မီးဖိုချောင် သန့်သန့်ကို နှစ်သက်သော အိမ်ရှင်မများအတွက်

သမန်းကျား၊ ရတနာပုံနေ့ စဉ်

သိပ်ကို မိန်းမပီသတဲ့ အမျိုးသမီးတွေမှာ ပထမဆုံးမြင်တွေ့ ရတတ်တဲ့ အရည်သွေးကတော့ သန့် ရှင်းမှုပါ။ သူတို့ ရဲ့  မီးဖိုချောင်ဟာ ဆိုရင်လည်း ရှင်းသန့် နေလေ့ ရှိပါတယ်။ ဒါပေမယ့် သတိမမူ၊ ဂူမမြင်ဆိုတဲ့ အတိုင်း သူတို့ လေးတွေ ကျန်သွားတတ်တဲ့ နေရာတွေ ရှိနေတတ်ပါတယ်။

လက်ကိုင်ကွင်း၊ လက်ကိုင်ဘု တွေ ကျန်သွား တတ်ပါတယ်။ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဗ်မီးဖို၊ လျှပ်စစ်မီးဖို၊ တံခါး လက်ကိုင်ဘု၊ မီးဖိုချောင်သုံး ဗီရိုငယ်တွေကို တစ်နေ့ တစ်နေ့  အကြိမ်ပေါင်းများစွာ ဆွဲဖွင့် မိနေတတ်ပြီး လက်က လည်း အမျိုးမျိုး ကိုင်မိထား တတ်တဲ့အတွက် အဲဒီ လက်ကိုင်ကွင်း၊ လက်ကိုင် ဘုတွေဟာ Listeria နဲ့  Ecoli လို ပိုးမွှားဘက်တီးရီးယားတွေ အလွန်ပေါများနေ တတ်ပါတယ်။ ဒီနေရာတွေကို ညတိုင်း မဖြစ်မနေ ပွတ်တိုက်သန့် ရှင်း ပေးဖို့  လိုအပ်ပါလိမ့်မယ်။

လက်ဆေးကန်ကို သန့် ရှင်းရေး သိပ်မလုပ်ဖြစ်ကြဘူး။ မီးဖိုချောင် လက်ဆေးကန်မှာရှိတဲ့ Ecoli ဘက်တီးရီးယားဟာ အိမ်သာထဲက ဘက်တီးရီးယား ထက်ကို များပါတယ်။ စိုစွတ်မှောက်မိုက်နေတဲ့ လက်ဆေးကန်ဟာ ဘက်တီးရီးယား တွေ ခိုအောင်းဖို့  အကောင်းဆုံးနေရာဖြစ်ပြီး ပေါက်ဖွားပြန့် ပွားနေလေ့ ရှိပါတယ်။ ဆပ်ပြာကိုရေနွေးနဲ့ ဖျော်ပြီး မှန် မှန် ဆေးကြောပေးဖို့ တော့ လိုအပ်ပါလိမ့်မယ်။

ကော်ဖီဖျော်စက်နဲ့ အမှုန့် ကြိတ်စက်တွေကို လျစ်လျူ မရှုထားပါနဲ့ ။ ဒါတွေကို သန့် ရှင်းရေးလုပ်တဲ့ အကြိမ်ရေထက် အသုံးပြုတဲ့အကြိမ်ရေက ပိုများနေတတ်ပါတယ်။ ကော်ဖီဖျော်စက်ကို တစ်လကို တစ်ကြိမ်လောက် ရှာလကာရည် ၁-ဆ၊ ရေ ၂-ဆ ရော ပြီး ဆေးပေးပါ။ ပြီးရင်တော့ ရှာလကာရည်အနံ့ ပျောက်သွားအောင် ရေသန့် သန့် နဲ့  ကျင်းပေးပါ။ အမှုန့် ကြိတ်စက်ကို ဆပ်ပြာရည်စိမ်ထားတဲ့ အ၀တ်စနဲ့  သုတ်ပါ။ ရေကျင်းပြီးရင် အနံ့ အသက်ပျောက် စေဖို့  ဆန်စေ့ထဲ မြုပ်ထားလိုက်ပါ။

အမှိုက်ပုံးကို မဆေးကြပါဘူး။ အမှိုက်မျိုးစုံထည့်ထားတဲ့ အမှိုက်ပုံးကို သွန်ပြီးရင် မဆေးဘဲ ဒီအတိုင်းထားကြပါ တယ်။ အတော် ၀ီရိယကောင်းတဲ့ အမျိုးသမီးတွေကတော့ အတွင်းအပြင်ကို ရေကျင်းတာတွေ လုပ်ပါတယ်။ ဒါပေမယ့် အမှန်တစ်ကယ်ပွတ်တိုက်ဆေးကြောပေးမှ အနံ့ အသက်ရော ပိုးမွှားပါ ကင်းစင်နိုင်မှာဖြစ်ပါတယ်။ ညစ်ပတ်ပါပေ့ ဆိုတဲ့အရာတွေချဉ်း ထည့်ကြတဲ့ အမှိုက်ပုံးကို ရှာလကာရည်ထဲ ရေခဲတုံးတွေပစ်ထည့်ပြီး အားပါး တရ ခလောက်ပြီး ဆေးနိုင်ပါတယ်။

ပန်းကန်ဆေးစက်ထဲ ဓါးတွေထည့်မဆေးပါနဲ့ ။ သစ်သားလက်ကိုင်တပ် ဓါးထက်မြတွေကို ပန်းကန်ဆေးစက်ထဲ ထည့်မဆေးသင့်ပါဘူး။ ဓါးကိုတုံးစေပြီး သက်တမ်းကိုလည်း နူတ်ယူသွားပါတယ်။ ဓါးကို လက်နဲ့ ပဲ ဆေးပါ။

လျှပ်စစ်မီးဖိုတွေရဲ့  အလိုအလျောက်သန့် စင်စနစ်ကို အရမ်းအားမကိုးပါနဲ့ ။ ပိုလို့ တောင် ပျက်စီးပါတယ်။ အလို အလျောက် သန့် စင်ဖို့  အပူချိန် ၁၀၀၀ ဒီဂရီအထက်ကို သုံးပါတယ်။ ဒီအပူချိန်ကို အဲဒီလျှပ်စစ်မီးဖိုတွေရဲ့  ဖျူးစ် တွေ့ ခလုပ်တွေ မခံနိုင်ပါဘူး။ လက်နဲ့ ပဲ သန့် ရှင်းရေးလုပ်ပါ။ ရေထိမရတဲ့နေရာတွေကို အခြောက်လျှော်မှုတ်ဆေး ဗူး တွေနဲ့  ဖျန်းပက်ဆေးကြောနိုင်ပါတယ်။ ဒါမှမဟုတ် ပီနံအိတ်တစ်လုံးထဲ လျှပ်စစ်မီးဖိုကိုထည့်၊ အ၀ကိုစုကိုင်ပြီး အခြောက်လျှော် စပရေးဗူးနဲ့  အားပါးတရဖြန်းလိုက်ပြီး လုံအောင် ချည်ထားလိုက်ပါ။ မနက်ကျမှထုတ်ယူ၊ ရေကျင်း လိုက်ရင် သန့် စင်နေတဲ့ လျှပ်စစ်မီးဖိုကို အသုံးပြုနိုင်ပါလိမ့်မယ်။

ဈေးဝယ်အိတ်တွေကို ပြန်သုံးတဲ့အခါ မဆေးဘဲ သုံးကြပါတယ်။ လုံးခြေပြီးထရံမှာ ထိုးလိုထိုး၊ အံဆွဲထဲထည့်လိုထည့် နဲ့  သိမ်းထားတဲ့ ဈေးဝယ်အိတ်တွေကို အသာခါထုတ်ပြီး ပြန်သုံးတတ်ကြပါတယ်။ သူတို့ မှာ ပိုးမွှားကုဋေနဲ့ ချီ ရှိနေ တတ်တယ်ဆိုတာ မမေ့ပါနဲ့ ။ သားစိမ်း၊ ငါးစိမ်းတွေကို ပလတ်စတစ်အိတ်ထဲ တိုက်ရိုက် မထည့်သင့်ပဲ တစ်ထပ် အရင် ထုပ်သင့်ပါတယ်။ ဈေးဝယ်အိတ်ထဲကို အစားအစာဆိုရင် အစားအစာပဲ ထည့်သင့်ပါတယ်။ တခြားဘာနဲ့ မှ ရောနှော မထားသင့်ပါဘူး။ အသုံးပြုပြီးရင်လည်း အိတ်ကို အတွင်းအပြင်လှန်၊ ဆေးကြော ၊နေလှန်းပြီးမှ နောက်တစ်ကြိမ် အသုံးပြုသင့်ပါတယ်။ ဈေးဝယ်ခြင်းတောင်းလည်း ဒီသဘောပါပဲ။

မီးဖိုပေါ်က မီးခိုးထိန်းစလောင်းကို သင်ဘယ်နှစ်ခါ ဆေးဖူးပါသလဲ။ စေးကပ်နေတဲ့ ကြပ်ခိုးတွေ၊ ဆီချေးတွေနဲ့  ဒီ စလောင်းကိုကော ဘယ်လိုသန့် ရှင်းရေးလုပ်မလဲ။ အမိုးနီးယားကို ခွက်ရဲ့  လေးပုံတစ်ပုံထည့်ပြီး ရေအပြည့် ရော လိုက်ပြီးတော့ တစ်ညလုံး အောက်ကနေအငွေ့ ပေးလိုက်ပါ။ မနက်ကျရင်တော့ ရေမြုပ်တုံးလေးနဲ့  အသာလိုက် သုတ်လိုက်ရုံပါပဲ။ သန့် ပြီးတောက်ပြောင်သွားမှာပါ။ အစွန်းချွန်ဆေးကို လုံးဝမသုံးပါနဲ့ ။ မီးအပူနဲ့ အဆိပ်ငွေ့ တွေ ထွက်လာပါလိမ့်မယ်။

ကြမ်းပြင်ကို နောက်ဆုံးမှ ရှင်းပါ။ စင်တွေ၊ စားပွဲတွေ၊ ဗီရိုတွေကို အားပါးတရရှင်း၊ အမှိုက်တွေသုတ်ချပြီးပြီဆိုမှ ကြမ်းပြင်ကို သန့် ရှင်းရေးလုပ်ပါ။ ဒါမှမဟုတ်ရင် ၂-ခါ ရှင်းနေ ရပါလိမ့်မယ်။

သန့် ရှင်းမှုကိုနှစ်သက်တဲ့ ရှင်းရှင်းသန့် သန့် နေတတ်တဲ့ အိမ်ရှင်မတွေအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်မျှော်လင့်ရင်း လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...