Canon 70D Users များ Canon 80D ကို Upgrade လုပ်သင့်ပြီလား...

Canon EOS 80D features.....

-24.2MP APS-C CMOS Sensor
-DIGIC 6 Image Processor
-3.0" 1.04m-Dot Vari-Angle Touchscreen
-Full HD 1080p Video Recording at 60 fps
-45-Point All Cross-Type AF System
-Dual Pixel CMOS AF
-Expanded ISO 25600, Up to 7 fps Shooting
-Built-In Wi-Fi with NFC
-RGB+IR 7560-Pixel Metering

ယခုအသစ်ထွက်တဲ့ Canon 80D ဟာ 70D ကို upgrade လုပ်ထားတာ ဖြစ်ပြီး sensor အသစ်နဲ့ processor အသစ်တွေ အပါအဝင် Auto Focus စနစ်တွေမှာ ကြီးကြီးမားမား ပြောင်းလဲထားတာ တွေ့ရပါတယ်...

Canon 80D ရဲ့ resolution ဟာ 24.2-megapixel ဖြစ်ပြီး APS-C CMOS imaging sensor (Crop frame) အမျိုး အစားဖြစ်ပါတယ်... 70D ပါတဲ့ 20.2MP နဲ့ ယှဉ်လိုက်ရင် 80D မှာ resolution ပိုများ လာတာကို တွေ့ရမှာပါ... Image processor ပိုင်းကို ကြည့်မယ် ဆိုရင်လည်း 70D မှာ DIGIC 5+ ကိုသာ အသုံးပြုထားပြီး 80D မှာတော့ ပိုမိုမြန်ဆန်တဲ့ DIGIC 6 image processor ကို အသုံးပြု ထားတာ တွေ့ရပါတယ်... ISO ပိုင်းကတော့ သိပ်ပြီးထွေထွေ ထူးထူးတော့ ပြောစရာ မရှိပါဘူး... 

Canon 80D မှာ Dual Pixel CMOS AF အပြင် Viewfinder ကနေ မြင်ရတဲ့ autofocusing အပိုင်းတွေကိုလည်း အနည်းငယ် အဆင့်မြင့်တင်ထားတာ တွေ့ရပါတယ်... နောက်ပြီး အရေအတွက် များပြားတဲ့ 45 all cross-type AF points တွေ ပါဝင် လာတာ ကလည်း Canon 80D အတွက်ထူးခြားတဲ့ တိုးတက်မှုတစ်ခုပါ... 80D ရဲ့ 45 AF points တွေဟာ frame နေရာ အတော် များများကို ခြုံငုံမိအောင် အလျား လိုက်ရော ဒေါင်လိုက်ပါ အဆင်မြှင့်တင်ထားပါတယ်... 70D မှာကတော့ 19 AF points ပဲ ရှိပါတယ်... 

နောက်ပြီး F-stop ကို f/8 အထိချပြီး စုစုပေါင်း 27 AF point autofocusing ကို စွမ်းဆောင်ပေးနိုင်တဲ့ အတွက်ကြောင့် Long supertelephoto lenses တွေနဲ့ teleconverters တွေ အသုံးပြုတဲ့ ကင်မရာသမားတွေလည်း ကျေနပ်သဘောကျ ကြမှာပါ... 70D ကတော့ ဒီလို မစွမ်းဆောင် ပေးနိုင်ပါဘူး... F-Stop ကို f/5.6 ထိ လျှော့ချပြီး ရိုက်မှသာ အဆင်ပြေမှာပါ... . 80D ရဲ့ low-light focusing အပိုင်းကို ကြည့့်ရင်လည်း exposure value -3EV နေရာမှာရှိတဲ့ အရာဝတ္ထုတွေကို central focusing ဖြတ်ပေးနိုင်ပါတယ်... 70D ရဲ့ -0.5EV နဲ့ သာ ယှဉ်ကြည့်လိုက်ပါ... (အသုံးပြုတဲ့ lens ပေါ်မှာ မူတည်ပြီး AF points အရေအတွက်, cross-type points နဲ့ dual cross-type points တွေ အပြောင်းအလဲ ရှိနိုင်ပါတယ်...)

Sport events နဲ့ တခြား action တွေကို ဖမ်းယူဖို့ 80D ရဲ့ continuous burst speed ကတော့ အရင် 70D အတိုင်း ပါပဲ... 7fps ပါ... Canon 80D မှာလည်း 7D Mark ll မှာ ထည့်သွင်းပေးထားတဲ့ Anti-flicker စနစ် ပါဝင် တာကြောင့့် Artificial lighting ကို အသုံးပြုပြီး indoor မှာ sport events တွေနဲ့ တခြား actions တွေကို ဖမ်းယူတဲ့ နေရာမှာ အထောက်အကူပြုမှာပါ...

Canon 80D ကို တည်ဆောက်ထားတဲ့ body အရည်အသွေးကလည်း 70D နဲ့ ယှဉ်လိုက်ရင် သိပ်ပြီး မပြောပ လောက်ပါဘူး... 7D series cameras တွေနဲ့ အရွယ်အစား သေးငယ်ပြီး ပေါ့ပါးတဲ့ Rebel series လိုမျိုး ကင်မရာတွေနဲ့ ယှဉ်လိုက်ရင် Canon 80D ရဲ့ အရွယ်အစားနဲ့ အလေးချိန်း အပိုင်းတွေက သင့်တင့့်မျှတပြီး users တွေအတွက် ကိုက်တွယ်ရတာလည်း သက်တောင့်သက်သာ ရှိမှာပါ... 70D ထက် အလေးချိန် သိသိသာသာ ကျဆင်း သွားတာကိုလည်း တွေ့ရပါတယ်... 

80D မှာ DIGIC 6 processor ကို အသုံးပြုထား တဲ့အတွက် Full HD video တွေကို 60fps အထိ ဖမ်းယူနိုင်ပြီး လျှင်မြန်တဲ့ action video တွေနဲ့ တခြား moving subjects တွေကို ဖမ်းယူတဲ့နေရာ မှာလည်း အဆင်ပြေပါတယ်.. တခြား features အသစ်တွေလည်း ပါပါသေးတယ်... 70D မှာကတော့ Full HD video က 30fps ပါ... 

Video ရိုက်ကူးတဲ့နေရာမှာ အကောင်း ဆုံး အရည်အသွေးကို ရရှိဖို့ MOV file format ကို ရွေးချယ်နိုင်ပါတယ်... ဒီ format က 90Mbps ALL-I intra-frame compression ကို အသုံးပြုထားပါတယ်... ဒီ Mode ကို သုံးမယ် ဆိုရင်တော့ 30p နဲ့ 24p (29.97 နဲ့ 23.98 fps စသဖြင့် စသဖြင့်) framerates တွေပဲ ဖမ်းယူ လို့ရမှာပါ...

60p footage ကို ရဖို့ဆိုရင်တော့ MP4-format ကို အသုံးပြုဖို့ လိုပါတယ်... ဒီ format ကတော့ IPB compression ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် 60p video အတွက် 60Mbps မှာ ဖမ်းယူပေးနိုင် ပါတယ်... ယခု format ကို 30p နဲ့ 24p framerates တွေနဲ့လည်း ဖမ်းယူနိုင် ပါတယ်... 1080/30p နဲ့ 720/30p ဖမ်းယူတဲ့ နေရာတွေမှာလည်း အဆင်ပြေပြီး memory card မှာ space စားတာလည်း သက်သာစေပါတယ်...

Canon ရဲ့အဆိုအရ MOV နဲ့ MP4 format ၂ ခုလုံးနဲ့ video recording လုပ်တဲ့နေရာမှာ အများဆုံး ဖမ်းယူချိန်ကို၂၉ မိနစ် ၅၉ စက္ကန့်သာ ကန့်သတ်ထားပါတယ်... သတ်မှတ်ချိန်ပြည့်ရင် recording က အလိုအလျောက် ရပ်သွားမှာပါ... ဒါပေမယ့် အဲဒီလို သတ်မှတ်ချိန် မရောက်ခင် ကာလမှာတော့ 4GB အရွယ်အစားရှိတဲ့ file size ကို အဆက်မပြတ် ဖမ်းယူပေးနိုင်ပါတယ်...

Video recording လုပ်မယ့် မိတ်ဆွေတွေ အကြိုက်တွေ့မှာကတော့ ယခု 80D မှာ headphone jack ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်... video recording လုပ်နေတဲ့ အချိန်မှာ audio ကို monitoring လုပ်နိုင်မှာပါ... ဒါကလည်း 70D ထက် အားသာစေတဲ့ အချက်ပါ...

Canon 70D လိုပဲ Canon 80D အသစ်မှာလည်း built-in Wi-Fi ပါဝင်ပါတယ်... အသုံးဝင်ပုံကို မိတ်ဆွေတို့လည်း သိပြီးသားဆိုတော့ အကျယ်မရေးတော့ပါဘူး... သူ့ရဲ့နောင်တော်ကြီး 7D Mark ll လိုတော့ built-in GPS မပါရှိပါဘူး... ဒါပေမယ့် GPS Receiver GP-E2 add-on accessory နဲ့ externally တော့ သုံးလို့ရပါတယ်... 

ဘက်ထရီ ပါဝါပိုင်းကို ကြည့်မယ်ဆိုရင် 80D မှာလည်း 7D mark ll လို အဆင်မြင့်တင် ထားတဲ့ LP-E6N ဘက်ထရီ အမျု်ိးအစားကို အသုံးပြုထားတဲ့ အတွက် အသုံးပြုချိန် ပိုကြာမှာပါ... နောက်ပြီး 70D အပါအဝင် ယခင် EOS ကင်မရာတွေမှာ အသုံးပြုတဲ့ LP-E6 ဘက်ထရီ အမျိုးအစားနဲ့လည်း compatible ဖြစ်ပါသေးတယ်... Canon ရဲ့ အဆိုရ အားပြည့်နေတဲ့ LP-E6N ဘက်ထရီနဲ့ flash မသုံးပဲ ပုံပေါင်း ၁၃၉၀ ဝန်းကျင် ရိုက်နိုင်ပြီး live view နဲ့ ဆိုရင်တော့ ပုံပေါင်း ၃၀၀ ဝန်းကျင် ရိုက်နိုင်တယ်လို့ ဆိုပါတယ်... (မိမိရွေးချယ် အသုံးပြုတဲ့ setting ပေါ်မူတည်ပြီး ကွဲလွဲနိုင်ပါတယ်) battery grip ကလည်း 70D မှာ သုံးတဲ့ grip ကို သုံးနိုင်ပါတယ်... 

Media storage ပိုင်းမှာ ဆိုရင်လည်း Canon 80D ဟာ UHS-I compatible ဖြစ်ပြီး SD, SDHC နဲ့ SDXC memory cards အမျိုးအစားတွေနဲ့ အသုံးပြုနိုင် ပါတယ်... 

အခု 80D နဲ့တွဲပြီး ထူးထူးခြားခြား ထွက်လာတဲ့ EF-S 18-135 f/3.5-5.6 IS Kit lens က USM နဲ့ပါ... Nano USM နည်းပညာကို သုံးထားတဲ့ lens အသစ်ပါ... Crop frame တွေ အတွက်ပါ... USM ကို သုံးထားပေမယ့် အရင် EF-S 18-135 f/3.5-5.6 IS STM Kit lens နဲ့ ယှဉ်လိုက်ရင်လည်း စျေးက မတိမ်းမယိမ်ပါပဲ...

Canon 80D ရဲ့ စျေးနှုန်းက body only ကို US$1,199 ဝန်းကျင်ရှိပြီး EF-S 18-135mm f/3.5-5.6 IS USM kit lens အသစ်နဲ့ဆိုရင်တော့ US$1,799 ဝန်းကျင်ရှိပါတယ်.... Lens only ဆိုရင်တော့ $599 ဒေါ်လာရှိပါတယ်......။





Happy Upgrade...!


--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...