Posts

Showing posts from February, 2015

Camera နှင့် Lens များအား ထိမ်းသိမ်းခြင်း...

Image
မနက်ကတော့ Lighting အကြောင်းရေးနေတာပဲ..။ ရေးနေရင်းနဲ့ လူက တော်တော် Down လာတာနဲ့ နောက်နေ့မှပဲ ဆက်ရေးဖို့ သိမ်းထားလိုက်ပါတယ်..။ ဒီ Post ကတော့ Camera တွေ Lens တွေကို ဘယ်လိုထိမ်းသိမ်းရမလဲဆိုတဲ့ အကြောင်းလေးပါ...။ အမှတ်တမဲ့ဆိုရင်တော့ Child Play ပါပဲ... လူတိုင်းသိပါတယ်..။ Camera သမားတိုင်း ကိုယ့် Camera ကို ကိုယ့်ရည်းစားထက် ပိုချစ်ကြတာများပါတယ်..။ ရည်းစားကိုမှ တစ်ရက်နေ့လို အာဘွား တစ်ခါ ပေးချင်မှပေးမယ်..။ Camera ကိုတော့ နေ့တိုင်း သန့်ရှင်းရေး လုပ်ပါတယ်...။ ချောက်ထဲ ပြုတ်ကျခါနီးရင်တောင် ..။ လူကျရင် ကျပါစေ..။ အိတ်တော့ မကျပါစေနဲ့ ဆိုတဲ့သူတွေ များပါတယ်...။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရဲ့ အဖြစ် အပျက်လေး နဲနဲပြောပြချင်တယ်..။ သူက Facebook မှာ လူသိများတဲ့ Journalist Photographer တစ်ယောက်ပါပဲ..။ တစ်နေ့ သူ သတင်းလိုက်ရင်းနဲ့ ချော်လဲ ပါတယ်..။ အဲ့ဒီ့အချိန် အခြား Camera သမားတွေ ၂ ယောက် ၃ ယောက်လောက် ပြေးလာပြီး အသဲအသန်မေးကြပါတယ်..။ " Camera ဘာဖြစ်သွားသေးလဲ....?" ထားပါတော့..။ ကျွန်တော် ဒီနေ့ Camera တွေ Lens တွေကို မလိုအပ်တဲ့ Damage တွေ Fungus တွေရဲ့ ဘေးက ဘယ်လိုကာကွယ်ရ မလဲဆိုတာ နဲနဲ ပြောပြချင်ပါတယ်

Underwater Photography အကြောင်း သိကောင်းစရာ

Image
ဒီအကြာင်းကို ရေးမယ် ရေးမယ်ဆိုပြီး ကျွန်တော် မောင်းတင်နေတာ ကြာပါပြီ....။ သိချင်လို့ စောင့်နေကြတဲ့သူတွေလည်း နဲမယ် မထင်ပါ....။ ကျွန်တော်လည်းရေးချင်ပေမယ့် ဘယ်လိုမှ အခြေအနေမပေးဘူး ဖြစ်နေခဲ့ပါတယ်...။ နောက်ပိုင်းလည်း အချိန်ပေးနိုင်ဖို့ သိပ်မသေချာတော့ပါဘူး...။ ကျွန်တော် အခုဆွေးနွေးမယ့် Underwater Photography အကြောင်းလေး မပြောခင်...။ ဒီနောက်ပိုင်း Photography နဲ့ ပါတ်သတ်လို့ ကျွန်တော်ခံစားမိလာရတာလေးတွေ နဲနဲတော့ ပြောချင်ပါတယ်....။ Facebook မှာ Photography နဲ့ ပါတ်သတ်တဲ့ Knowledge တွေကို ကျွန်တော် တတ်နိုင် သလောက်၊ လေ့လာမိသလောက် လေးတွေမျှဝေပေးခဲ့ပါတယ်...။ ပြီးပြည့်စုံတဲ့ မျှဝေမှုမဟုတ်ဖူးဆိုတာ ကျွန်တော့်ကို ကျွန်တော် သိပါတယ်...။ ကျွန်တော်သိသလို ဖတ်တဲ့သူတွေလည်း ဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်...။ ဒါပေမယ့် အခုနောက်ပိုင်း ဝမ်းသာစရာ တစ်ခုကတော့ နောက်ပိုင်းမှာ ကျွန်တော့်လိုပဲ ကိုယ်သိထား၊ တတ်ထားတဲ့ Knowledge တွေကိုမျှဝေပေးကြတဲ့ ညီအစ်ကိုတွေ၊ Page တွေ တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီး တစ်ခု အလျှိုအလျှိုပေါ်လာကြပါတယ်...။ ဒီ့အတွက် စာဖတ်သူတွေ၊ လေ့လာသူတွေ၊ ဝါသနာရှင်တွေ အနေနဲ့ ကျွန်တော့် တစ်ယောက်ထဲရဲ့ အာဘော်မျိုး မဟုတ်ေ

Star Trails ဘယ်လိုရိုက်မလဲ...?

Image
ဒီနေ့တော့ တော်တော်များများ စိတ်ဝင်စားတဲ့ Star Trail လေး အကြောင်း နဲနဲရှင်းပြချင်ပါတယ်...။ Star Trial ဟာအမှန်ကတော့ Long Exposure အမျိုးအစားပါပဲ..။ သူကမှ တကယ် Long တယ်လို့ ပြောချင်လဲပြောလို့ရပါတယ်..။ ဘာလို့လဲ ဆိုတော့ Star Trail ပုံကောင်းတစ်ခုဟာ အနဲဆုံး 1 hour ရိုက်မှ လှမှာ ဖြစ်တဲ့အတွက်ပါ...။ Star Trail ရိုက်နည်း ၂ မျိုးလောက် ကျွန်တော် လေ့လာဖူးပါတယ်..။ တစ်မျိုးက အခု ကျွန်တော် ရှင်းပြပေးမယ့်..။ တစ်ပုံထဲကို တစ်ခါထဲ ရိုက်တဲ့ နည်းပါ..။ နောက်တစ်မျိုးကတော့ ပုံပေါင်းများစွာကို Timer ပေးပြီး ပုံပေါင်းများစွာ ရိုက်ပါတယ်..။ ပြီးတော့မှ Photoshop ထဲမှာ ပြန်ဆက်ပါတယ်..။ ဒီနေ့ ကျွန်တော် ရှင်းပြမှာကတော့ တစ်ပုံထဲ ရိုက်တဲ့နည်းပါ..။ ဘာလို့ တစ်ပုံထဲ ရိုက်တဲ့နည်းကို ကျွန်တော်ရွေးပြီး ရှင်းပြရသလဲဆိုတာ...။ အကြောင်းရှိပါတယ်..။ Digital ခေတ်ဖြစ်တဲ့အတွက် Post Processing ကို မဖြစ်မနေ လုပ်ရမှာမျိုးကို ကျွန်တော်လက်ခံပေမယ့်...။ အနဲဆုံး ပဲ ဖြစ်စေချင်ပါတယ်..။ Camera ထဲမှာ တစ်ခါထဲ ပြီးမယ့် Situation ကို Camera ထဲမှာပဲပြီးစေချင်ပါတယ်...။ ဒါမှလည်း High End Camera တွေ ကိုင်ရကျိုး နပ်မယ်ထင်ပါတယ်..။ ဒီလိုမှ မဟုတ်ရင်တော့ ..။ Po

Android OS သုံးဖုန်း /Tablet အမျိုးမျိုးကို အလွယ်ဆုံး နည်းလမ်းများဖြင့် Root လုပ်နည်းများ

Image
မြန်မာစာ မပါတဲ့ Android OS သုံး ဖုန်း/Tablet များကို မြန်မာစာ ထည့်လိုတဲ့အခါ ၊ မူရင်း System ကန့်သတ်ထားတဲ့ Permission တွေကို ကိုယ့်စိတ်ကြိုက်ပြင်ဆင် လိုတဲ့အခါ ၊ Root Access ရမှ အသုံးပြုနိုင်တဲ့ application တွေကို အသုံးပြုလိုတဲ့အခါ Android OS သုံးဖုန်း /Tablet များကို Root လုပ်ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် လွယ်ကူစွာလေ့လာ လုပ်ဆောင်နိုင်မယ့် Android OS သုံးဖုန်း /Tablet များကို အလွယ်ဆုံး နည်းလမ်းများဖြင့် Root လုပ်နည်းများကို တင်ပြပေးလိုက် ပါတယ်။ ကွန်ပျူတာမလိုဘဲ “Frama Root” ဖြင့် Root လုပ်ခြင်း ဒီနည်းလမ်းကတော့ Android OS သုံး ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။ Frama Root လို့ခေါ်တဲ့ Android apk လေးကိုဖုန်းမှာ ထည့်သွင်း install ပြုလုပ်ပြီး Root လုပ်ရမှာပါ။ ဒီနည်းလမ်းကတော့ ကွန်ပျူတာမလိုပါဘူး ။ အရင်ဆုံး “Frama Root” Android Application လေးကိုအောက်က link မှာရယူပါ။ Frama Root apk အားရယူရန် Download ရယူထားတဲ့ Frama Root apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးလျှင် install လုပ်လိုက်တဲ့ Frama Root application ထဲကိုဝင်ပါ။ “Install SuperSU” ကိုရွေးပါ။ Se

Lollipop Zawgyi Inataller (5.0 ~ 5.0.x)

Image
Android version 5.0 နဲ့ အထက် တွေမှာ ပါဝင်တဲ့ Unicode Font တွေကို ဇော်ဂျီအဖြစ်ပြောင်းလဲနိုင်မယ့် One Click Tool လေးပါ ဒီ Tool ကိုတော့ ကိုစိုင်းခိုင်တင့်(Mobile Doctor) မှ ရေးသားထားတာဖြစ်ပြီး Lollipop တွေအတွက် ဇော်၈ျီဖောင့်ကို အဆင်ပြေစေမယ့် Tool တစ်ခုဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ် Download Here Pass – saikhinetint Credit – Sai Khine Tint ( http://www.facebook.com/saikhinetint ) Aung Khaing (MMAS) http://www.myanmarmobileapp.com ------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

ရင်ခုန် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာပါက အလိုအလျှောက် ဖောက်ထွင်း မြင်ရမည့် အကျီ ဒပ်ခ်ျ အမျိုးသား ဒီဇိုင်နာ တီထွင်

Image
Swe Sone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

သုက်ကောင် အရေအတွက် ၊ ထုတ်လုပ်မှု နှင့် လှုပ်ရှားနိုင်စွမ်း ကောင်းမွန်စေမည့် အစာများ

Image
 Swe Sone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ချစ်သူနှင့် လမ်းခွဲ ပြီးနောက် ခံစားရသော စိတ်နှင့် ခန္ဓာ ဝေဒနာများ

Image
Swe Sone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ဆီးလမ်းကြောင်း ပိုးဝင်နေသူတို့ လိုက်နာ သင့်သောဆောင်ရန် ၊ ရှောင်ရန်များ

Image
Swe Sone Media Group -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com )  Facebook Page    Twitter    Google+

ဇူလိုင်လတွင် ပလူတိုဂြိုလ်သို့  အာကာသယာဉ် ပထမဆုံးအကြိမ် ရောက်ရှိမည်

Image
သမန်းကျား ဇူလိုင်လတွင် ပလူတိုဂြိုလ်ထံသို့ ရောက်ရှိမည့် နာဆာပိုင် Horizon အာကာသ ယာဉ်သည် ယခုအခါ ပလူတိုဂြိုလ် အား ဓါတ်ပုံ ရိုက်ကူးမှု စတင် လိုက်ပြီဖြစ်ကာ အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပလူတိုအား နက်ရှိုင်းသော အာကာသ တစ်နေရာမှ ပထမဆုံးဓါတ်ပုံ ရိုက်ကူးဖူးခြင်းဖြစ်ကာ ပလူတိုဂြိုလ် ထံသို့  ရောက်ရှိခြင်းမှာလည်း ပထမဆုံး အကြိမ်ပင်ဖြစ်ကြောင်း သိရသည်။ Horizon အာကာသယာဉ်သည် ကမ္ဘာမှမိုင်ပေါင်း ၃ ဘီလီယံကို အချိန် ၉ နှစ်ယူကာ ဖြတ်သန်းခဲ့ရပြီး ပလူတိုဂြိုလ် ထံသို့  ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ ချဉ်းကပ်သည် ဆိုသော်လည်း ယခုရောက်ရှိနေသောနေရာ သည် ပလူတိုဂြိုလ်နှင့် မိုင်ပေါင်း သန်း ၂၀၀ ဝေးကွာနေဆဲဖြစ်သည်။ သို့ သော် သိပ္ပံပညာရှင်များက တန်ဖိုးမဖြတ်နိုင်သော ဒေတာများကို ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။ ပလူတိုကို ချဉ်းကပ်နေဆဲကာလမှာ ဓါတ်ပုံတွေ အဆက်မပြတ် ရိုက်သွားပါမယ်။ ဒါမှလည်း ပလူတိုနဲ့ Horizon ရဲ့  အနေအထားကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။ တစ်ကယ်လို့ များ လမ်းကြောင်း လွဲချော်နေတယ်ဆိုရင်လည်း လမ်းကြောင်းမှန်အောင် ချက်ခြင်းပြင်ဆင် သွားရမှာဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။ Horizon အနေဖြင့် ပလူတိုဂြိုလ်ရှိရာသ

သတိထားရမည့် ဖေ့စ်ဘွတ်ခ် မသမာသူ

Image
သန္တာ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးငယ် တစ်ယောက်မှာ ဘဝတွင် ရိုးရိုးသားသား နေထိုင်ရင်းက အကျင့်စာရိတ္တ မကောင်းသူ အမျိုးသမီး တစ်ဦး ဘဝသို့ ရောက်သွားရသည်။ သူ ရောက်သွားပုံမှာ ထူးလည်း ထူးဆန်းသည်၊ ထူးလည်း မထူးဆန်းဟု ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် ဖေ့စ်ဘွတ်ခ် သုံးမိရင်း ဖြစ် သွားသောကြောင့် ဖြစ်သည်။ မတော်မလျော် ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုတွင် မိန်းကလေး ဓာတ်ပုံ တစ်ပုံနှင့်အတူ ဖုန်းနံပါတ်တွဲလျက် အကြိုက်တွေ့လျှင် ခေါ်ယူနိုင်ကြောင်း စာရေး တင်ထားခံရသူမှာ သန္တာဖြစ်နေသည်။ ထိုအဖြစ်အပျက်ကို သူကိုယ်တိုင် မသိလိုက်၊ မည်သို့မည်ပုံ ထိုမဟုတ်တရုတ် စာမျက်နှာမျိုးတွင် သူ၏ ဓာတ်ပုံ ရောက်နေသည်ကို မသိလိုက်သော်လည်း ထိုဓာတ်ပုံ၏ အောက်တွင် အမနာပ နှမချင်း ကိုယ်ချင်း မစာ ရေးသားထားသည့် စာများမှာ မြင်မကောင်းလောက်အောင် ရှိနေပြီ ဖြစ်သည်။ “ကျွန်မအကောင့်နဲ့ ပုံစံတူ အကောင့်အတု လုပ်ပြီး ဟက်ခံရတာ။ အဲလိုလုပ်တာကို သိလို့ Profile ပုံကို ချိန်းလိုက်တာနဲ့ ဟိုဘက်ကလည်း သုံးမိနစ်အတွင်း ပုံလိုက်ချိန်း၊ ကျွန်မပုံတွေယူ၊ သူ့ကို ဘယ်လောက်နဲ့ ခေါ်လို့ရတယ်။ အရင်က တင်ထားတဲ့ ကလေးနဲ့ ပုံတွေကို သားအမိပုံဆိုပြီး အမျိုးမျိုးပြော လုပ်တာ” ဟု အကောင့်နာမည်တူ အလုပ

တီဗီ ကြာမြင့်စွာ ကြည့်ခြင်းနှင့် အထီးကျန် စိတ်ဝေဒနာ

Image
By မြတ်ဆုကို ညဆို တီဗီရှေ့ထိုင်ပြီး တစ်ခုပြီး တစ်ခု၊ တစ်ခွေပြီး တစ်ခွေ မဆုံးနိုင်အောင် ကြည့်တတ် ပါသလား။ ထိုသို့ဆိုလျှင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရ သူ ဖြစ်ဖို့ အလွန်နီး စပ်နေပြီ။ အရက်ကို တစ်ချီတည်းနှင့် အလွန်အမင်း သောက် သုံးကာ လူမှန်းသူမှန်း မသိအောင် ကိုယ့်ကိုယ့်ကို ဖန်တီး လိုက်ခြင်းသည် အထီးကျန်မှုကို ဖြေဖျောက် လိုသူတို့၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ အလားတူပင် တီဗီကို နာရီ တော်တော် ကြာအောင် တစ်ချီတည်း ထိုင်ကြည့်ခြင်းသည်လည်း မိမိ၏ အထီးကျန်စိတ်ကို ဖျောက်လိုသူ များ၏ လုပ်ရပ် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ တီဗီကို အချိန်ကြာကြာ ထိုင်ကြည့်ခြင်းသည် အထီးကျန်ခြင်း၊ စိတ်ကျခြင်း လက္ခဏာ ဖြစ်သည်။ လက်တွေ့ လေ့လာမှု အရလည်း လူတွေဟာ အထီးကျန်ဆန်လာလေ၊ စိတ်ကျလာလေ သူတို့မှာပေါ်လာ မည့် အဆိုးမြင် အဖျက်တွေး စိတ်များ ရန်မှ ခုခံရန် တီဗီကို ဖိကြည့်တတ် ကြကြောင်း တွေ့ရှိရသည်။ တီဗီကြည့်ခြင်းသည် ဘာမျှ ပြဿနာ ရှိသော အလုပ် မဟုတ်ဟု ထင်ကောင်း ထင်လိမ့်မည်။ သို့သော် တီဗီရှေ့ ထိုင်ပါများသူသည် အ၀လွန်ခြင်း၊ မောပန်းစိတ်ကျခြင်းတို့ ပိုကြုံရ တတ်ကြောင်း လေ့လာ သုတေသန များက ဖော

မှတ်ဉာဏ်ကောင်းအောင် ဤသုံးချက်ဆောင်

Image
By ကိုထိုက် အရေးကြုံပြီဆို ခေါင်းက စဉ်းစားမရ။ မေ့နေ တော့ သည်။ အမြင်ကတ်ဖို့ ကောင်းလှ၏။ အံတွေကြိတ်၊ လက်သီးတွေ ဆုပ်နဲ့ ကြိတ်မနိုင် ခဲမရ ဖြစ်နေ ရတာ ခံရခက် လှသည်။ လိုချင်သည့် အချိန် ပြန်စဉ်းစား လိုက်သည်နှင့် စီစဉ်တကျ ပေါ် လာအောင် ဆောင် ရမည့် အချက် သုံးချက်ကို အောက်တွင် အကြံပြု တင်ပြ ပါမည်။ ၁။ ခိုင်းလေ အသုံးကျလေ၊ မခိုင်းတာကြာ လေ အသုံးမကျလေ။ ဦးနှောက်သည် ခန္ဓာ ကြွက်သားများ အတိုင်း ဖြစ်၏။ များများခိုင်းလေ၊ များများကျင့် ပေးလေ သန်စွမ်း လာလေ ဖြစ်သည်။ ဦးနှောက်ကို မည်သို့ ခိုင်းရမည်နည်း အကြံပြု ရလျှင် အသစ်၊ အသစ်များ အမြဲ သင်ယူနေပါ။ ဦးနှောက်သည် အသစ်၊ အသစ်များ အတွက် အမြဲတမ်း ပြင်ဆင်နေရ သဖြင့် လေ့ကျင့်ခန်း အမြဲ လုပ်သော ကြွက်သား လိုပင် သန်စွမ်းအားကောင်းကာ အရေးကြုံလျှင် လိုချင်တာကို ချက်ချင်း မှတ်မိနိုင်သည်။ အမြဲတမ်း တစ်သမတ်တည်း သွားနေခြင်းမှ ခွဲထွက်ပြီး ပုံစံသစ် ကျင့်သုံးပါ။ ဆွေးနွေးခြင်း၊ စကားရည် လုခြင်းများ လုပ်ပေးပါ။ ခရီး များများ ထွက်နိုင်လေ ဦးနှောက် က အမြင်၊ အကြား၊ အထိ အတွေ့သစ်များကို သင်ယူ နိုင်လေ ဖြစ်ကာ ပိုသန်စွမ်း အားကောင်း လာမည်။ ဂီတ တူရိယာ တစ်ခုခု တီးခတ်ခြင်းသည်လည်

အသ​ည်း​ဆီ​ဖုံးေ​ရာ​ဂါ​အတွ​က် ထိေ​ရာ​က်ေ​သာ ​တို​င်း​ရ​င်းေ​ဆး​ပင်များ

Image
Written by ကြည်လွင်မြင့် (မုဒြာ) အသည်း အဆီဖုံးရောဂါသည် ယခုဆယ်စုနှစ် အတွင်းမှာ အဖြစ်များလာသော ရောဂါဖြစ်သည်။ လွန်ခဲ့သော ၂၇ နှစ်က စာရေးသူ တိုင်းရင်းဆေးရုံ တွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန် တွင် အဖြစ်များသော အသည်းရောဂါမှာ အသည်းရောင်အသားဝါ (ရိုးရိုး) သာဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံး အသားများ ဝါသည့် အပြင် မျက်စိပါ ဝါသည်။ နောက်ဆုံး ဆီးသွားလျှင် အဝါရင့်ရောင် သွားသည်။ ထိုစဉ်က ပြည် သူ့ဆေးရုံတိုင်းရင်းဆေးဟုခေါ်သော မြောက်ပြင်ရှိဆေးရုံမှာ ခုတင် ၂၅ လုံး မျှသာဆံ့သော်လည်း အသားဝါ လူနာများပြည့်လျက် လူနာ ၅၀ ခန့်အထိ ကုသပေးခဲ့ရသည်။ အသားဝါ လူနာအားလုံးနီးပါး ကိုယ်ဝန်ဆောင် အသားဝါပါ မကျန် တိုင်းရင်းဆေးဖြင့် ကုသပျောက်ကင်းကြသည်။ ထိုအချိန်က အသားဝါကုသသော အဓိကတိုင်းရင်းသားဆေးမှာ ဆေးအမှတ် (၁) ဟု အမှတ်အသား ပြုထား သည့် မက်လင်ချဉ်ဆေးဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ ရှေးဆေးကျမ်းများမှ ‘သေမုပုတိက သလိပ် ပုပ်နိုင်ဆေး’ နည်းကိုယူထားသော ဆေးဖြစ်သည်။ အသည်းရောင်အသားဝါအတွက် ကောင်းသည့် အမှတ် (၁) ဆေးနည်းတွင် အဓိကပါဝင်သော ဆေး မယ်မှာ မက်လင်သီး၊ မက်လင်ခေါက်ဖြစ်သည်။ မက်လင်သီးသည် အလွန်ချဉ်သောအသီးဖြစ်ပြီး ချဉ် ဟင်းချက်ရာတွင် ထ