Posts

Showing posts from February, 2016

Canon 70D Users များ Canon 80D ကို Upgrade လုပ်သင့်ပြီလား...

Image
Canon EOS 80D features..... -24.2MP APS-C CMOS Sensor -DIGIC 6 Image Processor -3.0" 1.04m-Dot Vari-Angle Touchscreen -Full HD 1080p Video Recording at 60 fps -45-Point All Cross-Type AF System -Dual Pixel CMOS AF -Expanded ISO 25600, Up to 7 fps Shooting -Built-In Wi-Fi with NFC -RGB+IR 7560-Pixel Metering ယခုအသစ်ထွက်တဲ့ Canon 80D ဟာ 70D ကို upgrade လုပ်ထားတာ ဖြစ်ပြီး sensor အသစ်နဲ့ processor အသစ်တွေ အပါအဝင် Auto Focus စနစ်တွေမှာ ကြီးကြီးမားမား ပြောင်းလဲထားတာ တွေ့ရပါတယ်... Canon 80D ရဲ့ resolution ဟာ 24.2-megapixel ဖြစ်ပြီး APS-C CMOS imaging sensor (Crop frame) အမျိုး အစားဖြစ်ပါတယ်... 70D ပါတဲ့ 20.2MP နဲ့ ယှဉ်လိုက်ရင် 80D မှာ resolution ပိုများ လာတာကို တွေ့ရမှာပါ... Image processor ပိုင်းကို ကြည့်မယ် ဆိုရင်လည်း 70D မှာ DIGIC 5+ ကိုသာ အသုံးပြုထားပြီး 80D မှာတော့ ပိုမိုမြန်ဆန်တဲ့ DIGIC 6 image processor ကို အသုံးပြု ထားတာ တွေ့ရပါတယ်... ISO ပိုင်းကတော့ သိပ်ပြီးထွေထွေ ထူးထူးတော့ ပြောစရာ မရှိပါဘူး...  Canon 80D မှာ Dual Pixel CMOS AF အပြင် Viewfinder ကနေ မြင်ရတဲ့ autofocusing အပိုင်

ဒုတိယကွန်ဂိုစစ်က ပေးတဲ့သင်ခန်းစာ...

Image
ဒုတိယ ကွန်ဂိုစစ်ပွဲဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး... ၂၀၀၃ ဇူလိုင်လမှာ တရားဝင် ပြီးဆုံးခဲ့ပါတယ် (တစ်ချို့က ၂၀၀၂ မှာ တရားဝင် ပြီးဆုံး တယ်လို့ ဆိုပါတယ်)... ဒါပေမဲ့ မငြိမ်သက်မှုတွေတော့ ဆက်ပြီး ရှိနေခဲ့ပါတယ်... တရားဝင် စစ်ပွဲပြီးဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်းမှာ တရက်ကို လူပေါင်း (၁၀၀၀)ခန့် နေ့စဉ် သေဆုံးနေပြီး... လစဉ် သေဆုံးသူ ဦးရေပေါင်း (၄၅,၀၀၀)ခန့် ရှိတယ်လို့ ဆိုပါတယ်... သေဆုံးသူ အများစုဟာ ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်... သေဆုံးသူ ထက်ဝက် ခန့်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်...  စစ်ပွဲကာလအတွင်းနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း၂၀၀၈ ခုနှစ် ကာလအထိ သေဆုံးသူ အရေအတွက် စုစုပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်.. သေဆုံးသူ အများစုဟာ စောစောက ပြောခဲ့သလို ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့်ပါ... စစ်ပွဲကာလအတွင်း ပြည်သူလူထု သန်းပေါင်း များစွာ ဟာလည်း သူတု်ိ့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြပြီး... အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြရပါတယ်... ဒုတိယကွန်ဂိုစစ်ဟာ ပထမကွန်ဂိုစစ်တုန်း ကလ

Albino (ခေါ်) အာဖရိကန်လူဖြူ...

Image
အာဖရိကမှ Albino ခေါ် မွေးရာပါ တကိုယ်လုံး ဖွေးဖွေးဖြူနေတဲ့ အာဖရိကန် လူမျိုးတွေကို ပုံတွေမှာ တွေ့ရမှာပါ... လူမည်းတွေ ကြားထဲမှာ ဒီလို ထူးထူးခြားခြား တကိုယ်လုံး ဖြူနေ တာဟာ သူတို့အတွက် အန္တရာယ် အလွန်များတယ်လို့ သိရပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေဟာ ချမ်းသာကြွယ်ဝမှုတွေ... ကံကောင်းခြင်းတွေ ဖြစ်စေတယ်လို့ အာဖရိကန် လူမည်းတွေက ယုံကြည်ထားကြလို့ပါ...  တံငါသည်တွေ ဆိုရင်လည်း သူတို့ရဲ့ ငါဖမ်း ပိုက်ကွန်တွေကို Albino လူဖြူတွေရဲ့ ဆံပင်တွေနဲ့ ပြုလုပ် ထားကြပါတယ်.... အဲဒီလို လုပ်ထားခြင်းအားဖြင့် ငါဖမ်းတဲ့အခါ ငါတွေ အမြောက်အများ ရတယ်လို့ ယုံကြည် ထားကြ လို့ပါ...  ပြီးခဲ့တဲ့ ၆ လအတွင်းက လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေ အပါအဝင် Albino လူဖြူ ၁၅ ဦးခန့် တိုက်ခိုက် ခံခဲ့ရပါတယ်... အချို့ဟာ သူတို့ရဲ့ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေ ဖြတ်တောက်ခံရပြီး... အချို့မှာတော့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်...  သတ်ရ၊ ဖြတ်ရတာကို သဘောတွေ့တဲ့ သူတွေအတွက်လည်း စီးပွားရေး စျေးကွက်လို ဖြစ်နေပါတယ်... အာဖရိကန် လူဖြူတွေရဲ့ ခန္ဒာကိုယ် တခုလုံးဆိုရင် £50,000 စျေးပေါက်ပြီး ခြေလက်အဂါင်္ အစိတ် အပိုင်းတွေ ဆိုရင်တော့ ထောင်ဂဏန်းလောက်

Beer Spa - ဘီယာရေချိုးမယ်...

Image
ချက်(ခ်)ရီပက်ဘလစ် (Czech Republic) ဟာ ပြည်တွင်းဖြစ် ဘီယာ(Beer) နဲ့ ဝိုင်အရက်(Wine) တကယ့်ကို ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်... ချက်(ခ်)ဘီယာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘီယာလို့ ဆိုလိုက်တာနဲ့ သူ့နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ သူတွေအားလုံး ဘယ်သူမှ အငြင်းပွားပြီး သံသယဖြစ်နေကြမှာ မဟုတ်ပါဘူး... ဒီလောက် အထိ နာမည်ကြီးပါတယ်...  တချိန်တည်းမှာပဲ ချက်(ခ်)ရီပက်ဘလစ်ရဲ့ သမိုင်းဝင် နယ်မြေကြီး တစ်ခုဖြစ်တဲ့ Moravian ကနေ ထွက်တဲ့ ဝိုင်အရက်(wine) ကလည်း သူ့ရဲ့ အကောင်းဆုံး အရည်အသွေးကြောင့် တနှစ်ပြီးတစ်နှစ် ဂုဏ်သတင်း ကျော်ဇောလို့ နေပါတယ်...  အခြားနိင်ငံတွေက military superpower တို့ economic superpower တို့ ဖြစ်နေချိန် ချက်(ခ်)နိုင်ငံကတော့ wine နဲ့ beer superpower ဖြစ်လို့နေပါ တယ်...  ချက်ခ်နိုင်ငံဟာ သူ့နိုင်ငံတွင်း ဘီယာချက်ရာမှာ အသုံးပြုတဲ့ ဗျစ်ပန်းခြောက်(Hops) စိုက်ပျိုးတဲ့ သမိုင်းအစဉ်အလာကလည်း အတော်လေး ကြီးမားပြီး အကောင်းဆုံး စံချိန်မီ ဘီယာတွေကို ဆယ်စုနှစ်ပေါင်းများစွာ ချက်လုပ်ခဲ့ပြီးပါပြီ... ဒါဟာ ချက်(ခ်)နိုင်ငံရဲ့ ယဉ်ကျေးမှု တခုအဖြစ် နက်နက်ရှိုင်းရှိုင်း စွဲခိုင်နေပါတယ်.... ချက်ခ်နိုင်ငံကို သွားရောက

ဖေ့စ်ဘွတ်(Facebook)ပေါ်က "Poke" အကြောင်း...

Image
Facebook ပေါ်က "Poke" ခလုတ်ဟာ လက်ခံ သုံးစွဲသူတွေ အနေနဲ့ မိမိလိုရာကို အဓိပ္ပာယ် ကောက်ယူပြီး အသုံးပြုနေကြ တဲ့ အတွက် ရှုပ်ထွေးလှတဲ့ Feature တခု ဖြစ်ပါတယ်...  ဖေ့စ်ဘွတ်(Facebook)ပေါ်မှာ တစုံတယောက်က မိမိကို "Poke" လုပ်တာကို ကြုံဖူးသလို... မိမိကနေလည်း တစုံတယောက်ကို "Poke" သွား လုပ်ဖူးကြ မှာပါ... ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ဒီလို "Poke" လုပ်တာကို Facebook ယဉ်ကျေးမှု တခုအနေနဲ့ မှတ်ယူ ထားသူတွေ ရှိသလို... စိတ်အနှောက်အယှက် ဖြစ်စရာ တခုဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုနေကြ သူတွေလည်း ရှိပါတယ်...  အခြေခံ အားဖြင့်တော့... Facebook မှာ Poke လုပ်တယ် ဆိုတာဟာ မိမိနဲ့ရင်း နှီးတဲ့ မိတ်ဆွေကို "မတွေ့တာ ကြာပြီနော်... "နေကောင်းရဲ့လား"... "စာပြန်ပါအုံး"... "ဘာတွေလုပ်နေလဲ"... စသဖြင့် သတင်းစကားမေးပြီး သူတို့ထံကနေ အာရုံစိုက်မှု (Attention) ပြန်ရအောင် ပြုလုပ်တဲ့ သဘော ဖြစ်ပါတယ်...  ရင်းနှီးတဲ့ Facebook မိတ်ဆွေတွေ အကြား အပျော် Fun တခုအနေနဲ့လည်း poke ကို သုံးကြပါတယ်...  facebook ပေါ်က လူပျိုနဲ့ ပျိုမေတွေ အကြား ချစ်ရေး ချစ်ရာတွေကိုလည်း Poke လုပ်ပြီးတေ

Greeting is life...

Image
  အမျိုးသမီးကြီး တစ်ဦးဟာ အသားစိမ်းတွေ ဖြန့်ဖြူးရောင်းချတဲ့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်တယ်... တနေ့မှာတော့... ညနေပိုင်း အလုပ်ဆင်းတဲ့အချိန် လေ့လာလိုတဲ့စိတ်နဲ့ စက်ရုံထဲက အသားစိမ်းတွေ အအေးရိုက်ထားတဲ့ အခန်းထဲကို ဝင်သွားလိုက်တယ်... ကံမကောင်းခြင်တော့ အထဲရောက်ပြီး ခဏအကြာမှာ အအေးခန်း တံခါးကြီးက ပိတ်နေကျ အချိန်အတိုင်း ပိတ်သွားတယ်... အအေးခန်းကြီးထဲမှာ တယောက်ထဲ ပိတ်မိနေပြီး တံခါးကို အားကုန်ထု အသံကုန် အော်ဟစ်ပြီး အကူအညီ တောင်းပေမဲ့လည်း တောင်းလို့ မရတော့ဘူး... အပြင်က အသံကိုလည်း အထဲက မကြားနိုင်သလို အထဲက အသံကိုလည်း အပြင်ဘက်က မကြားရတဲ့ အခြေအနေ ဖြစ်နေတယ်... ဒီလိုနဲ့... အအေးခန်းထဲမှာ ၅ နာရီ ကြာပြီးတဲ့နောက် အအေးဒဏ်နဲ့ သေလုမျောပါး ဖြစ်နေချိန်မှာ စက်ရုံအစောင့် တစ်ယောက်က တံခါးကို လာဖွင့် လိုက်တယ်... ကံကောင်းထောက်မစွာနဲ့ အမျိုးသမီးကြီးလည်း အသက်ဘေးကနေ လွတ်မြောက်သွားတယ်... နောက်ရက်မှာတော့... အမျိုးသမီးကြီးက စက်ရုံစောင့်ကို...  "လာနေကျ နေရာ မဟုတ်ဘဲနဲ့ အအေးခန်း တံခါးကို ဘယ်လိုဘယ်ပုံ လာဖွင့်ခဲ့ တာလဲရှင်" လို့ တအ့ံတသြ မေးလိုက်တယ်... ဒီအခါမှာ စက်ရုံစောင့်က.... "ကျုပ် ဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၃၅ နှစ်

Save Pangolins!

Image
ျပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က တရုတ်နိုင်ငံတောင်ပိုင်း၊ Guangdong ခရိုင်မှာ ငါးဖမ်းလှေ တစ်စီးပေါ်ကနေ တရားမဝင် တင်ဆောင်လာတဲ့ သင်းခွေချပ်(Pangolin) အရေအတွက် ၂,၆၇၄ ကောင်ကို အကောက်ခွန် အရာရှိတွေက သိမ်းဆည်း ရမိ ခဲ့ပါတယ်… အဆိုပါ သင်းခွေချပ် အသေတွေကို အအေးခံ သေတ္တာ ၄၁၄ လုံးထဲမှာ ထည့်ထားပြီး… စုစုပေါင်း အလေးချိန် ၁၁.၅ တန်ခန့် ရှိတယ်လို့ သိရပါတယ်… ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်တောင်ပိုင်းမှာ တရားမဝင် တောရိုင်း တိရစ္ဆာန်တွေကို ကူးသန်းရောင်းဝယ် ဖောက်ကားတဲ့ ဖြစ်စဉ်တွေထဲမှာ အကြီးမား ဆုံးသော ဖြစ်စဉ် တခု ဖြစ်ပါတယ်…  တောရိုင်း သတ္တဝါတွေထဲမှာ သင်းခွေချပ် (Pangolins) တွေဟာ တရုတ်နိုင်ငံရဲ့ ကာကွယ် စောင့်ရှောက်မှု ပေးတဲ့အဆင့် ဒုတိယနေရာမှာ ရှိနေပါတယ်… တရုတ်နိုင်ငံရဲ့ ဥပဒေအရ… နိုင်ငံရဲ့ အဓိက ကာကွယ်စောင့်ရှောက်မှု ပေးထားတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ မည်သည့် တောရိုင်း သတ္တဝါတွေကိုမဆို တရားမဝင် ဖမ်းဆီး သတ်ဖြတ်၊ ရောင်းဝယ် ဖောက်ကားတဲ့ သူတွေဟာ ငွေဒဏ်အပါအဝင် ထောင်ဒဏ် ၁၀ နှစ်ထက်မက ကျခံရနိုင်တယ်လို့ ဖော်ပြ ထားပါတယ်…  တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ပြည်နယ်မှာလည်း သင်းခွေချပ် အပါအဝင် လူတွေကို အန္တရာယ်ပေး

အဖိုးနဲ့မြေး...

Image
အဖိုးဖြစ်သူက ဒီနေ့ကျောင်းမသွားတဲ့ မြေးကို သူ့ဆရာမ လာနေလို့ တစ်နေရာရာမှာ သွားပုန်း ခိုင်းတယ်...  ဒါပေမယ့် မြေးဖြစ်သူက သူ့အဖိုးကို ဘာပြန်ပြော လိုက်သလဲဆိုတော့... "သွားပုန်းရမှာက ကျနော်မဟုတ်ဘူး... အဖိုး ဆုံးသွားလို့ဆိုပြီး ဆရာမကို ပြောထားလို့ အဖိုးကသာ သွားပုန်းရမှာ" လို့ ပြန်ပြော လိုက်လေသတည်း.....။  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)

ဆန္ဒမစောနဲ့...

Image
ညညဥ့်နက်မှ အပြင်ကနေ ပြန်ရောက်လာတဲ့ ဇနီးသည်ဟာ သူမရဲ့အိပ်ခန်း တံခါးကို တိတ်တိတ်လေး ဖွင့်လိုက်တယ်...  ဒီအချိန်မှာ အိပ်ယာကုတင်ပေါ်မှာ ခြေထောက် ၂ ချောင်းပဲ ရှိရမယ့်အစား ခြေထောက် ၄ ချောင်း စောင်အောက်ပိုင်းကနေ ထွက်နေတာကို တွေ့လိုက်တယ်...  ဇနီးဖြစ်သူလည်း ဒေါသတကြီးနဲ့ ဘေ့စ်ဘောရိုက်တဲ့ ဘက်တံကြီး ရှာပြီး စောင်ပုံကို အားကုန် အဆက်မပြတ် ရိုက်ပါတော့တယ်...  စိတ်ကြိုက် ရိုက်ပြီးလို့ မောသွားချိန်မှာတော့ ရေသောက်ဖို့ မီးဖိုချောင်ထဲ ဝင်သွား လိုက်တယ်... မီးဖိုခန်းထဲ ဝင်လိုက်စဉ် ခင်ပွန်းဖြစ်သူ သတင်းစာ ထိုင်ဖတ်နေတာကို တအံ့တသြ တွေ့လိုက်ရတယ်...  ခင်ပွန်းဖြစ်သူက ဇနီးသည်ကို မြင်မြင်ချင်း ဝမ်းသာအားရနဲ့...  "ဟေးး!!! ဒါလင်...!!! မင်းမိဘ ၂ ပါး ကိုယ်တို့အိမ်ကို အလည်လာတယ်... သူတို့နေဖို့ဆိုပြီး ကိုယ်တို့ အိပ်ခန်းလေး ပေးထားတယ်... သွားပြီး နှုတ်ဆက် လိုက်ပါအုံးကွာ....။"  --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း

အဖေနဲ့သမီး စကားဝိုင်း...

Image
ညနေခင်း တစ်ခုမှာ... သမီးဖြစ်သူက အဖေဖြစ်သူ အနားကို သွားပြီး... "ဖေဖေ..!! သမီး ဖေဖေ့ကို အရေးကြီးတဲ့ စကား ပြောချင်လို့... အချိန်ရလားဟင်..."  အဖေဖြစ်သူက စိတ်ဝင်တစားနဲ့... "ဘာပြောမှာလဲ သမီး... ပြောလေ..." ဒါနဲ့ သမီးဖြစ်သူလည်း မဝ့ံမရဲနဲ့... "သမီးလေ... ဟိုးးးး အဝေးကြီးမှာ နေတဲ့သူ တစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်. ဖေဖေ!!!... သမီးတို့နေတာ အိန္ဒိယမှာ.. ဒါပေမယ့် သူနေတာက အမေရိကားမှာပါ..."  "သမီးတို့ ၂ ယောက်က Dating website တစ်ခုမှာ ပထမဦးဆုံး ဆုံခဲ့ကြပြီး Facebook ပေါ်မှာ မိတ်ဆွေတွေ ဖြစ်လာတာပါ... ဒီလိုနဲ့ Whatsapp ပေါ်မှာ စကားတွေ အများကြီး ပြောဖြစ် ခဲ့ကြတယ်... နောက်ပြီး သူက သမီးကို Skype ပေါ်မှာ စပြီး ချစ်ရေး ဆိုတယ်... အခုဆိုရင် သမီးတို့ ၂ ယောက် Viber ကနေတဆင့် ချစ်သူတွေ ဖြစ်နေကြတာ ၂ လ ရှိသွားပါပြီ... ဖေဖေ..."  "အင်းးး... အဲဒါလေ... ဖေဖေ့ရဲ့ဆန္ဒလေး သိချင်လို့ပါ..." ဒီအချိန်မှာ အဖေဖြစ်သူက အ့ံသြတဲ့လေသံနဲ့... "ဝိုးးး တကယ်လား သမီး!!!" ဆိုပြီး ဆက်ပြော လိုက်တာက... "ဒါများ ငါ့သမီးရယ်... သမီးတို့ ၂ ယောက် Twitter ပေါ်မှာ မင်္ဂလာဆောင်... ပြီးရင်

ဘ၀တန်ဖိုး...

Image
တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘဝတန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...  ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...  လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...  လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... စျေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး စျေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် စျေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်... ဆက်သွားပြီးမကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း စျေးသည်ကို ကျောက်တုုံံးရဲ့တန်ဖိုးကို မေးလိုက်တယ်... ဒါနဲ့ စျေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး... "ကျောက်တုံးပေးရင် အာလူးတစ်အိတ် ရမယ်" ဆိုပြီး လူငယ်ကို ပြော

iDevice users များအတွက် အင်တာနက် စာမျက်နှာပေါ်က စာသားတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို PDF files အဖြစ် ပြုလုပ် သိမ်းဆည်းနည်း

Image
iPhone, iPad နဲ့ iPod Touch အသုံးပြုနေကြတဲ့ မိတ်ဆွေများ အနေနဲ့ အင်တာနက် စာမျက်နှာပေါ်က မိမိတို့ နှစ်သက်တဲ့ စာတွေနဲ့ Camera roll/Photo app ထဲက ဓာတ်ပုံတွေကို pdf files အဖြစ် ပြုလုပ်ပြီး device ထဲမှာ ရို်းရှင်း လွယ်ကူစွာ သိမ်းဆည်း ထားလို့ ရပါတယ်... ဒီလို ပြုလုပ်ဖို့အတွက် တခြားသီးသန့် applications တွေကိုလည်း install လုပ်စရာ မလိုပါဘူး... ဒါပေမဲ့ မိမိ idevice ဟာ နောက်ပိုင်းထွက် iOS 9.x.x version တွေတော့ ဖြစ်ဖို့ လိုပါတယ်...  ကဲ... မိမိနှစ်သက်တဲ့ အင်တာနက် စာမျက်နှာတွေကို PDF ဖိုင်လ်အဖြစ် ပြုလုပ် သိမ်းဆည်း ဖို့အတွက်... ဦးစွာအနေနဲ့ မိမိရဲ့ idevice ထဲက Safari ကို ဖွင့်ပါ... မိမိ save လုပ်ပြီး သိမ်းဆည်းချင်တဲ့ စာမျက်နှာကို ရောက်ရင်... အပေါ်ဘက် ညာဘက်နားမှာ (ပုံပါအတိုင်း) Share icon ကိုတွေ့ပါမယ်... Tap လုပ်ပါ... ဒါဆိုရင် "Save PDF to iBooks" ဆိုတာကို တွေ့ပါမယ် (မတွေ့သေးရင် ဘယ်ဘက်ကို အနည်းငယ် ပွတ်ဆွဲကြည့် ပါ)... ဒါကို Tap လုပ်လိုက်တာနဲ့ မိမိ လိုချင်တဲ့ စာမျက်နှာကို PDF file အဖြစ် ပြုလုပ်ပေးပြီး iBooks နေရာမှာ အလိုအလျောက် Save လုပ်ပေး သွားပါလိမ့်မယ်...  ဒါ့အပြင်... မိမိတို့ Camera roll (သိ

True love.....

Image
တစ်ခါတုန်းက... ရွာတစ်ရွာမှာ အလွန်ဆင်းရဲ နွမ်းပါးတဲ့ ဇနီးမောင်နှံနှစ်ဦး နေထိုင်ကြတယ်...  တနေ့မှာတော့... ဇနီးသည်ဟာ သူမရဲ့ ဆံပင်တွေ အရမ်းရှည်နေပြီး ရှုပ်ထွေး နေလို့ ခင်ပွန်းဖြစ်သူကို ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်ခိုင်းတယ်...  ဒီအချိန်မှာ ဇနီးသည်ထံက စကားကို ကြားလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ စိတ်ထိခိုက်သွားပြီး... သူမအတွက် ခေါင်းဖြီးဘီး ဝယ်ဖို့ အဆင်မပြေတဲ့ အကြောင်း .... မကြာခင်က ပျက်သွားတဲ့ သူ့ရဲ့ နာရီကြိုးလေး ပြင်ဖို့အတွက်တောင် ငွေကြေး အလုံအလောက် မရှိတဲ့ အကြောင်း ဇနီးသည်ကို ပြောဆို ရှင်းပြ လိုက်တယ်...  ဇနီးဖြစ်သူကလည်း သူမ လိုချင်တဲ့ ပစ္စည်း အတွက် ခင်ပွန်းသည်ကို ဆက်ပြီး အတင်းအကျပ် မတောင်းဆိုတော့ဘူး...  ဒီလိုနဲ့..... တစ်နေ့... ခင်ပွန်းဖြစ်သူဟာ အလုပ်ကို သွားနေရင်း လမ်းဘေးက နာရီဆိုင် တစ်ဆိုင်မှာ သူ့နာရီကြိုး အပျက်လေးကို စျေးပေါပေါနဲ့ ရောင်းလိုက်တယ်... ပြီးတော့ ဇနီးသည်အတွက် ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်လိုက်တယ်...  ခင်ပွန်းသည်ဟာ ညနေပိုင်း အလုပ်ပြီးလို့ အိမ်ကိုပြန်လာတယ်... ဇနီးသည်ကို ပေးဖို့အတွက် လက်ထဲမှာလည်း ဘီးအသစ်လေးကို အဆင်သင့် ကိုင်လာတယ်... ဒီလိုနဲ့... အိမ်ရောက်တဲ့အခါ ဇနီးဖြစ်သူ ဆံပင်အတိုနဲ့ ဖြစ

Never lie to a woman...

Image
အလုပ်မှာ ရှိနေတဲ့ အမျိုးသား တစ်ဦးဟာ အိမ်က ဇနီးသည်ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်...  "ဟန်နီ!!! ကိုယ်... ကနေဒါကို ငါးမျှားခရီး ထွက်ရမယ်လို့ ကိုယ့်သူဌေးက ပြောတယ်... သူလည်းပါတယ်... ကိုယ့် သူငယ်ချင်းတွေလည်း အများကြီး ပါတယ်..."  "အဲဒီမှာ တစ်ပတ်လောက် ကြာမယ်... ဒါဟာ ကိုယ့်အတွက် တကယ့် အခွင့်အလမ်းကောင်းပဲ... ကိုယ် လိုချင်နေတာနဲ့ အတော်ပဲ..." "ဆိုတော့... ကိုယ့်အတွက် အဝတ်အစားတွေကို တစ်ပတ်စာ လုံလောက်အောင် စီစဉ်ပြီး ခရီးဆောင် အိတ်ထဲမှာ ထည့်ထားပေး... ငါးမျှားတံနဲ့ ငါးမျှား သေတ္တာလည်း ပြင်ထားပေးကွာ... ကိုယ်တို့က ရုံးကနေလာမယ်... ပြီးတော့ အိမ်မှာ အဲဒီပစ္စည်းတွေ ဝင်ယူပြီး တန်းသွားမယ်...  "အို့!!! ဒါနဲ့.. ကိုယ့်ရဲ့ အပြာရောင် ညဝတ် အကျီင်္လေးပါ ထည့်ထားပေး ပါအုံးကွာ..." ဇနီးသည်အနေနဲ့ စိတ်ထဲမှာ နည်းနည်းလေး မသင်္ကာဖွယ်ရာ ဖြစ်လာပေမဲ့ ဇနီးကောင်း တစ်ယောက်အနေနဲ့ ခင်ပွန်းခိုင်းတာ အားလုံးကို လုပ်ပေးလိုက်တယ်...  တပတ်ကြာပြီးတဲ့ အခါမှာတော့ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာတယ်... သူကြည့် ရတာ နည်းနည်း ပင်ပန်းနွမ်းနယ် နေတာကလွဲလို့ အားလုံးဟာ ပုံမှန်အတိုင်းပဲ...  ဇနီးသည်က သူ့ကို ကြိုဆိုပြီးတော့ ငါး

I poisoned you...

Image
အိပ်ယာထဲမှာ အတော်လေး နေထိုင်မကောင်း ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးမှာ ထိုင်စောင့် ပေးနေတဲ့ ခင်ပွန်းသည်ဘက်ကို လှည့်ပြီး လေသံ ဖျော့ဖျော့နဲ့..... "ဟန်နီ!!! ရှင့်ကို ကျမ ဝန်ခံစရာတွေ ရှိတယ်..."  ခင်ပွန်းဖြစ်သူက..... "သက်တောင့်သက်သာ နေပါ မိန်းမရယ်... မင်း မောနေပါ့မယ်..." ခင်ပွန်းသည် တားနေတဲ့ကြားက ဇနီးဖြစ်သူက..... "မရဘူး... မရဘူး... ကျမ ပြောမှဖြစ်မယ်... ဒါမှ ကျမ သေတဲ့အခါ ကျမရဲ့ဝိညာဉ်က ကောင်းကောင်း အနားယူနိုင်မှာ..." ဆိုပြီး ဆက်ပြောလိုက်တယ်... "ကျမလေ ရှင့်ရဲ့ ပိုက်ဆံတွေကို ခိုးပြီး ကျမရဲ့ တိတ်တိတ်ပုန်း ရည်းစားကို ပေးခဲ့တယ်... ကျမတို့ရဲ့သား ဂျူနီယာရဲ့ အဖေကလည်း ရှင်မဟုတ်ဘူး... နောက်ပြီး ရှင့်ရဲ့ ရွှေလက်ပတ်နာရီကို ခိုးတဲ့ သူကလည်း ကျမပါပဲ... အဲဒီနာရီကို ယူပြီး ရှင့်ရဲ့ ညီမအိတ်ထဲမှာ သွားဖွက် ထားတာပါ... ရှင် သူ့ကို ကျမတို့ အိမ်ကနေ မောင်းထုတ်အောင် လို့ပါ... ဒါတွေ အားလုံးအတွက် ရှင် ကျမကို ခွင့်လွှတ်ပါ..." ခင်ပွန်းဖြစ်သူက လေသံ ခပ်အေးအေးလေးနဲ့..... "ဒါတွေ အားလုံးကို ငါသိပါတယ် မိန်းမရယ်... အဲဒါကြောင့်လည်း မင်းကို အခုလို အဆိပ် ခတ်လိုက်တာပေါ့.....။" ref:i

I forgot the room's key in the car...

Image
အားလပ်ရက်မှာ သူငယ်ချင်း သုံးယောက် တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားကြတယ်... သူတို့အားလုံး ကြယ်ငါးလုံး ဟော်တယ်မှာ အတူတူ တည်းခိုကြတယ်... ရတဲ့အခန်းက အထပ် ၆၀ မြောက်မှာ ဖြစ်တယ်.. ဒီဟော်တယ်ရဲ့ စည်းမျဉ်း စည်းကမ်းအရ ဓာတ်လှေကားတွေဟာ ည ၁၂ ရီမှာ အမြဲတမ်း ပိတ်တယ်...  နောက်တစ်နေ့မှာ သူငယ်ချင်း သုံးယောက် ကားငှားပြီး မြို့ထဲ လည်ပတ်ကြတယ်... ပျော်ပျော်ပါးပါး လည်ပတ်ကြပြီးတဲ့ အခါမှာ ဟော်တယ်ကို ညဘက် သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅ မိနစ် နောက်ကျပြီး ပြန်ရောက်လာကြတယ်... ဓာတ်လှေကားတွေ အားလုံးလည်း ထုံးစံအတိုင်း ပိတ်ကုန်ပြီ... အထပ် ၆၀ မြောက်မှာရှိတဲ့ သူတို့အခန်းကို ရောက်ဖို့ ရိုးရိုးလှေကား အသုံးပြုရုံကလွဲပြီး အခြားနည်းလမ်း မရှိ...  ဒီလိုနဲ့... ပထမ သူငယ်ချင်း တစ်ယောက်က စပြီး ပြောလိုက်တယ်.. "ဒီလိုလုပ်ဗျာ... ကျုပ်တို့ ရိုးရိိုးလှေကားကနေ တက်ရမယ်... တက်ရတာ အားရှိအောင် အထပ် ၂၀ ရောက်တဲ့အထိ ကျုပ်က ရယ်စရာ ပြောသွားမယ်.." ဒုတိယ သူငယ်ချင်းဖြစ်သူကို လက်ညှိးထိုးပြီး.. "ခင်ဗျားက နောက်ထပ် အထပ် ၂၀ အတွက် ရယ်စရာ ပြော..." အဲဒီနောက် တတိယ သူငယ်ချင်းဘက်ကို လှည့် ပြီး... "ခင်ဗျားက ကျုပ်တို့ အခန်း ရောက်တဲ့အထိ ကျန်

ပုံစံခွက်...

Image
You are conditioned to believe you couldn't...? တစ်နေ့မှာ လူတစ်တယောက်ဟာ နေရာ တစ်ခုအနားက ဖြတ်လျှောက်သွားစဉ် သစ်ပင်တွေမှာ ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ ဆင်အုပ်ကြီး တစ်အုပ်ကို တွေ့လိုက်တယ်... ဒီလောက်ကြီးမားတဲ့ ဆင်ကြီးတွေကို ခြေတောက်မှာ ကြိုးငယ်လေး တစ်ချောင်းနဲ့ ထိမ်းချုပ် ထားတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး လမ်းလျှောက် နေရင်းကနေ ရုတ်တရက် ရပ်ပြီး ကြည့်လိုက်တယ်...  ဒီဆင်ကြီးတွေကို သံကြိုးတွေ... ခြံတွေနဲ့ ခတ်ပြီး ထိမ်းသိမ်း ထားတာလည်း မဟုတ်... တကယ်ဆိုရင် သူတို့ရဲ့ခွန်အားနဲ့ ခြေတောက်တွေမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ပြီး ဘယ်အချိန်မဆို ရုန်းထွက်လို့ ရနိုင်နေတယ်... ဒါပေမယ့် ဘယ်လို အကြောင်း အရင်းနဲ့မှ ရုန်းထွက်ဖို့ သူတို့ မကြိုးစားကြဘူး...  ဒါနဲ့ သူလည်း အနီးအနားမှာ ရှိနေတဲ့ ဆင်ထိန်းကို... "ဒီဆင်ကြီးတွေက ဘာဖြစ်လို့ ရုန်းထွက်ဖို့ မကြိုးစားပဲ ဒီအတိုင်း ရှိနေကြတာလဲ" လို့ စိတ်ဝင်တစားနဲ့ မေးလိုက်တယ်...  ဒီအခါမှာ ဆင်ထိန်းက... "ဒီဆင်ကြီးတွေ ငယ်ရွယ်စဉ် အခါကလည်း ယခု သူတိုု့ကို ချည်နှောင်ထားတဲ့ ကြိုးအရွယ်အစားကိုပဲ အသုံးပြုပါတယ်... ဒီကြိုး အရွယ်အစားဟာ သူတို့ငယ်စဉ်မှာ ရ

A Gift of Love...

Image
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ဦး ဘတ်စ်ကားပေါ်ကို တက်လာတယ်... လက်ထဲမှာ ကိုင်ထားတဲ့ တုတ်ကောက် အဖြူတစ်ချောင်းနဲ့ သူမ သွားမယ့် လမ်းကြောင်းကို ဂရုတစိုက်နဲ့ စူးစမ်းနေတယ်... ကားပေါ်က ခရီးသည်တွေ အားလုံးကလည်း သူမကို သနား ဂရုဏာ အကြည့်တွေနဲ့ ကြည့်နေကြတယ်... ကားပေါ်မှာ ထိုင်ခုံတွေကို လက်နဲ့ လိုက်စမ်းနေတယ်... ဒီအချိန်မှာ ကားဒရိုင်ဘာ ရောက်လာပြီး ခရီးသည် မရှိတဲ့ ထိုင်ခုံလွတ် နေရာကို လိုက်ပို့ပေးလိုက်တယ်... ထိုင်ခုံမှာ ထိုင်ချလိုက်တယ်... ရုံးသုံးအိတ်ကို သူမရဲ့ ပေါင်ပေါ်မှာ တင်လိုက််ပြီး တုတ်ကောက်ကိုတော့ ခြေတောက်ဘေးမှာ မှီပြီး ထောင်ထား လိုက်တယ်...  သူမကတော့.... အသက် ၃၄ နှစ်အရွယ်ရှိ "စူဆန်" အမည်ရ အမျိုးသမီး တစ်ဦးပဲ ဖြစ်ပါတယ်... သူမ မျက်မမြင် ဒုက္ခိတဘဝ ရောက်နေတာ ယခုဆိုရင် ၁ နှစ် ရှိနေပါပြီ... ဆေးမှားယွင်းမှုကြောင့် အခုလို အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရတာပါ... ရုတ်တရက် ဆိုသလိုပဲ ဒီကြမ္မာဆိုးကြီးက သူမကို ဒေါသစိတ်၊ နာကျည်း စိတ်၊ ကိုုယ့်ကိုကိုယ် သနားဂရုဏာ ဖြစ်တဲ့ စိတ်တွေနဲ့အတူ အမှောင်လောကထဲကို တွန်းပို့ခဲ့ တယ်... သူမရဲ့ဘဝ အရာအားလုံးအတွက် အားကိုးရမယ့်သူ... တွယ်တာရမယ့် သူဟာ ခင်ပွန်းဖြစ်သူ "မက်ခ်

Lie detector robot...

Image
တစ်နေ့မှာ လူတစ်ယောက်ဟာ အလိမ်ဖော်တဲ့ စက်ရုပ်တစ်ရုပ် ဝယ်လာတယ်... ဒီစက်ရုပ်ရဲ့ လုပ်ဆောင်ချက်က အမှန်အတိုင်း မပြောပဲ လိမ်ညာပြီး ပြောတဲ့ သူတွေကို ပါးရိုက်ပြီး ဒဏ်ခတ်တယ်...  ဒီလိုနဲ့ သူဟာ မိသားစု စုံလင်တဲ့ ညစာစားတဲ့ အချိန်မှာ သားဖြစ်ကို စမ်းသပ်ဖို့ ဆုံးဖြတ် လိုက်တယ်... "ငါ့သား! မင်း မနေ့ညက ဘယ်ကို သွားသလဲ?"  "ကျွန်တော် စာကြည့်တိုက်မှာ ရှိပါတယ် ဖေဖေ "... လို့ ပြန်ဖြေလိုက်တဲ့ အချိန်မှာ စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်တယ်...  ဒါနဲ့ သားဖြစ်သူလည်း... "ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာပါ" ဆိုပြီး ဝန်ခံလိုက်ရတယ်... "ဘာသွားလုပ်တာလဲ" လို့ အဖေက ဆက်ပြီး မေးလိုက်တဲ့အခါ သားဖြစ်သူက... "Toy Story ကာတွန်းကား သွားကြည့်တာပါ" လို့ ဖြေလိုက်တယ်... ဒီတစ်ခါလည်း စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်ပြန်တယ်...  ဒါနဲ့ သားဖြစ်သူလည်း ကြောက်ကြောက်နဲ့ ဝန်ခံလိုက်ရပြန်တယ်..." လူကြီးကား (Porn) သွားကြည့်တာပါ"  "ဘာကွ!!! ငါ မင်းအသက် အရွယ်လောက်က Porn ဆိုတာ ဘာမှန်းတောင် မသိသေးဘူး" လို့ ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီး ပြောလိုက်တယ်... ဒီအချိန်မှာ စက်ရုပ်က သူ့

လူဆိုး...

Image
ေဒါသထွက်နေတဲ့ ဇနီးသည်ဟာ အပြင်မှာ ရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီး... "ရှင်က အခု ဘယ်နေရာမှာ သွားပြီး အလေလိုက် နေတာလဲ?"... လို့ မေးလိုက်တယ်... ခင်ပွန်းသည်က လေသံ ခပ်အေးအေးနဲ့..."ဟေး ဟန်နီ!!! ဟိုတစ်နေ့ကလေ မင်း မြင်ပြီး သဘောကျတယ်လို့ ပြောတဲ့ စိန်လည်ဆွဲလေးလေ... အေး! အဲဒီ ရွှေဆိုင်ကို မှတ်မိသေးလား?...  ခင်ပွန်းသည် စကားကြောင့် ဒေါသအရှိန် အနည်းငယ် လျော့ကျသွားတဲ့ ဇနီးသည်က..."အင်းး! မှတ်မိတာပေါ့... ဒါလင်!!!"... "အေးး... အဲဒီနေ့က မင်းအတွက် ဝယ်ပေးမလို့ ကိုယ့်မှာ ပိုက်ဆံ မရှိဘူးလေ..." ခင်ပွန်းသည်က ဆက်ပြီး... "ပြီးတော့ တစ်နေ့ကျရင် ဝယ်ပေးမယ်လို့ ကိုယ်ပြောခဲ့ တာလေ... မှတ်မိသေးတယ်... ဟုတ်" ဒီတစ်ခါတော့ ဇနီးသည်ဟာ ဒေါသအရှိန် လုံးဝ လျော့ကျသွားတယ်... ပြီးတော့ မျက်နှာပေါ်မှာလည်း အပြုံးနဲ့ ရှက်သွေးဖြန်းနေပြီး... "အင်းးး! မှတ် မိ ပါ တယ် ဆို... ချစ်ကလည်း..." ဒီအခါ ခင်ပွန်းဖြစ်သူက..." အေးး ဟုတ်ပီ... ကိုယ် အဲဒီဆိုင်ရဲ့ဘေးက ဘီယာဆိုင်မှာ ရှိနေတယ်...."။ လွမ်းမပြေ သုတရပ်ဝန်း 

သတိထားရမည့် Dry Drowning နှင့် Secondary Drowning...

Image
မကြာသေးခင်က အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်... အဲဒါကတော့... အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန် တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ် လိုက်တယ်လို့ ဆိုပါတယ်... မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်...  ခဏအကြာ သားဖြစ်သူကို သွားကြည့်လိုက်တဲ့ အချိန်မှာ ပါးစပ်ကနေ အမြုပ်တွေ ထွက်ပြီး အသက် မရှုတော့တာကို တအံ့တသြ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်.. ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံဝန်ထမ်းတွေက ကလေးဟာ Dry drowning ကြောင့် ဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်...  အမေရိကန်နိုင်ငံမှာ Dry drowning ရေ မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄,၀၀၀ ခန့် ရှိပြီး... သူတို့ထဲက အရေအတွက် ၄၀၀ ကနေ ၆၀၀ လောက်ဟာ နှစ်စဉ် အသက်် ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်...  Dry Drowning နဲ့ Secondary Drowning ဆိုတာ ဘာလဲ? မိမိအပါအဝင် ကလေးမိဘတွေဟာ ကလေးတွေကို ရေကူးကန်တွေ၊

အချိန်ကောင်း...

Image
ေထာင်ကျနေတဲ့ လူတစ်ယောက်ဟာ ဇနီးသည်ထံက အောက်ပါအတိုင်း ရေးထားတဲ့ စာတစ်စောင် လက်ခံ ရရှိခဲ့တယ်...  "ယောကျ်ား... ကျမတို့အိမ်ရဲ့ အနောက်ဘက် ခြံထဲမှာ ဆလတ်ရွက်တွေ စိုက်ပျိုးဖို့ ဆုံးဖြတ်ထားတယ်... ဘယ်အချိန်မှာ စိုက်ပျိုးရင် ကောင်းမလဲ..."  ထောင်မှာ ဝင်ထွက်နေတဲ့ စာမှန်သမျှကို ထောင်စောင့်တွေက ခိုးဖတ်တာကို သိထားတဲ့ အကျဉ်းသားက ဇနီးဖြစ်သူကို အကြောင်းပြန်လိုက်တယ်... "ချစ်ဇနီး... တခြား ဘာပဲလုပ်လုပ် အိမ်နောက်ဘက်က ခြံကိုတော့ မထိပါနဲ့ကွာ... ကိုယ့်ရွှေတွေအားလုံး အဲဒီနေရာမှာ မြုပ်ထားလို့ပါ..."  တပတ်လောက် ကြာပြီးတဲ့နောက် အကျဉ်းသားဟာ ဇနီးသည်က ပို့လိုက်တဲ့ နောက်ထပ် စာတစ်စောင်ကို အောက်ပါအတိုင်း လက်ခံ ရရှိခဲ့တယ်... "ဘာတွေ ဖြစ်ကုန်ပြီလဲဆိုတာ ရှင်သိလား... လူတစ်အုပ် ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့ ကျမတို့အိမ်ကို ရောက်လာပြီး အနောက်ဘက် ခြံတစ်ခြံလုံး တူးဆွသွားကြတယ်..."  ဒါနဲ့ အကျဉ်းသားလည်း နောက်ထပ် စာတစ်စောင်ရေးပြီး ဇနီးသည်ကို အကြောင်းပြန်လိုက်တယ်... "ချစ်ဇနီး... ယခုအချိန်ဟာဆိုရင် ဆလတ်ရွက်တွေ စိုက်ပျိုးဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်တယ်....။" လွမ်းမပြေ သုတရပ်ဝန်း 

စကားကြီး ၃ ခွန်း...

Image
ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဆင်းရဲသား ဇနီးမောင်နှံနှစ်ဦး ယာခင်းထဲက အိမ်လေး တစ်လုံးမှာ နေထိုင်ကြတယ်...  တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့လုပ်ငန်း အစီအစဉ်နဲ့ ပတ်သက်ပြီး ဇနီးသည်ကို... "ဟန်နီ...! အဆင်ပြေပြေ နေရဖို့အတွက် ကိုယ် အဝေးတစ်နေရာကို ခရီးထွက်ပြီး အလုပ်တစ်ခု သွားရှာမယ်... အလုပ်ကို ကြိုးစားလုပ်ပြီး တနေ့ကျရင် မင်းဆီကို ပြန်လာခဲ့မယ်... အချိန် ဘယ်လောက်ကြာမယ်ဆိုတာ ကိုယ်လည်း မသိဘူး... တောင်းဆိုချင်တာ တစ်ခုက ကိုယ့်ကို စောင့်နေပါ... ကိုယ်အဝေးမှာ ရှိနေချိန်မှာ ကိုယ့်ကို သစ္စာရှိပါ... ကိုယ်လည်း မင်းကို သစ္စာရှိနေမှာပါ..." လို့ ပြောလိုက်တယ်...  ဇနီးသည်က သဘောတူတဲ့အတွက် သူလည်း အိမ်ကနေ ထွက်ခွာပြီး အလုပ်ရှာတဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်... ခြေလျင်ခရီးကို ရက်ပေါင်းများစွာ သွားပြီးတဲ့ အချိန်မှာတော့ အလုပ်သမား လိုအပ်နေတဲ့ လယ်သမားကြီး တစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်... သူ လုပ်တတ်တာတွေကို ပြောပြလိုက်တဲ့အခါမှာ လယ်သမားကြီးက သူ့ကို လက်ခံလိုက်တယ်... ဒါနဲ့ လူငယ်လည်း အလုပ်မစခင် သူ့ရဲ့ စဉ်းစားထားချက်တွေနဲ့ ပတ်သက်ပြီး လယ်သမားကြီးကို... "ကျွန်တော့ဆန္ဒ ရှိသလောက် ဒီမှာ ဘယ်လောက်ပဲကြာကြာ အလုပ်လုပ်ခွင့် ပေးပါ... အိမ်ပ

Don't Compare Yourself to Others.....

Image
တခါတုန်းက တောအုပ်တစ်အုပ်မှာ နေထိုင်တဲ့ ကျီးကန်း တစ်ကောင်ရှိတယ်... သူဟာ သူ့ဘဝကိုယ်သူ အကြွင်းမဲ့ ကျေနပ်နေပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့တယ်... ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ ငန်းတစ်ကောင်ကို တွေ့ခဲ့တယ်... "ဒီငန်းဟာ အရမ်းဖြူတယ်... ငါကျတော့ အရမ်း မည်းတယ်... သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး သတ္တဝါ ဖြစ်ရမယ်..." လို့ ထင်လိုက်တယ်... ဒါနဲ့ ငန်းကို သူထင်မြင်တာတွေ ပြောပြလိုက်တဲ့အခါ ငန်းက... "ဟုတ်ပါတယ်... အဆွေကျီး... အကျွနု်ပ်ဟာ ကမ္ဘာပေါ်မှာ အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်တယ်လို့ အမှန်တကယ် ခံစားခဲ့မိပါတယ်... ဒါပေမယ့် အခု အရောင်နှစ်ရောင်နဲ့ ကြက်တူရွေး တစ်ကောင်ကို မြင်တွေ့ပြီးတဲ့ နောက်ပိုင်းမှာ သူသာလျှင် အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်မယ်လို့ ထင်မိပါတယ်..." လို့ ပြန်ဖြေလိုက်တယ်... ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးထံ သွားပြီး မေးလိုက်တယ်... ဒီအခါ ကြက်တူရွေးက... "အဆွေကျီး... အကျွနု်ပ်ဟာ ဥဒေါင်းငှက် တစ်ကောင်ကို မတွေ့ခင်အချိန်က အင်မတန် ပျှော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်... အကျွနု်ပ်မှာ အရောင် ၂ မျိုးသာ ရှိပါတယ်... ဒါပေမယ့် ဥဒေါင်းငှက်မှာ အရောင်မျိုးစုံ ရှိပါတယ်...&quo