Posts

Showing posts from September, 2016

If you plant honesty, you will reap trust....

Image
ေအာင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ သူ့အနေနဲ့ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဆက်ပြီး ဦးဆောင်နိုင်မယ့် သူကို ရွေးချယ်ဖို့ ဆုံးဖြတ်​လိုက်​တယ်....  ဒီလိုရွေးချယ်ဖို့အတွက် သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ စီနီယာ ညွှန်ကြားရေးမှူးတွေ ထဲကနေ ရွေးချယ် ရမယ့်အစား... ထူးထူးခြားခြား ဂျူနီယာကျတဲ့ လူငယ​်ဝန်ထမ်းတွေ အားလုံးကို ခန်​းမထဲ ခေါ်ပြီး စုရုံးခိုင်​းလိုက်တယ်... အဲဒီနောက် အကြီးအကဲက...  "ငါ့အနေနဲ့ ကုမ္ပဏီကနေ အနားယူဖို့ အချိန်​ကျပြီ.. အဲဒီ​တော့ ငါ့နေရာမှာ ဆက်ခံမယ့်သူ နောက်ထပ် အမှုဆောင်အရာရှိချုုပ်အသစ်ကို ရွေးချယ်ရမှာ ဖြစ်​တယ်​.. မင်းတို့ အားလုံးထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်..." အကြီးအကဲရဲ့ စကားကြောင့် ဝန်ထမ်းတွေအားလုံး အံ့အားသင့်ပြီး ကြက်သေ သေသွားကြတယ်... အကြီးအကဲက ဆက်လက်ပြီး...  "ဒီကနေ့ မင်းတို့ တစ်ဦးချင်းစီကို အပင်မျိုးစေ့ တစ်စေ့စီ ပေးလိုက်မယ်... အရမ်းထူးခြားတဲ့ မျိုးစေ့တွေပေါ့ကွာ... အဲဒီမျိုးစေ့ကိုယူပြီး မင်းတို့ရဲ့အိမ်မှာ စိုက်ပျိုးပါ... ရေလောင်းပါ... ဒီနေ့ကစပြီး တနှစ်ပြည့်တဲ့အခါ ငါပေးလိုက်တဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ အပင်ကိုယူပြီး ငါ့