" ငါး ပဲငပိ "

***... ငါး ပဲငပိ ချက်ရန် လိုအပ်တာလေးတွေ…

1. တလားဗီးယားငါး တစ်ကောင် – ၁ ကီလိုခန့် (၆၅ ကျပ်သား)
2. ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
3. ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၃ ဇွန်းခန့်
4. အခွံခွါပြီး ပါးပါးသေးသေးလှီးထားသော ဂျင်း – ထမင်းစားဇွန်း ၃ ဇွန်းခန့်
5. အစေ့ထုတ်ကာ ပါးပါးသေးသေးလှီးထားသော ခရမ်းချဉ်သီး – ထမင်းစားဇွန်း ၄ ဇွန်းခန့်
6. ပဲ ငပိ – ထမင်းစားဇွန်း ၃ ဇွန်းခန့်
7. ပါးပါးသေးသေးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခန့်
8. ရေနွေး – 2 cups (500 ml)
9. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲခန့်
10. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၂ ဇွန်း
11. လက်ဆစ်တစ်ဝက်ခန့် အတုံးလေးများလှီးထားသော တိုဟူးဖြူ – ထမင်းစားဇွန်း ၄ ဇွန်းခန့်
12. ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၄ ဇွန်းခန့်
13. ကော်ရည် – potato starch (ထမင်းစားဇွန်း ၁ ဇွန်း) နှင့် ရေ (ထမင်းစားဇွန်း ၂ ဇွန်း) ရောပြီးဖျော်ထားပါ။

#. ငါးကို ပါးဟက် နှင့် ကလီစာများထုတ်ပြီး ၂ ဖက်စလုံးကို ပုံပါအတိုင်း ၃ ချက်စီခန့် ဓါးဖြင့်မွှန်းထားပါ။ ဆီပူထဲထည့်သောအခါ အရမ်းမပေါက်စေရန် ရေတတ်နိုင်သမျှခြောက်အောင် paper towel ဖြင့် တို့သုတ်ထားပါ။

#. မကပ်သည့်အိုး (non-stick pan) အား အရမ်းပူလာအောင် High heat ဖြင့် အပူပေးထားပါ။ အိုးအရမ်းပူလာလျှင် ဆီကို ဖြန့်ပြီးထည့်ပါ။

#. ဆီ ပူလာလျှင် ငါးထည့်ချပါ။ အရေခွံများ အိုးမှာမကပ်စေရန် ထည့်ချပြီးသည်နှင့် အိုးကို ဟိုဖက်၊ ဒီဖက် အနည်းငယ် စောင်းပေးပါ။

#. တစ်ဖက်ကို ၂ မိနစ်စီခန့်ဖြင့် အကြောတင်းရုံ အပူပေးပါ။ ကိုင်၍ အဆင်ပြေမည့်နေရာကို လက်ဖြင့်ကိုင်၍ လှန်ပေးပါ (သို့) ဇွန်းကြီး ပါးပါးပြားပြားဖြင့် လှန်ပေးပါ။

#. ငါးကို ဆယ်ထုတ်ထားပြီးနောက် ကျန်သည့်ဆီထဲ ကြက်သွန်ဖြူ နှင့် ဂျင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

#. ခရမ်းချဉ်သီးထည့်ကာ ၂ မိနစ်ခန့် ထပ်မွှေကြော်ပေးပါ။

#. ပဲငပိ နှင့် ငရုတ်သီးစိမ်းထည့်ကာ ၁ မိနစ်ခန့်ကြော်ပြီးနောက်…..

#. ရေနွေး၊ chicken powder နှင့် ပဲငံပြာရည် အကျဲ ထည့်ကာ ဆူလာအောင် တည်ထားပါ။

#. ဟင်းရည် ဆူလာလျှင် ငါးထည့်ပြီး ငါးအပေါ်ပိုင်းကို အရသာဝင်အောင် ဇွန်းဖြင့် ဟင်းရည်များကိုခပ်ပြီး တစ်မိနစ်ခန့် လောင်းပေးပါ။

#. ပြီးလျှင် အိုးအဖုံး ဖုံးကာ ၁၂ မိနစ်ခန့် တည်ထားပါ။ (ထိုအတောအတွင်း အိုးအဖုံးကို ၃၊၄ ခါခန့် ဖွင့်ပြီး ငါးအပေါ်ပိုင်းကို ဟင်းရည်ခပ်ပြီး လောင်းပေးပါ။)

#. ထို ၁၂ မိနစ်ခန့် အတောအတွင်း ၅ မိနစ်ခန့်ကြာလျှင် တိုဟူးဖြူ ထည့်ပါ။ (ငါးအပေါ်မထည့်ပဲ အရည်ရှိသည့်နေရာကို ထည့်ပေးပါ။)

#. ၁၂ မိနစ်ခန့်ကြာပြီးနောက် ငါးကျက် မကျက်ကို ရေပေါ် ပေါ်နေသည့် ခေါင်းအောက်ဖက်ကပ်ရက် ရင်ပတ်နေရာကို အသုံးမပြုရသေးသော သွားကြားထိုးတံလေးဖြင့် ထိုးကြည့်ပါ။

#. သွားကြားထိုးတံ လွယ်လွယ်ကူကူဖောက်ဝင်သွားလျှင် ကျက်ပြီ ဖြစ်၍ ဇွန်းကြီးပါးပါးပြားပြား ၂ ချောင်းကို သုံးကာ ငါးကိုဆယ်ထုတ်ပြီး ဟင်းပြင်မည့် ပန်းကန်ပြား ကြီးကြီးထဲ ထည့်ထားပါ။ (မကျက်သေးဟုထင်လျှင် မိနစ်အနည်းငယ် ဆက်တည်ပေးပါ။)

#. ငါးဆယ်ထုတ်ပြီးနောက် ကျန်သည့်ဟင်းရည်အိုးထဲ ကြက်သွန်ပင်ထည့်ကာ ၃၊၄ ချက်မွှေပေးပါ။

#. ထို့နောက် ကော်ရည်လောင်းထည့်ကာ ၁ မိနစ်ခန့်မွှေပြီးလျှင် ငါးပေါ် ဇွန်းဖြင့်ခပ်ကာ လောင်းထည့်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

(ဖျော်ထားသည့်ကော်ရည် အနည်ထိုင်နေလျှင် ပြန်မွှေပြီးမှ လောင်းထည့်ပေးပါ။)

https://www.facebook.com/ChawSusFoodFriends/photos/pcb.464543693723771/464541277057346/?type=1&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...