Posts

Showing posts from 2017

အတူတူပဲ...

Image
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မြောက်ကိုရီးယားအနေနဲ့ ၁ဝနှစ်အတွင်းမှာ နေကမ္ဘာကို လူပို့စေလွှတ်မယ်လို့ ကြေငြာတယ်...  ဒါကို သတင်းထောက်တစ်ဦးက ထပြီးမေးတယ်....  "လူပို့တာတော့ ဟုတ်ပါပြီ... ဒါပေမယ့် နေကမ္ဘာက အရမ်းပူပြင်းတော့ ခင်ဗျားလူတွေက ဘယ်လို ဆင်းသက်နိုင်မှာလဲဗျ..??" 🤓🤓🤓 ဒီမေးခွန်းကို ကြားတဲ့အခါ အားလုံးငြိမ်သက်သွားပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာ ဘယ်သူမှ မသိဘူး ဖြစ်နေတယ်... 🤔🤔🤔 အဲဒီအချိန် ကင်ဂျုံအွန်းက တည်ငြိမ်စွာနဲ့ ဖြေလိုက်တယ်...  "ကျုပ်တို့က ညအချိန်မှာသာ ဆင်းသက်မှာပါ..." 😚😚😚  သူ့အစိုးရအဖွဲ့နဲ့ ပရိတ်သတ်ကြီး တစ်ခုလုံးရဲ့ ချီးမွမ်းသြဘာသံတွေက မိုးခြိမ်းသံတွေအလား ဆူညံပွက်လောရိုက်သွားတယ်... 🤗🤗🤗 တချိန်တည်းမှာပဲ ကင်ဂျုံအွန်းရဲ့ သတင်းစာရှင်းလင်းပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရွမ်းနဲ့ သူ့အစိုးရအဖွဲ့ကလည်း အိမ်ဖြူတော်မှာ ထိုင်ကြည့်နေကြတယ်...  မြောက်ကိုရီးယားခေါင်းဆောင် ပြန်ဖြေလိုက်တဲ့စကားကို အမေရိကန်သမ္မတက ကြားတဲ့အခါ မချိပြုံးနဲ့ ပြောလိုက်တယ်...  "တော်တော် ရှုးတဲ့ကောင်ပဲ!! ညဘက်မှာ 'နေ' မှ မရှိတာ.." 😎😎😎 ခုဆိုရင် သူ့အ

Google Nik Collections...

Image
ဓါတ်ပုံပြင်တဲ့နေရာမှာ pro ကျပြီး အချိန်ကုန်လည်း သက်သာ အသုံးပြုရတာလည်းလွယ်ကူ လူကြိုက်လည်းများတဲ့ Nik Collections ကို google ကနေ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်... ဒီ collections မှာ Analog Efex Pro, Color Efex Pro, Silver Efex Pro, Viveza, HDR Efex Pro, Sharpener Pro နဲ့ Dfine ဆိုပြီး desktop plug-ins (၇)ခု ပါဝင်ပါတယ်... plug-ins တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိပါတယ်... အသုံးပြုဖူးတဲ့ users တိုင်း သိပါတယ်...  Nik collections ကို အစပိုင်းမှာ အမေရိကန်ဒေါ်လာ $500 ပေးပြီး Users တွေက အသုံးပြုခဲ့ရပါတယ်... ၂၀၁၂ စက်တင်ဘာလမှာ Nik Software, Inc. ထံမှ google က ဝယ်ယူခဲ့ပြီး ဒေါ်လာ $150 နဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်... အဲဒီနောက် ၂၀၁၆ မတ်လကနေစပြီး users တွေကို အခမဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူအသုံးပြုခဲ့တဲ့ users တွေကိုလည်း google ကနေ refund ပြန်လုပ်ပေးမယ်လို့လည်း ကြေငြာခဲ့ပါတယ်...  Google အနေနဲ့ Nik collections ကို updates လုပ်ဖို့နဲ့ features အသစ်တွေ ထပ်ထည့်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး...  Nik collections ကို Adobe Photoshop ဆိုရင် version CS4 ကနေ CC 2015

Wrong key.....

Image
ဘုရင်တစ်ပါးဟာ စစ်မြေပြင်ထွက်ခါနီး သူ့ရဲ့ အလွန်ချောမောလှပတဲ့ မိဖုရားကို အခန်းထဲထည့်ပြီး သော့ခတ်ထားလိုက်တယ်... အဲဒီနောက် သော့ကို သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်သူ လက်ထဲထည့်ပြီး... "ကျုပ် ၄ ရက်အတွင်းမှာ ပြန်မရောက်ခဲ့လို့ရှိရင် ကျုပ်ရဲ့မိဖုရားကို ခင်ဗျားပိုင်ပြီ..." ဆိုပြီး မှာခဲ့လိုက်တယ်...  ဒီလိုနဲ့ ဘုရင်လည်း သူ့ရဲ့စီးတော်မြင်းပေါ်တက်ပြီး စစ်မြေပြင်ခရီးကို စတင်ထွက်ခွာတယ်... နာရီဝက်လောက် ခရီးနှင်ပြီးတဲ့အချိန် အနောက်မှာ ဖုန်တွေတစ်ထောင်းထောင်းနဲ့ အသံတွေကို သတိပြုမိလိုက်တယ်... ဒါနဲ့ စီးတော်မြင်းကိုရပ်ပြီး ကြည့်လိုက်တဲ့အခါမှာ သူ့ဆီကို မြင်းဒုန်းစိုင်းနှင်လာတဲ့ သူ့ရဲ့ သူငယ်ချင်း ဖြစ်နေတယ်...  အနားရောက်ရောက်ချင်းမှာပဲ "ဘယ်လိုဖြစ်လာတာလဲ??..." ဆိုပြီး ဘုရင်က မေးလိုက်တယ်.. ဒီအခါ သူငယ်ချင်းဖြစ်သူက... "သော့ မှားနေလို့ပါဗျ..." ဆိုပြီး အမောတကြီးနဲ့ ပြောလိုက်သတည်းးး။  😝😝😜😜😂😂😄😄 ref;google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)