Never lie to a woman...

အလုပ်မှာ ရှိနေတဲ့ အမျိုးသား တစ်ဦးဟာ အိမ်က ဇနီးသည်ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်... 

"ဟန်နီ!!! ကိုယ်... ကနေဒါကို ငါးမျှားခရီး ထွက်ရမယ်လို့ ကိုယ့်သူဌေးက ပြောတယ်... သူလည်းပါတယ်... ကိုယ့် သူငယ်ချင်းတွေလည်း အများကြီး ပါတယ်..." 

"အဲဒီမှာ တစ်ပတ်လောက် ကြာမယ်... ဒါဟာ ကိုယ့်အတွက် တကယ့် အခွင့်အလမ်းကောင်းပဲ... ကိုယ် လိုချင်နေတာနဲ့ အတော်ပဲ..."

"ဆိုတော့... ကိုယ့်အတွက် အဝတ်အစားတွေကို တစ်ပတ်စာ လုံလောက်အောင် စီစဉ်ပြီး ခရီးဆောင် အိတ်ထဲမှာ ထည့်ထားပေး... ငါးမျှားတံနဲ့ ငါးမျှား သေတ္တာလည်း ပြင်ထားပေးကွာ... ကိုယ်တို့က ရုံးကနေလာမယ်... ပြီးတော့ အိမ်မှာ အဲဒီပစ္စည်းတွေ ဝင်ယူပြီး တန်းသွားမယ်... 

"အို့!!! ဒါနဲ့.. ကိုယ့်ရဲ့ အပြာရောင် ညဝတ် အကျီင်္လေးပါ ထည့်ထားပေး ပါအုံးကွာ..."

ဇနီးသည်အနေနဲ့ စိတ်ထဲမှာ နည်းနည်းလေး မသင်္ကာဖွယ်ရာ ဖြစ်လာပေမဲ့ ဇနီးကောင်း တစ်ယောက်အနေနဲ့ ခင်ပွန်းခိုင်းတာ အားလုံးကို လုပ်ပေးလိုက်တယ်... 

တပတ်ကြာပြီးတဲ့ အခါမှာတော့ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာတယ်... သူကြည့် ရတာ နည်းနည်း ပင်ပန်းနွမ်းနယ် နေတာကလွဲလို့ အားလုံးဟာ ပုံမှန်အတိုင်းပဲ... 

ဇနီးသည်က သူ့ကို ကြိုဆိုပြီးတော့ ငါးတွေ အများကြီး ရခဲ့လားလို့ မေးလိုက်တယ်... 

ခင်ပွန်းဖြစ်သူက.. "အေးကွ!!! ဆော်လမွန်ငါးတွေ အများကြီး ရတယ်... နောက်ပြီး Bluegill ငါး အချို့နဲ့... ဓားရှည်နှုတ်သီးငါး (Swordfish) အနည်းငယ်လည်း ရတယ်ကွ... ဒါနဲ့!!! နေပါအုံး... ကိုယ်ထည့်ခိုင်း လိုက်တဲ့ အပြာရောင် ညဝတ်အကျီင်္ကို ဘာဖြစ်လို့ မထည့်ပေး လိုက်တာလဲ..." 

ဒီအချိန်မှာ ဇနီးဖြစ်သူက... "ကျမ ထည့်ပေး လိုက်တာပေါ့... အဲဒါက ရှင့်ရဲ့ ငါးမျှား သေတ္တာထဲမှာလေ.....။"

(ကိုယ်ချစ်တဲ့၊ ခင်မင်တဲ့ သူတွေကို မုသား မဆိုမိပါစေနဲ့... )



 
ref:internet
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...