ကွမ်းရွက်မှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးလေးများ (အပိုင်း ၁)

ကွမ်းပင်များဟာ Piperaceae(ခေါ်) ငရုပ်ကောင်း မျိုးရင်း ဖြစ်ကြပြီး၊ ရုက္ခဗေဒအမည်အရ Piper bettle Linn. ဟု ခေါ်ပါတယ်။ ကွမ်းပင်ကို အင်္ဂလိပ်လို Bettle Vine ၊ ရှမ်းဘာသာစကားဖြင့် Pu ၊ ကချင်ဘာသာ စကားဖြင့် Bu(သို့ )Buru လို့ ခေါ်ပါတယ်။ ကွမ်းပင်ပေါက်ရောက်ရာ ဇာစ်မြစ်ဒေသဟာ အင်ဒိုနီး ရှားဖြစ်ပြီး၊ မလေးရှား၊ သီရိ လင်္ကာ၊ အိန္ဒိယနိုင်ငံ များကလည်း ကွမ်းပင် ပေါက်ရောက်သော ပင်ရင်းဒေသများလို့  ဆိုနိုင် ပါတယ်။ သို့ သော် ရာဇ၀င်များကို လေ့လာကြည့်တဲ့အခါမှာတော့ အာရှတိုက်၏ ပါကစ္စတန်နိုင်ငံရှိ
Harappan တိုင်းရင်းသားများနေထိုင်ရာ ပန်ဂျပ်ပြည်နယ်အနီး Indus မြစ်ဝှမ်းကသာလျှင် ကွမ်းပင် ပေါက် ရာ အဓိက မူပိုင်ဒေသဟူ၍ ဖော်ပြထားတာကို လေ့လာတွေ့ ရှိရပါတယ်။ ထိုဒေသများမှာတော့ ကွမ်းရွက် ပင် ကို wild pepper ၊ karuk ၊ betel pepper ၊ daun kaduk စသဖြင့် အမည်နာမအမျိုးမျိုး ခေါ်ဆိုလေ့ ရှိကြပါတယ်။

(အပင်၏ ပုံသဏ္ဍာန်)
နွယ်ပင်မျိုးဖြစ်ပါတယ်။ ပင်စည်လုံးမှာ သေးသွယ်ပြောင်ချော၍ အမြစ်များထွက်နေသော အဆစ်ဖုတွေ ပါရှိနေကြပါတယ်။ မွှေး သောရနံ့ ရှိပါတယ်။ တခါတရံ ဂလင်းများရှိနေတာကိုတွေ့ ရတတ်ပြီး၊ ထိုအရွက် မျိုးက အမွှေးနံ့ ပိုစူးရှပါတယ်။ ကွမ်းပင်ကို အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ (၄)မျိုး  ခန့်  ခွဲထားပါတယ်။

(အရွက်၏ ပုံသဏ္ဍာန်)
ရွက်လွှဲထွက်ပါတယ်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်းပြီး ရွက်ရင်းပိုင်းမှာတော့ အ၀ိုက်များက ညီညီညာညာဖြစ်နေ ပါတယ်။ အရွက်၏ အပေါ်ပိုင်း မျက်နှာပြင်မှာ ပြောင်ချောနေပြီး၊ ရွက်ကြောထင်ရှား၍ ရွက်နားညီပါတယ်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိပါတယ်။

(အပွင့်၏ ပုံသဏ္ဍာန်)
ပန်းပွင့်မှာ အလွန်သေးငယ်ပြီး အဖိုပွင့် နှင့် အမပွင့်ဟူ၍ သီးသန့် စီရှိကြပါတယ်။ အဖိုပန်းခိုင်က ပို၍သေးပါတယ်။ ပန်းခိုင်များဟာ အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်လေ့ ရှိပါတယ်။

(အသီး၏ ပုံသဏ္ဍာန်)
အသီးက ရှည်မျောမျော ပုံသဏ္ဍာန်ဖြစ်ကြပြီး၊ အညှာတံ တစ်ခုထည်းတွင် ပိတ်ချင်းသီးကဲ့သို့  စုပေါင်း၍ အသီးသီးလေ့ ရှိပါတယ်။

(ပေါက်ရောက်သည့်ဒေသ)
ကွမ်းပင်များဟာ စိုက်ပျိုးပင် အမျိုးအစားဖြစ်ပြီး၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးပေါက်ရောက်ကြပါတယ်။

ကွမ်းရွက်နှင့် ကျန်းမာရေး။

(မြန်မာ့ ရိုးရာကုထုံးများ)
ဆေးအဘိဓာန်ကျမ်းတွင် “ ကွမ်းရွက်၊ ပိတ်ချင်းရွက်၊ ငရုတ်ရွက်၊ စရိုရွက် ဤလေးပါးသော အရွက်တို့၏ ဂုဏ်ကား သေမှာစ- သလိပ်ကို လည်းကောင်း၊ ဝါတာစ- လေကို လည်းကောင်း၊ ပိတ္တာစ- သည်းခြေကို လည်းကောင်း၊ လောဟိတာစ- သွေးကို လည်းကောင်း၊ ဘိညကာ ဖောက်ပြန်၍ဖြစ်သော နာနာ ရောဂါနိ၊ အထူးထူးသော အနာတို့ကိုနိုင်၏ ” ဟု သစ်ရွက်တို့၏ ဂုဏ် အရသာကို ပြဆိုသော အခန်းတွင် ဖော်ပြထား သည်ကို တွေ့ရှိ ရပါတယ်။ မြန်မာ့ဆေးကျမ်းများ၏ အလိုအရ၊ အရွက်ကို အသုံး ပြု၏။ ကွမ်းရွက်သည် ဖန်၊ ခါး၊ ပူစပ်သောအရသာရှိ၏။ နှုတ်က်ုမြိန်စေ၏။ သလိပ်ကိုကြေစေ၏။ ထက်မြက်၏ အားကို တိုးစေ၏ အဆိပ်ကို ပယ်တတ်၏။ ၀မ်းမီးတောက်စေ၏။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏။ စသည်တို့  ကို ပျောက်ကင်းစေ၏။ အာပေါ၊ ၀ါယောဓာတ် ဦးဆောင်သော အပင်ဖြစ်၏။ လေ၊ သလိပ်၊ ဒေါသ ကိုနိုင်၏။ နှလုံး၊ ချောင်းဆိုးရောဂါ၊ ဆီး၊ ၀မ်းချုပ်သော အရာများ၊ အဖျားရောဂါများ၊ အနာပေါက်ရောဂါ များ နှင့် လေငန်း ရောဂါ၊ အနာပေါက်၊ ပန်းနာ၊ နှလုံးရောဂါ၊ မျက်စိမှုန်ခြင်း၊ သည်းခြေနာ၊ သွေး နာ၊ ဖောက်ပြန်သော အနာတို့ ကို နိုင်၏ဟု ဖော်ပြထားပါတယ်။ ကွမ်းရွက်ဟာ အရွယ် (၃)ပါးမရွေး
လူသား အားလုံးအတွက် ဆေးဖက် ၀င်ပါတယ်။

(အင်ဒိုနီးရှား ရိုးရာကုထုံးများ)
အင်ဒိုနီးရှားနိုင်ငံတွင် ချွေးနံ့ ဆိုးထွက်ခြင်း(၀ါ)ကိုယ်နံ့ ဆိုးခြင်း နှင့် အမျိုးသမီးများ ဓမ္မတာအတွက် ရိုးရာ ကုထုံးအဖြစ် ရေနွေး ကြမ်းလ္ဘက်ခြောက် အစား ကွမ်းရွက်ကိုခပ်၍ သောက်သုံးစေပါတယ်။ ဒါ့ပြင်ခံတွင်း နံ့  ဆိုးခြင်း၊ အူသိမ် အူမထဲရှိ ကပ်ပါးကောင် များ၊ ဆီး ပြတ်တောင်း ပြတ်တောင်း သွားခြင်း၊ ဝှေးစေ့ရောင်ခြင်း၊ သားသယ်မိခင်များ နို့မထွက်ခြင်း၊ ဆီးချို၊ ၀မ်းချုပ်ခြင်း၊ ခြေ တုန် လက်တုန်ရောဂါ၊ ထိခိုက် ဒဏ်ရာများ၊ ဖက်ခွက်နာ၊ ပြည်တည်နာ စသဖြင့် ဝေဒနာများအတွက် ကွမ်းရွက်ကို ဆေးဝါးအဖြစ် အစဉ် သုံးစွဲလျက်ရှိပါ တယ်။

(အိန္ဒိယ ရိုးရာကုထုံးများ)
Ayurveda(ခေါ်)အိန္ဒိနိုင်ငံ၏ ရှေးဟောင်း သမိုင်းဝင်စာအုပ်များ ကွမ်းရွက်ကို အထွေထွေကျန်းမာရေးအ တွက် ရိုးရာကုထုံး အဖြစ် 400 BC ကတည်းက သုံးစွဲလာခဲ့ကြောင်း၊ 75 AD နှင့် 300 AD ကြား ကာလ များမှစတင်၍ ထမင်းစားပြီးတိုင်း ကွမ်းဝါး သော ဓလေ့ဖြစ်လာကြောင်း ဖော်ပြထားပါတယ်။ ဥရောပ ကုန် သည်ကြီးတစ်ဦးဖြစ်သူ မာကိုပိုလို၏ မှတ်တမ်းများတွင် ၁၃ ရာစု နှစ်၌ အိန္ဒိနိုင်ငံရှိ ဘုရင် များ နှင့် မြင့်မြတ်သော မျိုးနွယ်ဝင်များဟာ ကွမ်းအမြဲဝါးလေ့ရှိတယ်လို့  ရေးသားထားပါတယ်။ အိန္ဒိယ ရိုးရာ ကုထုံးများတွင် ကွမ်းရွက်ကို ဖန်ရေ(ပိုးသတ်ဆေးရည်)၊ ကာမအားတိုးဆေး၊ ဆီးချို သွေး ချိုးပျောက်ဆေး၊ နှ လုံးသွေးကြော ရော ဂါ၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများ၊ ၀မ်းသက်ဆေး၊ အနာ့ပဆုပ်၊ ကင်ဆာရောဂါ စသဖြင့် ဝေဒနာအမျိုးမျိုးအတွက် ဆေးဝါး ဖြစ် အသုံးပြုနေကြပါတယ်။

(တရုပ်ရိုးရာ ကုထုံးများ)
တရုပ်နိုင်ငံမှာတော့ နွယ်ပင်ဖြစ်သော ကွမ်းပင်တို့ ကို အဆိပ်အတောက်ပြေဆေး၊ ခန္ဓာကိုယ်အားဖြည့်ဆေး၊ မျိုးရိုးဇီဝ မြင့်မား ဆေး၊ ထုံနာကျင်နာများ၊ ချောင်းဆိုးရောဂါ၊ ပန်းနာ ရင်ကျပ်၊ ယားယံခြင်းပြဿနာ စသည့်ရောဂါ များအတွက် ရိုးရာကုထုံးများ အဖြစ် အသုံးပြုလျက်ရှိပါတယ်။

(အနောက်နိုင်ငံ ကုထုံးများ)
ဆေးသိပ္ပံနည်းဖြင့် လေ့လာကြည့်ရာတွင် ကွမ်းရွက်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေ ဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်း နဲ့ ဗီတာမင်စီတို့ ပါရှိနေတာကိုတွေ့ ရ ပါတယ်။ လတ်တလော လေ့လာမှုတွေ့ ရှိချက်အရ ကွမ်းရွက် ထဲမှာ ဖီနိုင်း၊ ပရိုပိန်း၊ သကြား၊ အယ်လ်ကာလွိုက်၊ တန်နင်၊ မရှိမဖြစ်ဆီ(အဆီ) စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ၄င်း အစွမ်းများကြောင့် ကွမ်းရွက်ဟာ ဗက်တီးရီးယား နိုင်ဆေး၊ အသံကောင်းဆေး၊ ခံတွင်းသန့် ဆေး၊ ကိုယ်နံ့ ပျောက်ဆေး၊ မှို ယားနာ ပျောက်ဆေး၊ အစာကြေဆေး၊ လိင်စိတ်ဆန္ဒ နှိုးကြွဆေး၊ ခံတွင်းမြိန်ဆေး၊ အရေပြားသန့် ဆေး အဖြစ် ဆေးစွမ်း ထက်မြက်ပါတယ်။ ဒါ့ပြင် ကွမ်းရွက်ထဲမှာပါတဲ့ ချာဗီကော(ခေါ်)ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။

ရင်သွေးငယ်များအတွက် ကွမ်းပင်၏ ဆေးဖက်ဝင်ပုံ။

(၁) ကွမ်းရွက်ဟာ အညှော်အသင်းများအတွက် လွန်စွာကောင်းမွန်လှတာကြောင့်၊ ၄င်းကိုလက်ဖြင့်လုံးချေ၍ ရှုပေးရုံဖြင့် အညှော် များထွက်စေပါတယ်။ အညှော်မိ အညှော်ငုပ်သော ကလေးများအတွက် ကွမ်းရွက်စိမ်း သတ္တုရည်ဖြင့် လိမ်းပေးပါ၊ တိုက်ကျွေးပါ၊ အနံ့ ရှုခိုင်းပေးပါ။
(၂) ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း နှင့် ဖျားနာခြင်းများအတွက် ကွမ်းရွက်စိမ်း ညှစ်ရည်(သတ္တုရည်) ကို ပျားရည်နဲ့ ရော၍တိုက်ကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၃) ဝမ်းချုပ်၊ ဆီးချုပ် ဖြစ်ပါက ကွမ်းရိုးတွင် အုန်းဆီ(သို့ )ကြက်ဆူဆီ သုတ်ပြီးနောက်၊ ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီး လှည့်ပေးခြင်းဖြင့် ဆီးရော ဝမ်းပါ သွားစေနိုင်ပါတယ်။
(၄) မွေးရာပါ မျက်ခုံးမွှေး မသန်သော ကလေးငယ်များအား မျက်ခုံးနှစ်ဖက်ကို ကွမ်းရိုးဖြင့် အသာအယာ ဆွဲပေးပါ။ မျက်ခုံးမွှေး သန်လာစေပါတယ်။ (မျက်စိကိုမထိုးမိအောင် သတိပြုပါ)
(၅) နှာစေး၊ နှာပိတ်ခြင်းအတွက် ကွမ်းရွက်ကိုမီးကင်၍ ကလေးငယ်များ၏ ငယ်ထိပ်ပေါ် အုန်းဆီဖြင့် ဆွတ်ပြီး ကပ်ထားပေးပါ (သို့ ) ကွမ်းရွက် အဝိုင်းငယ်ကို ကလေး၏ ငယ်ထိပ်တွင် ကပ်ပေးပါ၊ ရောဂါ ကိုပျောက် စေပါတယ်။
(၆) အပူကြီး၍ ဖျားနားသော ရင်ခွင်ပိုက် ကလေးငယ်များအတွက်၊ ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့ တွင် လိမ်းပေးနိုင်ပါတယ်။
(၇) ချွဲထ၊ ရင်ကျပ်ပါက ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးပါ။
(၈) အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ ချောင်းတဟွတ်ဟွတ် ဆိုးခြင်းအတွက် ဤကုထုံးဖြင့် ကုသလျက်ရှိ ပါတယ်။ ကွမ်းရွက် ၅ ရွက်၊ လေးညှင်းပွင့် ၁၁ ပွင့် နှင့် ဖာလာစေ့ ၁၁ စေ့တို့ ကို ရေဆေးပြီးနောက်၊ ရေ ၂ ခွက် ဖြင့်ပြုတ်ပါ။
ရေ ၁ ခွက် အထိ ကျသွားအောင် တည်ပါ။ ရရှိလာသော ဆေးပြုတ်ရည် ၁ ခွက်စာ ပမာဏအား -
• အသက် ၁ နှစ်မှ ၃ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်းစီ တိုက်ပါ။
• အသက် ၄ နှစ်မှ ၅ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၃ ဇွန်းစီ တိုက်ပါ။
• အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၅ ဇွန်းစီ တိုက်ပါ။
• အရွယ်ရောက်ပြီးသူများအတွက်ကတော့ တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေး ၁ ခွက်စီသောက်ပါ။

<< အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
*promise.pauk*
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...