WAV နဲ့ MP3 file format အကြောင်း တစေ့တစောင်း...

Audio file format နဲ့ပတ်သက်ပြီး အဓိက အုပ်စုကြီး ၃ စု ရှိပါတယ်..

1. "Uncompressed audio format" (ဥပမာ၊ WAV, AIFF, AU...)

2. "Formats with lossless compression" (ဥပမာ၊ FLAC, Monkey's Audio (filename extension .ape), WavPack (filename extension .wv), TTA, ATRAC Advanced Lossless, ALAC (filename extension .m4a), MPEG-4 SLS, MPEG-4 ALS, MPEG-4 DST, Windows Media Audio Lossless (WMA Lossless), and Shorten (SHN)..)

3. "Formats with lossy compression" (ဥပမာ၊ Opus, MP3, Vorbis, Musepack, AAC, ATRAC, Windows Media Audio Lossy (WMA lossy)... တွေပါ...

ဒီပို့စ်မှာတော့ အဓိက အသုံးများတဲ့ အုပ်စု နံပါတ်(1) က WAV အကြောင်းနဲ့ အုပ်စု နံပါတ်(3)မှာ ပါတဲ့ MP3 အကြောင်းတွေပဲ ဖြစ်ပါတယ်...

ကျနော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် အသံဖိုင်လ်တွေဟာ MP3 နဲ့ WAV ဆိုပြီး အဓိက file standards ၂ ခုအနေနဲ့ ရှိနေပါတယ်... ဒီ Audio ဖိုင်လ်တွေရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်ပြီး အခြေခံ Audio နဲ့ Video editing သမားတွေကလည်း စိတ်ဝင်စားကြမှာပါ... MP3 နဲ့ WAV files တွေကို portable players.. handheld recorders တွေကနေစလို့ audio interfaces တွေအထိ အသံနယ်ပယ် အားလုံးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာကို တွေ့နေရပါတယ်.... အသံ format ၂ ခုလုံးကလည်း သူ့နေရာနဲ့သူ အသုံးဝင်နေသလို ၄င်းတို့အကြား ကြီးမားတဲ့ ကွာခြားချက်တွေ ရှိနေတာကိုလည်း သတိပြု မိကြမှာ ဖြစ်ပါတယ်..

ဦးစွာ ဒစ်ဂျစ်တယ် အသံဖိုင်လ်တခုဖြစ်တဲ့ WAV file အကြောင်းပါ... ဒီ format ကို ၁၉၉၁ ခုနှစ်မှာ Microsoft နဲ့ IBM တို့ကနေ Window 3.1 မှာ အသုံးပြုဖို့အတွက် စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်... အဲဒီအချိန်က ဦးဆုံး ကွန်ပြူတာ PC တွေကနေ ထွက်တဲ့ အသံတွေဟာ တတီတီမြည်တဲ့ အသံ မဟုတ်ပဲ သံစုံခေါင်းလောင်း တီးတဲ့ အသံမျိုးကို မှတ်မိကြမှာပါ... အဲဒါ wav ရဲ့ အသံတွေပါ...

အသံပိုင်းမှာ WAV format files နဲ့ နောက်ခံသွင်းထားတဲ့ ဗီဒီယိုအခွေတွေဟာ အသံ အရည် အသွေး ကောင်းမွန် ချောမွေ့ပြီး ဘယ် audio software တွေနဲ့မဆို edit လုပ်ရ တာလည်း လွယ်ကူ ပါတယ်... အားနည်းချက်က file size အဆမတန် ကြီးမားလို့ပါ...

TV, radio, DVD နဲ့ အခြား Media ထုတ်လုပ် သူတွေ အနေနဲ့ အသံ အရည်အသွေး ကောင်းကောင်း ရရှိဖို့အတွက် WAV files တွေကို အသုံးပြုကြပါတယ်... WAV files တွေဟာ အသံထွက် အရည်အသွေး အတော်လေးကောင်းမွန်ပြီး web animations တွေအတွက် Flash နဲ့တွဲပြီး ပြုလုပ်တဲ့ loops တွေ အတွက် ရွေးချယ်သင့်တဲ့ format အမှန်အကန်တွေလည်း ဖြစ်ပါတယ်...

Video editing တွေမှာ အသုံးပြုလေ့ရှိတဲ့ Audio Loops files တွေဟာလည်း WAV format တွေပါ... MP3 format တွေမဟုတ်ပါ... Video project တခုအတွက် (ဒါမှမဟုတ်) Flash animation တခု လုပ်ဖို့အတွက် လိုအပ်တဲ့ audio loops ဖိုင်လ်တွေကို ရှာဖွေတဲ့အခါ WAV format တွေနဲ့ပဲ တွေ့ရမှာပါ... mp3 format နဲ့ မတွေ့ရပါ... MP3 တွေနဲ့ loops file တွေကို ဖန်တီးတဲ့နေရာမှာ အဆင်မပြေတဲ့ အတွက် wav format တွေကိုသာ အသုံးပြုရခြင်း ဖြစ်ပါတယ်...

Video editing တွေမှာ audio looping/ နောက်ခံ သီချင်းတွေအတွက် WAV format ကို သုံးမယ် ဆိုရင်တော့ ကျနော်တို့အတွက် ပြီးပြည့်စုံတဲ့ အသံ အရည်အသွေးကို ရရှိမှာပါ... နောက်ပြီး loops files တွေကို web animations တွေအတွက်လည်း flash နဲ့တွဲပြီးတော့ အလွယ်တကူ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်... Flash နဲ့ တွဲသုံးဖို့အတွက် ကျနော်တို့ လုပ်ရမှာက ဒီအသံ files တွေကို Flash ထဲကို တိုက်ရိုက် import လုပ်ပြီး layer တခုပေါ်မှာ နေရာချပေးလိုက်ရုံပါပဲ... ဒါဆိုရင် Flash က wav file ကို mp3 format အဖြစ် နဂိုအရည်အသွေးအတိုင်း (အသံ အရည်အသွေး မကျသွားစေပဲ) အလိုအလျောက် compress လုပ်ပေးသွားမှာ ဖြစ်ပါတယ်... animations အတွက်ကို ပြောတာပါ...

Loop file နဲ့ပတ်သက်ပြီး နည်းနည်း အကျယ်ချဲ့ပြီး ပြောရမယ်ဆိုရင်တော့... loop file ဆိုတာ အသံဖိုင်လ် အငယ်စား တစ်ခုပါ... ဒီ file တခုကို play တဲ့ အချိန်က ၈ စက္ကန့်ကနေ ၃၀ စက္ကန့်ထိသာ ကြာတတ်ပြီး user တယောက်က stop/pause မလုပ်မချင်း ထပ်ခါထပ်ခါ ပြန်ပြီး အထစ်အငေါ့မရှိ Play လုပ်နေတဲ့ ဖိုင်လ် အမျိုးအစား ဖြစ်ပါတယ်... အသံ အစပြုတဲ့နေရာနဲ့ အသံ အဆုံးသတ်တဲ့ နေရာတွေမှာ gap မဖြစ်ပဲ ပြန်ပြီး ချိတ်ဆက်သွားတာကို နားထောင်နေသူက သတိ မထားမိအောင် audio file ရဲ့ အစပိုင်းနဲ့ အဆုံးပိုင်းတွေကို ဂရုတစိုက်နဲ့ သေချာစွာ edit လုပ်ရပါတယ်... ဒါက Loop file ရဲ့ သဘောတရား အကျဉ်းပါ...

နောက်... MP3 ကိုတော့ Moving Picture Experts Group (MPEG ) က စတင် မိတ်ဆက်ပေး ခဲ့တာ ဖြစ်ပါတယ်... သူ့ရဲ့ အားသာချက်ကတော့ file size ကို ချုံ့ထားတဲ့အတွက် ဖိုလ်ဆိုဒ်ကလည်း မကြီးပါ.. devices တလုံးနဲ့ တလုံးအကြား file တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ transfer လုပ်နိုင်ပါတယ်... နေရာနည်းနည်းမှာ ဖိုင်လ်အရေအတွက် များများ Store လုပ်နိုင်ပါတယ်.. နောက်ပြီး အင်တာနက်ကနေ download လုပ်ရတာလည်း လွယ်ကူမြန်ဆန်ပြီး အသံထွက် အသင့်အတင့် ကောင်း မွန် တာကြောင့်လည်း ပါပါတယ်... ဒါကြောင့်လည်း အင်တာနက် websites တွေနဲ့ multimedia presentations တွေအတွက် အသံဖိုင်လ်တွေကို အသုံးပြုတဲ့အခါ ပေါ့ပေါ့ပါးပါးရှိတဲ့ mp3 format တွေ ကိုသာ ရွေးချယ်ကြတာ ဖြစ်ပါတယ်... Video editing တွေမှာတော့ နောက်ခံအဖြစ် သုံးလေ့မရှိပါ...

MP3 ရဲ့ ကြီးမားတဲ့ အားနည်းချက် တခုကတော့ အထက်မှာ ပြောခဲ့သလို editing သမားတွေအတွက် audio looping လုပ်တဲ့အခါ... ဒါမှမဟုတ် Audio အသံဖိုင်လ်တွေကို background အဖြစ် ထည့်တဲ့အခါ အဆင်မပြေတဲ့ အချက်ပါ... outcome မကောင်းပါ... နောက်ပြီး video editing မှာ mp3 format နဲ့ loop လုပ်ရင်/ နောက်ခံ ထည့်သွင်း အသုံးပြုမယ်ဆိုရင် အသံဖိုင်လ်ရဲ့ အစပိုင်းနဲ့ အဆုံးပိုင်း အကြားမှာ gap နည်းနည်းဖြစ်ပြီး အသံပြတ်တောင်း ပြတ်တောင်း ဖြစ်သွားတာကို editing သမားတွေ ကြုံဖူးမှာပါ... ဒါဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ အသံပုံစံကို မရတော့ ဘူးပေါ့ဗျာ...

နိဂုံးချုပ် အနေနဲ့ကတော့... TV, radio, DVD နဲ့ အခြား Media တွေအတွက် အသံ အရည်အသွေး ကို ကောင်းကောင်း လိုချင်တဲ့ မိတ်ဆွေတွေကတော့ WAV format ကို အသုံးပြုသင့်ပါတယ်... အထူးသဖြင့် Audio နဲ့ Video editting သမားတွေအတွက် အထူး သင့်တော် ပါတယ်... အင်တာနက် websites တွေ၊ multimedia presentations တွေ၊ ပေါ့ပေါ့ပါးပါး Mp3 CD လုပ်ချင်တဲ့သူတွေ၊ ကွန်ပျူတာတွေ ဖုန်းတွေထဲမှာ ထည့်ပြီး သီချင်း နားထောင်တဲ့ သူတွေ အတွက်ကတော့ MP3 format ကို ရွေးချယ်သင့် ပါကြောင်း.....။

(ဒီပို့စ်ကို Video editting ကို အခြေခံက စပြီး လေ့လာနေတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ် ရေးသား လိုက်တာ ဖြစ်ပါတယ်....။)

ကိုမျိုး
ref:dawsons/premiumbeat/wikipedia
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...