ပန်းဂေါ်ဖီ အစိမ်းရင့်အပွင့်များနှင့် ကင်ဆာ

Health Updates Journal No. 166

လေ့လာမှု တစ်ရပ်အရ ပန်း ဂေါ်ဖီ အစိမ်းရင့်များသည် ဦးခေါင်း နှင့် လည်ပင်း ကင်ဆာရောဂါ များကို ကာကွယ်ပေးသည်ဟု သိရသည်။ ထိုလေ့လာမှုကို့ University of Pittsburgh Cancer Institute ( UPCI) ပြုလုပ်ခဲ့ကြသည်။ လေ့လာ မှုတွင် ခံတွင်း ကင်ဆာဖြစ်နေသော ကြွက်များတွင် စမ်းသပ်အောင်မြင် ခဲ့သည်။ ဦးခေါင်းနှင့် လည်ပင်းကင်ဆာရောဂါတွေက ကုသပြီးပေမယ့် ပြန်ဖြစ်နှုန်းက အလွန်ပဲမြင့်တက်ပြီး သေဆုံးမှုနှုန်းကို မြင့်တက်စေပါ တယ် ဟု လေ့လာသူ Dr.Julie Bauman ပြောကြားခဲ့ပါသည်။ လေ့လာမှုများအရ ပန်းဂေါ်ဖီ အစိမ်းရင့် အပွင့်များသည် ခံတွင်းကင်ဆာပြန် ဖြစ်နှုန်းကို လျော့ချပေးပြီး ကင်ဆာ ရောဂါ ကာကွယ်နိုင်စွမ်းအားရှိသည်ကို တွေ့ရှိခဲ့ကြသည်။ လေ့လာမှုတွင် ခံတွင်း ကင်ဆာရောဂါ ရှိသော ကြွက်များကို ထိုဂေါ်ဖီအစိမ်းရင့် အပွင့်များ မှ ဒြပ်ပေါင်း Sulfor-aphaneသည် ခံတွင်းကင်ဆာဖြစ်နှုန်းနှင့် ကျူမာ အကျိတ်များကို လျော့နည်းစေသည် ကို တွေ့ရသည်။ ထို့ကြောင့် ခံတွင်း ကင်ဆာဖြစ်နိုင်ချေကို က ကွယ်ပေး သည့် ပန်းဂေါ်ဖီ အစိမ်းရင့်အပွင့်များကို စားသုံးခြင်းဖြင့် ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းဆိုင်ရာ ကင်ဆာရောဂါ များ ဖြစ်နိုင်ချေကို လျော့ချနိုင်မည် ဖြစ်သည်။

မာဃ
Ref; MNT
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...