Posts

Showing posts from January, 2016

WAV နဲ့ MP3 file format အကြောင်း တစေ့တစောင်း...

Image
Audio file format နဲ့ပတ်သက်ပြီး အဓိက အုပ်စုကြီး ၃ စု ရှိပါတယ်.. 1. "Uncompressed audio format" (ဥပမာ၊ WAV, AIFF, AU...) 2. "Formats with lossless compression" (ဥပမာ၊ FLAC, Monkey's Audio (filename extension .ape), WavPack (filename extension .wv), TTA, ATRAC Advanced Lossless, ALAC (filename extension .m4a), MPEG-4 SLS, MPEG-4 ALS, MPEG-4 DST, Windows Media Audio Lossless (WMA Lossless), and Shorten (SHN)..) 3. "Formats with lossy compression" (ဥပမာ၊ Opus, MP3, Vorbis, Musepack, AAC, ATRAC, Windows Media Audio Lossy (WMA lossy)... တွေပါ... ဒီပို့စ်မှာတော့ အဓိက အသုံးများတဲ့ အုပ်စု နံပါတ်(1) က WAV အကြောင်းနဲ့ အုပ်စု နံပါတ်(3)မှာ ပါတဲ့ MP3 အကြောင်းတွေပဲ ဖြစ်ပါတယ်... ကျနော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် အသံဖိုင်လ်တွေဟာ MP3 နဲ့ WAV ဆိုပြီး အဓိက file standards ၂ ခုအနေနဲ့ ရှိနေပါတယ်... ဒီ Audio ဖိုင်လ်တွေရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်ပြီး အခြေခံ Audio နဲ့ Video editing သမားတွေကလည်း စိတ်ဝင်စားကြမှာပါ... MP3 နဲ့ WAV files တွေကို portable pl

နေ့စဉ် ကွန်ပျူတာ သုံးစွဲသူများ သတိပြုရန်....

Image
နေ့စဉ် ကွန်ပျူတာ အသုံးပြုသူတွေ အနေနဲ့ ကီးဘုတ်နဲ့ မောက်(စ်) ကိုင်တွယ်တဲ့ လက်အနေအထား မမှန်ရင် လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ် တယ်လို့ ဆိုပါတယ်... အဲဒီလိုရောဂါမျိုး ဖြစ်လာရင် သာမာန် အနေအထားနဲ့ ကုသလို့ မပျောက်ကင်းရင် ခွဲစိတ် ကုသမှုတွေ လုပ်ရတယ်လို့ သိရပါတယ်... အောက်ပုံတွေထဲက အချို့ကတော့ ကွန်ပျူတာ အသုံးပြုရာမှာ လက်အနေအထား မမှန်လို့ CTS ရောဂါရပြီး ခွဲစိတ် ကုသမှုတွေ လုပ်ရတဲ့ ပုံတွေလို့ ဆိုပါတယ်... လက်ကောက်ဝတ်/ လက်မျက်ရိုး နေရာတွေမှာ ဒီလို ရောဂါမျိုးတွေ မဖြစ် ရလေအောင် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ပုံတွေမှာ ပြထားတဲ့ အတိုင်း လက် အနေအထား မှန်ကန်စွာနဲ့ အသုံးပြုရမယ်လို့ အကြံပြုထားပါတယ်....။ (ဖြည့်စွက်ချက်။ ။CTS ရောဂါဆိုတာ လက်ကောက်ဝတ်/လက်မျက်ရိုးနေရာက အာရုံကြောတွေကို အချိန်ကြာမြင့်စွာ ဖိထား၊ ခေါက်ထားရာက လက်အနေအထား မမှန်လို့ ဖြစ်ပေါ်လာတဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါ တမျိုးလို့ ဆိုပါတယ်... ဒီရောဂါဖြစ်လာရင် လက်ကောက်ဝတ်/လက်မျက်ရိုးနေရာတွေက နာကျင်တာ.. ထုံကျင်တာ.. တစစ်စစ် ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်... ဒီလို နာကျင်

ကလေးငယ်တစ်ဦး မီးခြစ်နှင့် ဆော့ကစားရာမှ မီးလောင်သေဆုံး...

Image
New Brighton က အသက် ၆ နှစ်အရွယ် Keira-Leigh Garland ခေါ် သမီးငယ်ဟာ မီးခြစ်နှင့် ဆော့ကစားနေစဉ် သူမ ၀တ်ဆင်ထားတဲ့ ဂါဝန်အင်္ကျီကို မတော်တဆ မီးစွဲလောင်ရာမှ စတင်ပြီး သူမခန္ခာကိုယ်ရဲ့ ၆၆ ရာခိုင်နှုန်းကျော်ကို မီးလောင်ကျွမ်းကာ သေဆုံး သွားပါတယ်... Alder Hey ကလေးဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ပြီး ဆေးဝန်ထမ်းများက သူမရဲ့ အသက်ကို ကယ်တင်ဖို့ အကြိတ်အနယ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပဲ ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက်မှာ အခုလို ကွယ်လွန်သွားခဲ့တာပါ... ဒီသမီးငယ်ရဲ့ မိဘဖြစ်သူတွေဟာ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် တစ်ယောက် တစ်နေရာစီ ဖြစ်နေကြပြီး သူမကို အဖွားဖြစ်သူက ကြည့်ရှုစောင့်ရှောက်ထားတာလို့ ဆိုပါတယ်.. အခင်းဖြစ်ပွားပုံကတော့... တခြားတနေရာက ဖခင်ဖြစ်သူ နေထိုင်ရာ နေအိမ်ကို သွားရောက် လည်ပတ်နေစဉ် အ၀တ်ဗီရိုငယ် တခုပေါ်မှာ တင်ထားတဲ့ မီးခြစ်ကို တွေ့ပြီး ယူဆောင် ဆော့ကစားရာမှ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်.... မီးခြစ်တွေကို ကလေးငယ်တွေ လက်လှမ်းမီတဲ့နေရာမှာ မထားဖို့ ဒီအဖြစ်အပျက်က ကလေးငယ် မိဘတွေကို သတိပေး လိုက်ပါတယ်....။ ကိုမျိုး Ref:The Telegraph -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blo

ဖေ့စ်ဘွတ်(Facebook) ပေါ်က Porn Video ဗိုင်းရပ်စ် အန္တရာယ်...

Image
ဖေ့စ်ဘွတ်ပေါ်က ကျနော်တို့ရဲ့ Friend list ထဲက မိတ်ဆွေတွေ ထံကပဲဖြစ်ဖြစ်… ကျနော် တို့နဲ့အတူ facebook groups တွေမှာ members ၀င်ထားတဲ့ အဖွဲ့ဝင်တဦးဦး ထံကပဲဖြစ်ဖြစ် အမြင် မတော်တဲ့ Porn videos တွေ ကျနော်တို့ရဲ့ facebook timeline ပေါ်မှာ (မရည်ရွယ်ပဲ) အလိုအလျောက် တက်လာနေတာကို သတိထားမိ ကြမှာပါ… တခါတရံမှာ ကျနော်တို့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ… မိသားစုဝင်တွေ ဆီကနေ ဒီလို sex videos လင့်ခ်တွေ ပို့လာတာကို မြင်ရတော့ တအံ့တသြ ဖြစ်ကြ ရမှာပါ… သူတို့အနေနဲ့ ဒီပို့စ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပို့နေတာ မဟုတ်သလို သူတို့ကို အပြစ်တင်လို့လည်း မရပါဘူး… သူတို့ကိုယ်တိုင်ကတောင် မသိကြပါ.. သနားစရာကောင်းတာကတော့ သူတို့အနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ဟက်ကာ(Hackers) တွေရဲ့ အသုံးချတာကို ခံနေရတဲ့ သားကောင်းတွေ ဖြစ်နေ ကြလို့ပါ… ဖေ့စ်ဘွတ်ပေါ်မှာ ပြန့်နှံ့နေတဲ့ အခုနောက်ဆုံးပေါ် Trojan Virus ဟာ browser extensions တွေအဖြစ် တည်ရှိနေပြီး users တွေ စိတ်ဝင်စားအောင် (အတုအယောင်) porn video links ပုံစံတွေနဲ့ လူမှုကွန်ယက်တွေမှာ ပြန့်နှံ့နေတာပါ…. ကူးစက်ခံရတဲ့ users တွေရဲ့ account နာမည်တွေကို အသုံးပြုပြီး tags တွေ ပြန်ပွားကာ facebook