပြီ၊ သုံးဆောင်ဖို့ အဆင်သင့်ပါပဲ'' ''ကျေးဇူးပါပဲ ဆရာကျော် ရေ၊ ဘာတွေရသလဲဗျ'' ''ဟင်းမယ် ၆၇မျိုးရတယ်၊ ဖျော်ရည်က ၁၂ မျိုးရတယ်၊ ခုကျွန်တော် မှာထားတာက ဝက်စွတ်ပြုတ်ရယ်၊ ငါးပေါင်းရယ်၊ ကြက်ကုန်းဘောင်ရယ်၊ ကြက် တောင်ပံဟင်းရယ် မှာထားတယ်၊ ဆရာဆွေ ဘာမှာချင်သေးလဲ'' ''တုန်ယမ်းဟင်းချို ထပ် မှာပေးပါဗျ'' ''ရပါတယ် ဆရာဆွေ။ မှာ ပေးပါမ