ယောဂကျင့်စဉ်ရဲ့ ကျန်းမာရေးကောင်းကျိုး

ယောဂကျင့်စဉ် ဆိုတာနဲ့ လူအများစုက ခက်ခဲ နက်နဲ တဲ့ ကျင့်စဉ်တစ်ခုလို့ ထင်မြင်တတ် ကြပါ တယ်။ ခက်ခဲတဲ့ ကျင့်စဉ်တွေ ရှိပေမဲ့ ရိုးရှင်း တဲ့လေ့ ကျင့်စဉ်တွေလည်း ပါဝင်ပြီး လူကြီးလူငယ် မရွေး နေ ရာဒေသ မရွေး လေ့ကျင့်နိုင်ကာ ကျန်းမာရေး အတွက် ကြီးမားတဲ့ အကျိုး ကျေးဇူးတွေကို ပေး စွမ်းနိုင်နိုင် တဲ့ လေ့ကျင့် ခန်းတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ညီမျှအောင်ထိန်း နိုင်တဲ့အစွမ်းတွေ ရှိလာပြီး စိတ်ရောကိုယ်ပါ ကျန်းမာ လာမှာဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ ကလေးငယ် တွေ အတွက် ပျော်စရာကောင်းပြီး ဆယ်ကျော် သက်လေးတွေကို ပျော့ပျောင်းသန်စွမ်းစေတဲ့ အပြင် အတွင်း စိတ်ခွန်အားကိုပါ ဖြည့်ပေးပြီး မကောင်းမှုတွေရဲ့လွှမ်းမိုးမှုကို ကာကွယ်နိုင်စေပါတယ်။

ခန္ဓာကိုယ်ပျော့ပျောင်းလာခြင်း

ယောဂကျင့်စဉ်ရဲ့ အသိသာဆုံး အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ပျော့ပျောင်း လာခြင်းပဲဖြစ်ပါတယ်။ ပထမစစလုပ်ခြင်းမှာ ခြေဖျားကို လက်နဲ့ထိဖို့ သိပ်ကိုခက်နေမှာဖြစ်ပေ မဲ့ နေ့စဉ် ပုံမှန် လုပ်သွားမယ် ဆိုရင် တဖြည်းဖြည်းနဲ့ အကြောအခြင်တွေ ပျော့ပျောင်းလာပြီး လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ နာကျင် ကိုက်ခဲတာတွေ တဖြည်းဖြည်းသက်သာလာပြီး ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါး လာပြီး ကြွက်သားတွေ ပိုမိုသန်မာလာတာကို ခံစားရမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျလာခြင်း

ယောဂကျင့်စဉ်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျ လာစေပါတယ်။ ယောဂကျင့်စဉ် ဟာ သိပ်ပြင်းထန် တဲ့လေ့ကျင့်ခန်းမျိုး မဟုတ်ပေမဲ့ တစ်နေ့ကို ၇၅ မိနစ်မှ မိနစ် ၉၀ ထိ ဆက်တိုက် လေ့ကျင့်ရ တာဖြစ်တဲ့အတွက် ထိရောက်တဲ့လေ့ကျင့် ခန်းမျိုးဖြစ်ပါတယ်။ လေ့ကျင့်နေရင်းနဲ့ပဲ ကြွက်သားတွေ ပိုမို သန်စွမ်းလာပြီး ပိုမိုပျော့ပျောင်းလာမှာလည်းဖြစ်ပါတယ်။ အပြင်းအထန် လေ့ကျင့်ခန်းလည်း မပါပဲနဲ့ စတင်လေ့ကျင့်ပြီး မိနစ် ၂၀ အတွင်းမှာပဲ ချွေးတွေ ထွက်လာတတ် တဲ့အတွက် တကယ့်ကိုထိရောက်မှန်း သိသာစေပါ တယ်။ ယောဂကျင့်စဉ်ကို တစ်ပတ်မှာ ၄-၅ ကြိမ်ခန့် ပြုလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာပုံစံကျ လှပလာပြီး ကြွက်သားတွေ ကျစ်လျစ်ကာ ကိုယ်အလေးချိန်လည်း မျှတလာမှာဖြစ်ပါတယ်။

ကိုယ်တွင်း အင်္ဂါများ ပိုမိုကျန်းမာလာခြင်း

ယောဂကျင့်စဉ်ဟာ အသက်ရှူလေ့ကျင့်ခန်းများကို နည်းစနစ်ကျကျပြုလုပ်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ကို ဖြေလျှော့ခြင်း တို့ကို အလေးပေးလေ့ကျင့်ရတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ ဒါကြောင့် ယောဂကျင့်စဉ်ဟာ အသက်ရှူအင်္ဂါအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်များကို တိုးတက်စေပြီး ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်စနစ်ကို ပါတိုးတက်စေပါတယ်။ အကျိုးဆက် အနေနဲ့ သွေးတိုးကိုကျစေပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တဲ့အတွက် နှလုံးရောဂါရှိသူတွေနဲ့ သွေးတိုးရောဂါရှိသူတွေအတွက် အရမ်းကို အကျိုးရှိ တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ ကိုယ်တွင်းအင်္ဂါတွေကို နှိပ်နယ်ပေးသလို အကျိုး ရှိစေပြီး ရောဂါကာကွယ်စနစ်ကိုလည်း တိုးတက်စေပါတယ်။

လူနေမှုဘ၀ တိုးတက်လာခြင်း


ယောဂကျင့်စဉ်ကို ပုံမှန်လေ့ကျင့်သူတွေဟာ စိတ်ဖိစီးမှုနည်းပြီး ပိုမိုပျော်ရွှင်လာကြောင်း သုတေသန ပညာရှင်များက ဆိုကြပါတယ်။ ယောဂကျင့်စဉ်ဟာ စိတ်နှလုံးကို ဆိတ်ငြိမ်စွာ ထားနိုင်ဖို့ လေ့ ကျင့်ခြင်း လည်းပါဝင်ပြီး စိတ်ပျက်ခြင်း၊ နောင်တရခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်းနဲ့ လိုချင်စိတ်များခြင်း စတဲ့ အဆိုးမြင်စိတ်တွေကို မိမိထံမ၀င်လာအောင် တားဆီးနိုင်စွမ်းလည်း တိုးတက်လာစေပါတယ်။ စိတ်ခွန် အားတက် လာတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုပိုတိုးလာပြီး မိမိရဲ့လုပ်နိုင်စွမ်းအပေါ် ပိုမိုထိရောက်စွာ အသုံးချတတ် လာစေပါတယ်။ အဲဒီအခါမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းစတဲ့ အကျင့် ဆိုးတွေ ကို စွန့်လွှတ်လာနိုင်ပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့လူနေမှုဘ၀ကို ရရှိလာမှာဖြစ်ပါတယ်။ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်း၊ မေတ္တာထားနိုင်စွမ်းတို့ပါ တိုးတက်လာတဲ့အတွက် မိသားစုနဲ့ရော ပြင်ပပတ်ဝန်း ကျင်မှာ ပါ ပေါင်းသင်း ဆက်ဆံရေး တိုးတက်လာမှာဖြစ်ပါတယ်။

Yangon Life
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...