ကမ္ဘာပေါ်က လူတွေ ဘယ်လိုအိပ်နေ ကြလဲ

By ကိုထိုက်

ဗုဒ္ဓဟူးနေ့ဟာ အိပ်အကောင်းဆုံးလို့ ဆိုကြ သလို၊ တနင်္ဂနွေနေ့ဟာ အစောဆုံးထ ဖြစ်တဲ့ မနက်လို့လည်း ဆိုကြသည်။ မကြာခင်က ထွက်ပေါ် လာသော လေ့လာမှု စစ်တမ်းတစ်ရပ်က ကမ္ဘာ့နိုင်ငံများ မည်သို့ အိပ်စက်နေကြ သည်ကို စိတ်ဝင်စားဖွယ် တင်ပြထားသည်။

စမတ်ဖုန်းများမှာ သုံးနိုင်သော Sleep Cycle အပလီကေးရှင်းကို ထုတ်လုပ်သူ များက စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ ထိုအပလီကေးရှင်း သည် ဖုန်း၏ လှုပ်ရှားမှုကို အာရုံခံကာ ဖုန်းပိုင်ရှင် အိပ်နေလား၊ နိုးနေလား၊ ငိုက်နေလား၊ တက်ကြွ နေလားကို အလိုလျောက် မှတ်တမ်း တင်ထား နိုင်သည်။ ထိုမှတ်တမ်း အချက်အလက် များကို ကိုးကား၍ ကမ္ဘာ့နိုင်ငံ အသီးသီးက လူများ အိပ်စက်ကြပုံကို စိတ်ဝင်စားဖွယ် စစ်တမ်း ပြုစုထားသည်။ နိုင်ငံ တစ်နိုင်ငံချင်း အလိုက် နိုးချိန် အိပ်ချိန် များကို ပျမ်းမျှ သဘောယူ ထားခြင်း ဖြစ်သည်။ တနင်္လာနေ့မှာ အစောဆုံး နိုးနေသူ များကား တောင်အာဖရိက နိုင်ငံသားများ ဖြစ်သည်ဟု Sleep Cycle အဖွဲ့က စာရင်း များကို ကိုး ကား၍ ဆိုလိုက်သည်။ အမေရိကန် တွေဟာ အင်္ဂါနေ့မှာ မနက် (၇) နာရီမှာ နိုးကြပြီး ကျန်ရုံး ဖွင့်ရက် အားလုံးမှာ အိပ်ချင်မူးတူး ငူတူတူ ငေါင်တောင်တောင် ဖြစ်နေကြ သည်ဟု စစ်တမ်းက ဆိုသည်။ အင်္ဂါနေ့မှာ ငူတူတူ နဲ့ နိုးလာသူများ ထဲတွင် စင်ကာပူ၊ စပိန်၊ ဆွစ်ဇာလန်၊ တောင်အာဖရိက၊ ဘရာဇီး နိုင်ငံသား များလည်း ပါသည်။

Sleep Cycle ကိုသုံးကာ သဘာဝကျကျ နိုးထနိုင်အောင်လည်း နှိုးစက်ပေးနိုင်သည်။ ကမ္ဘာတစ်ဝန်း Sleep Cycle အပလီကေးရှင်း သုံးသူ နှစ်သန်ကျော် ရှိနေပြီ။ ၂၀၁၄ ဇွန် (၁) ရက်နေ့မှ ၂၀၁၅ မတ် (၃၁) ရက် အထိ ကမ္ဘာ့နိုင်ငံ ပေါင်း (၄၇) နိုင်ငံမှ အသက် (၁၈) နှစ်မှ (၅၅) နှစ်ကြား လူ အများ အိပ်စက် နိုးထမှု မှတ်တမ်း များကို အသုံးပြုကာ စစ်တမ်းပြုလုပ် ထားသည်။

ကမ္ဘာတစ်ဝန်း အိပ်လို့ အကောင်းဆုံးနေ့က ဗုဒ္ဓဟူးနေ့ဟု ရလဒ် ထွက်သည်။ စစ်တမ်းတွင် ပါဝင်သော နိုင်ငံများ၏ (၅၈) ရာခိုင်နှုန်း ထိက ဗုဒ္ဓဟူးနေ့သည် အိပ်အကောင်းဆုံးဟုဆို ကြသည်။ တရုတ် နိုင်ငံသား များကား ဗုဒ္ဓဟူးနေ့တွင် တစ်ကမ္ဘာလုံးမှာ အိပ်အကောင်းဆုံး နိုင်ငံသားများ ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။

အရှေ့ အလယ်ပိုင်းသားများ အဖို့ကား ကြာသပတေးနေ့သည် အိပ်အကောင်းဆုံး ဖြစ်ပြီး တစ်ကမ္ဘာလုံးနှင့် ယှဉ်လျှင် အရှေ့အလယ်ပိုင်းသား များ အိပ်ယာထ နောက်အကျ ဆုံးနေ့လည်း ဖြစ်သည်။ ကြာသပတေးနေ့သည် အရှေ့ အလယ်ပိုင်းသားများ အဖို့ လန်းဆန်း ပျော်ရွှင်ဆုံးနေ့ ဟုလည်း ဆိုသည်။ အမေရိကန် နိုင်ငံသားများအတွက် သောကြာနေ့ သည် အိပ်အကောင်းဆုံး ဖြစ်ပြီး အိပ်ရေး၀၀ ပျော်ပျော်ရွှင်ရွှင် အနိုးဆုံးလည်း ဖြစ်သည်။ အမေရိကန်သား များသည် သောကြာတွင် မနက် (၈) နာရီခွဲ အထိ အိပ်လေ့ ရှိကြောင်း စစ်တမ်းက ဆိုသည်။ နိုးထ လျှင်လည်း လန်းဆန်း တက်ကြွမှု ရှိသည်။ ကော်စတာရီကာ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်နိုင်ငံသား များသည်လည်း သောကြာမနက်တွင် ပျော်ပျော်ရွှင်ရွှင် နိုးလာတတ် ကြသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနှင့်ကား စနေနေ့ မနက်သည် ကမ္ဘာ့လူသား (၇၁) ရာခိုင်နှုန်းအထိ ပျော်ပျော်ရွှင်ရွှင် နိုးလာ ကြသည့် ထိပ်ဆုံးနေ့ ဖြစ်သည်။ နိုင်ငံ အရေအတွက်နှင့် တွက်ချက်ပါက ကမ္ဘာ့ နိုင်ငံ (၉၀) ရာခိုင်နှုန်း ထိသည် စနေ နေ့တွင် အိပ်ရေး အ၀ဆုံး ဖြစ်ကြောင်း သိရသည်။ တနင်္ဂနွေနေ့တွင် သိပ်မအိပ် ဖြစ်ဟု စစ်တမ်း ပါဝင်သည့် နိုင်ငံသုံးပုံ နှစ်ပုံက ဆိုသည်။ တနင်္ဂနွေနေ့တွင် အအိပ် အနည်းဆုံးကား တောင်ကိုရီးယား နိုင်ငံသားများ ဖြစ်ပြီး ပျမ်းမျှ (၅) နာရီ (၅၃) မိနစ်သာ အိပ်စက်ကြသည်။

ကြားရက်များတွင် အိပ်ရေး အ၀ဆုံး၊ အိပ်ချိန် လုံလုံ လောက်လောက် အရဆုံးမှာ ဖင်လန်နိုင်ငံသားများ ဖြစ်သည်။ ပျမ်းမျှ အိပ်ချိန် (၈) နာရီ (၂) မိနစ် ရှိသည်။ ဂျပန် နိုင်ငံသား များကား (၆) နာရီ (၉) မိနစ်သာ ရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ပျမ်းမျှ ပြန်တွက်လျှင် ဆလိုဗားကီးယား နိုင်ငံသား များက အိပ်ရေး အ၀ဆုံး ဖြစ်ပြီး တရုတ် နိုင်ငံသားများက ဒုတိယ လိုက်သည်။ ဟန်ဂေရီနှင့် ချက်ပြည်သူ့ သမ္မတနိုင်ငံ တို့က အစဉ်လိုက် ရပ်တည်သည်။ ဗြိတိန်က အဆင့် (၄၅) ၊ အမေရိကန်က အဆင့် (၄၉) တွင် ရှိသည်။

Source: Daily Mail
The Messenger
http://www.messengernewsjournal.com/news/Health/detail.php?id=36020
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...