အသည်းရောဂါ အမျိုးမျိုးအတွက် အစွမ်းထက်ဆေးပင်များ

မိတ်ဆွေတို့ရေ.. အသည်းရောင် ရောဂါတွေ အဖြစ်များကြတယ်နော်။ A B C အဆင့် ၃ ဆင့် ခွဲထားပြီး A အဆင့်က လပိုင်းနဲ့ ကုသပျောက် ကင်းနိုင်ပေမယ့် B နဲ့ C အဆင့်တွေကတော့ အသက်သေဆုံး ရတဲ့အထိပါ ပြင်းထန် တယ်ဆိုတာ သိကြပြီးသားပါ။ လူ လူချင်း ရောဂါ ကူးစက်ပုံတွေကလဲ တဆင့်နဲ့ တဆင့် ကွဲပြားခြားနားကြပါတယ်။

ဒီရောဂါ အဆင့်အလိုက် ပညာပေး ရှင်းပြထား တာတွေလဲ အများကြီး ရှိပြီးသားပါ။ ရောဂါအဆင့်လိုက် ဆောင်ရန် ၊ရှောင်ရန်၊ ဆေးဝါး၊ ကုသပုံတွေလဲ အမျိုးမျိုး ရှိနေပါတယ်။ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျ ကနေ အသည်းရောဂါတွေ မဖြစ်သေးခင် ကြိုတင်ကာကွယ်နိုင်မယ့် လက်တကမ်းဆေး ပင်ဆေးရွက်လေးတွေ သိရအောင် ဝေမျှပေး လိုက်ပါရစေ။ ပစ္စည်းအမျိုး ၂၀ တောင် တွေ့ရတယ်ဆိုတော့ တနည်းမဟုတ် တနည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

(၁) Artichoke လို့ခေါ်တဲ့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် တိုးတက် လုပ်ဆောင်ပေးနိုင်တဲ့ ဂေါ်ဖီထုပ်လို အရွက်ထုပ်ဟင်းပင် တစ်မျိုး စားပေးပါနော်။ မမြင်ဖူးရင်လဲ ဓာတ်ပုံလေးပါ တွဲပြီး တင်ပေးထားပါတယ်။ ဒီအပင်မျိုး ပတ်ဝန်းကျင်မှာ ရှာတွေ့ဖို့ ခက်နေရင် မပူပါနဲ့။ တခြားနည်းလမ်းတွေ အများကြီး အောက်မှာ ဆက်ကြည့်ပါ။

(၂) အသည်းရဲ့ဆဲလ်တွေကို စွမ်းရည်မြှင့်ပေးတဲ့ ဟင်းသီးဟင်းရွက် တစ်ခုကတော့ Beet ဆိုတဲ့ သကြားမုန်လာပါပဲ။ ဒါကတော့ အာယုဗေဒ သဘာဝဆေးနည်းအရလို့ ဆိုပါတယ်။

(၃) Burdock လို့ သိကြတဲ့ ကပ်စေးနည်းပင်တစ်မျိုးနဲ့ dandelion ဆိုတဲ့ ဒုဓလီပင်တို့ကလဲ အသည်းကို စင်ကြယ်စေပြီး သွေးစီးဆင်းမှုအတွက် အရေးကြီးတဲ့ အပင်တွေပါ။ နိုင်ငံခြားဈေးကွက်ထဲမှာတော့ ဒီ ၂ မျိုးကို ပေါင်းစပ်ပြီး ဆေးရည်ပုလင်း လုပ်ထားတဲ့ တံဆိပ်တွေလဲ အမျိုးမျိုး ရှိနေပါတယ်။

(၄) Licorice သို့ Liquorice ဆိုတဲ့ နွယ်ချိုပါ။ အသည်းရောင်တာနဲ့ ဆက်နွယ်တဲ့ ရောဂါတွေ၊ အထူးသဖြင့် chronic active hepatitis ဆိုတဲ့ နာတာရှည် အသည်းရောင်ရောဂါအတွက် ကုသရာမှာ သိပ်ကို ထိရောက်တယ် ဆိုတဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အထူးသတိပြုစရာအချက်ကတော့ နွယ်ချိုကို နေ့စဉ်ရက်ဆက် ၇ ရက်ဆက်တိုက် မစားသုံးရပါဘူး။ High Blood Pressure ဆိုတဲ့ သွေးတိုး ရှိနေရင်တော့ လုံးဝ ရှောင်လိုက်ပါ။ တော်ကြာ အသည်းကြောင့် မဟုတ်ပဲ သွေးတိုးတက်လို့ ဒုက္ခ ရောက်နေပါဦးမယ်။

(၅) Ligustrum japonicum လို့ခေါ်တဲ့ ဖယောင်းရွက် Japanese privet ပါ။ ဒီအပင်က အသည်းရောင်ရမ်းနာတွေကို သက်သာစေပြီး နဂိုအတိုင်း ပြန်ကောင်းစေဖို့ အစွမ်းထက် ဆေးပင်ပါတဲ့။

(၆) ကိုယ်တွင်းကလီစာ ရောဂါတော်တော်များများ ပျောက်စေတဲ့ Milk thistle ဆေးပင်ပါ။ အသည်းမှာဖြစ်တဲ့ အနာကို သက်သာ ကောင်းမွန်စေတဲ့ Silybum marin ဆိုတဲ့ flavonoid ဓာတ် ပါဝင်ပါတယ်။ ဆေးတောင့်ပုံစံနဲ့ ထုတ်လုပ်ထားပြီး တစ်နေ့ကို ၂၀၀ မီလီဂရမ်ကနေ ၄၀၀ မီလီဂရမ်အထိ တစ်နေ့ ၃ ကြိမ် သောက်သုံးပေးရပါတယ်။

(၇) သံလွင်ရွက်ကတော့ အသည်းမှိုတက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အစွမ်းထက် ဆေးရွက်ဖြစ်ပါတယ်။

လောလောဆယ် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေဦးနော်။ အပင်အရွက် အခေါ်အဝေါ်တွေက အင်္ဂလိပ်အမည်နဲ့ မြန်မာအမည်တွေ မကိုက်ညီပေမယ့် ဓာတ်ပုံမြင်ရင် သိမယ် ထင်ပါတယ်။

ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကျန်းမာရေး သတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...