LG Gflex 2 နဲ့ အခြား Model မြင့် Lollipop ဖုန်းတွေကို Root မယ်


အခုတင်ပေးမယ့် နည်းကတော့ LG High-end Model တွေမှာ အဆင်ပြေမှာပါ များသေား အားဖြင့်တော့ Android version 5.0 အထက်တွေဆို ပိုအဆင်ပြေပါတယ် 

LG G Flex 2

LG G Flex

LG G3

LG G2

LG F60

LG Tribute

LG MS395/D393

LG L90

LG Transpyre

LG Volt (LS740) Lollipop တွေနဲ့ KitKat အချို့မှာ ရပါတယ် 

ကျွန်တော်ကတော့ G Flex 2 android version 5.0.2 နဲ့ စမ်းထားပါတယ် 

အရင်ဆုံးဖုန်းမှာ usb debugging ဖွင့်ထားပါ 

ဖုန်းကို မိမိ Computer က သိအောင် LG Griver ကို install လုပ်ထားပါ 

အောက်မှာ ရယူနိုင်ပါတယ် 

Download LG Driver – Click Here

Root လုပ်ဖို့ လိုအပ်တဲ့ LG Root Tool လေးကို အောက်မှာ ရယူနိုင်ပါတယ် 


LG Root Tool – Click Here

Pass- ak@mobilelike 


LG Driver ကို သွင်းပြီးပြီဆိုရင်တော့ PC နဲ့ ဖုန်းကိုချိတ်လိုက်ပါ 

Usb debugging Request တောင်းရင် Allow လုပ်ပေးပါ အဆိုပါ အဆင့် မသိရင် ရှေ့မဆက်နိုင်ပါဘူး 

အကယ်လို့ device ကို PC က သိရင် LG Tool ကို ဖွင့်ပါ 

Shift + Right Click ကိုနှိပ်ပြီး Command Box ကိုခေါ်ပါ 

ပွင့်လာရင် Text 1 ထဲက Command ကို ၁ကြောင်းချင်း Copy , Paste လုပ် enter ခေါက်ပေးပါ 

၃ကြောင်းလုံးကိုပြုလုပ်ပြီးရင်တော့ ဖုန်းကို PC ကဖြုတ်လိုက်ပါ 

Power ပိတ် လိုက်ပါပြီးရင် ဖုန်းကို Volume + ကိုနှိပ်ပြီး ကြိုးထိုးပေးလိုက်ပါ 

Downloading ……… ဆိုပြီး ပေါ်လာပါလိမ့်မယ် စက္ကန့် အနည်းငယ်ကြာရင်တော့ 

Firmware Update ဆိုပြီးပေါ်လာမှာပါ အဲလိုပေါ်လာရင် 

LG Root ဖိုင်ထဲပါတဲ့ Ports.bat ကို run ပေးပါ 

ပေါ်လာတဲ့ စာကြောင်းတွေထဲက အောက်ဆုံးစာကြောင်း COM အနောက်က ဂဏန်းကို မှတ်ထားပါ 

ဥပမာ – \Device\LGMAGKEBSZTD1AG1 REC_SZ COM24 

ဆိုရင် 24 ကိုမှတ်ရမှာပါ မိမိဖုန်းအတွက်ကတော့ ပေါ်တဲ့ ကိန်းဂဏန်းကိုမှတ်ပါ 

ထို့နောက် commadn box ကိုဖွင့်ပြီ Text 2 ထဲက ပထမ command ကို ကူးထည့်ပြီး 

မိမိဖုန်း Port နံပါတ်ကို ထည့်ပေးပြီး Enter ခေါက်ပေးလိုက်ပါ # သင်္ကေတလေးပြပါလိမ့်မယ် 

# နောက်မှာ Text 2 ထဲက ဒုတိယစာကြောင်းကိုကူးပြီးထည့်ပေးလိုက်ပြီး enter ခေါက်ပေးပါ 

Root Expoilt များနဲ့ Root လုပ်ပါလိမ့်မယ် ပြီးရင် ဖုန်းကိုဖြုတ်ပါ 

Battery ဖြုတ်ရတဲ့ ဖုန်းတွေက ဖြုတ်ပြီးပြန်တပ်ပြီး Power ဖွင့်တက်လာရင် Root ရပါပြီ 

battery သေဖုန်းတွေကျတော့ Power နဲ့ Volume – ကို စက္ကန့် ၂၀ လောက်ဖိထားပါ 

ပါဝါပိတ်သွားပါလိမ့်မယ် ပြန်ဖွင့်ပေးလိုက်ပါ တက်လာရင် Root Access ရပြီဖြစ်ပါတယ် 


Copy Right @ XDA 

Aung Khaing (MMAS)
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...