Posts

Showing posts from April, 2018

Facebook ပေါ်က BFF ဂျင်းအကြောင်း...

Image
ခုတစ်လော facebook ပေါ်မှာ ဂျင်းထည့်ခံနေရတာကတော့ 'BFF' ဆိုတဲ့ စကားလုံးပါ... သူ့ရဲ့အရှည်ကောက်က 'Best Friend Forever' ပါ...  ဂျင်းထည့်သူတွေက Facebook CEO မာ့ခ်​ဇူကာဘက်​က သင်​တို့ ​ဖေ့စ်​ဘွတ်​ အ​ကောင်​့​တွေ လုံခြုံစိတ်​ချရဖို့အတွက်​ BFF ဆိုတဲ့ စကားလုံးကိုသုံးပြီး နည်​းပညာတစ်​ခုကိုထည်​့သွင်​းထားတဲ့အကြောင်း... Comment မှာ BFF လို့ ​ရိုက်ထည့်ပါ တကယ်​လို့ BFF ဆိုတဲ့ စာလုံးက အစိမ်​း​ရောင်​ ​ပေါ်​နေတယ်​ဆိုရင်​ သင်​့အ​ကောင်​့ဟာ လုံခြုံစိတ်​ချရ​တဲ့အကြောင်း... တကယ်​လို့ အစိမ်​း​ရောင်​ မ​ပေါ်ပဲ အခြားအရောင် တစ်ခုခုပေါ်ရင် သင်​့အ​ကောင်​့ဟာ အလွယ်​တကူ အခိုးခံရနိုင်​တာ​ကြောင်​့ သင်​့ရဲ့ Password ကို အမြန်​ဆုံး ​ပြောင်​းဖို့လိုကြောင်း ဂျင်းထည့် ရေးသား ထားပါတယ်...  ဒီဂျင်း ဘယ်ကနေလာတယ်ဆိုတဲ့ ဇစ်မြစ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး... ဒါပေမယ့် facebook ပေါ်မှာတော့ သူရှယ်ငါရှယ်နဲ့ တောမီးတစ်ခုလို ချက်ချင်းပျံ့နှ့ံသွားပါတယ်...  ထစ်ခနဲ့ဆို အယုံလွယ်တတ်ကြတဲ့ ကျနော်တို့ မြန်မာတွေရဲ့အကျင့်က အရိုးစွဲနေတယ်လို့ပဲ ဆိုရလေ မလား... ရုပ်ထုက မျက်ရည်ကျတယ်ဆိုလဲ လွယ်လွယ်ကလေး ယုံတာပဲ... Page အတုတွေနဲ့ ဂျင်းထ

ရေခွက် ၄ လုံးပဲ ရှိလို့ပါဆရာ

Image
(ဆရာဝန်) "ခင်ဗျားရဲ့ ကျန်းမာရေးအရဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၁၀ ခွက် သောက်ရမယ်" 🤔🤔🤔 (လူနာ) "ဒါတော့ မဖြစ်နိုင်ဘူး ဆရာ" 🙁🙁 (ဆရာဝန်) "ဘာလို့ မဖြစ်နိုင်ရမှာလဲဗျ??" 😠😠 (လူနာ) ကျနော့အိမ်မှာ ရေခွက် ၄ လုံးပဲ ရှိလို့ပါ ဆရာ" 😥😥 --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း

ကျေးဇူးရှင်...

Image
မိတ်ဆွေဟောင်း ၂ ဦး ပြန်လည်ဆုံစည်းချိန်... မိတ်ဆွေ(၁)  "ကျုပ်မှာ သား ၄ ယောက်ရှိတယ်ဗျ... ပထမ တစ်ယောက်က အင်ဂျင်နီယာ... ဒုတိယ တစ်ယောက်က စီးပွားရေး စီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရထားတာ... တတိယတစ်ယောက်က ပါရဂူ... စတုတ္ထမြောက် သားကတော့ သူခိုးဂျပိုးပေါ့ဗျာ...." မိတ်ဆွေ(၂) "ဒါဆိုရင် ခင်ဗျားက စတုတ္ထမြောက်သားကို ဘာဖြစ်လို့ အိမ်ကနေ မောင်းမထုတ် လိုက်တာ လဲ???" မိတ်ဆွေ(၁) "မောင်းထုတ်လို့ မရဘူးဗျ... သူက ကျုပ်တို့အိမ်မှာ အဓိက ဝင်ငွေ ရှာပေးနေတဲ့သူဗျ... ကျန်တဲ့ ၃ ယောက်က အလုပ်လက်မဲ့တွေချည်းပဲ..." pic©google -------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

ခြင်နဲ့ယင်...

Image
ယင်တစ်ကောင်ဟာ သူမ ချစ်တဲ့ ခြင်ထီး တစ်ကောင်ကို လက်ထပ်ယူလိုက်တယ်... 💕 💕 နောက်တစ်နေ့မှာ ယင်ကောင်မက ရှိုက်ကြီးတငင်နဲ့ ငိုကြွေးနေတယ်... 😫 😫 ဒါကို ညီမဖြစ်သူက တွေ့ပြီး "ဘာဖြစ်လို့ ဒီလောက်တောင် ငိုနေရတာလဲ အစ်မ" 🤔 🤔 ဆိုပြီး မေးလိုက်တယ်.. ဒီအခါ အစ်မဖြစ်သူက ပြန်ဖြေတယ်... "အစ်မ မနေ့ညက အိပ်ယာဝင်တော့ ခြင်ဆေးခွေ ထွန်းပြီး အိပ်လိုက်တယ်... မနက်မိုးလင်းတော့ နင့်ခဲအိုက အသက်မရှိတော့ဘူး..." 😥 😪 ********* pic©google --------------------------------------  လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

အမေနဲ့တူတဲ့ ချစ်သူမိန်းကလေး

Image
အိမ်ထောင်ပြုချင်နေတဲ့ လူငယ်တစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူကို တိုင်ပင်တယ်...  "အိမ်ကို ခေါ်လာတဲ့ ချစ်သူ မိန်းကလေးတိုင်းကို အမေက သဘောမကျဘူး ဖြစ်နေတယ်ကွာ..." "Ohh! ဒါများ အလွယ်လေးပါကွာ... မင်းလုပ်ရမှာက မင်းအမေနဲ့တူတဲ့ ချစ်သူ မိန်းကလေးမျိုးကို ရှာပြီး ခေါ်လာရမှာကွ.." "ငါလုပ်ပြီးပါပြီ သူငယ်ချင်းရာ... အဲလိုကျပြန်တော့လည်း ငါ့အဖေက မကြိုက်ပြန်ဘူး..."  "တိန်...." 😀😁😂😃😄😅😆 *************** လွမ်းမပြေ သုတရပ်ဝန်း

Thinking Out of the Box (Creative Thinking)

Image
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ သမီးဖြစ်သူနဲ့ အတူ နေထိုင်တဲ့ လယ်သမားကြီး တစ်ဦးရှိတယ်... သူ့မှာ ငွေတိုးပေးစားတဲ့ သူဌေးထံက အတိုးနဲ့ ယူထား တဲ့ အကြွေးတွေက တဖြည်းဖြည်းများလာလို့ ပြန် မဆပ်နိုင်ပဲ အကြပ်တွေ့နေတယ်... သူဌေး ကလည်း အတော်လေးအိုမင်းနေပြီး... ဖြစ်ချင်တော့ သူက လယ်သမားကြီးရဲ့သမီးကို မျက်စိကျနေတယ်..  တစ်နေ့မှာတော့ သူဌေးဖြစ်သူက သူ့ကိုပေးစရာရှိတဲ့ အကြွေအားလုံးကို လုံးဝလျှော်ပစ်ဖို့ လယ်သမားကြီးနဲ့ အပေးအယူတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်...  သူတို့စီစဉ်ထားတဲ့အတိုင်း သူဌေးနဲ့ လယ်သမားကြီးရဲ့ သမီးအကြား ဂိမ်း(Game)တစ်ခု ကစားဖို့ ပြင်တယ်... စပြီးတော့ သူဌေးက...  "အိတ်တစ်လုံးထဲကို ကျောက်စရစ်ခဲ အဖြူတစ်လုံး အမည်းတစ်လုံး ထည့်ထားမယ်... အဲဒီနောက် သမီးက အိတ်ထဲက ကျောက်စရစ်ခဲတစ်လုံးကို မကြည့်ပဲ နိုက်ရမယ်... အမည်းရောင် ရခဲ့မယ်ဆိုရင် အကြွေး အားလုံးကို လျှော်ပေးမယ်... သမီးကိုလည်း သိမ်းမယ်... တကယ်လို့ အဖြူရောင် ရခဲ့မယ်ဆိုရင်တော့ အကြွေးအားလုံးကို လျှော်ပေးမယ်... သမီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ်..." ဆိုပြီး ရှင်းပြတယ်... သူဌေးက လယ်သမားကြီးခြံထဲမှာ ပြန့်ကျဲနေတဲ့ ကျောက်စရစ်ခဲတွေပေါ်ရပ်ပြီး ကျောက်စရ

Burning Young Boy...

Image
ပုံထဲမှာတွေ့ရတဲ့ မီးစွဲလောင်နေတဲ့ လူငယ် တစ်ယောက်ရဲ့ ဓါတ်ပုံတွေဟာ Amsterdam မှာ နှစ်စဉ် ကျင်းပရွေးချယ်တဲ့ ၂၀၁၈ ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံပြိုင်ပွဲ (2018 World Press Photo-WPP) မှာ ထိပ်ဆုံးဆု စာရင်း ဝင်သွားပါတယ်...  ၂၀၁၇ ခုနှစ် မေလ (၃)ရက်နေ့ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကရားကတ်စ်(Caracas)မှာ သမ္မတ Nicolas Maduro ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း အတိုက်အခံနဲ့ အစိုးရတပ်တွေအကြား ရုန်းရင်းဆန်ခတ်မှု တစ်ခုမှာ ရဲတွေရဲ့ဆိုင်ကယ်ဆီတိုင်ကီ ပေါက်ကွဲပြီး အခုလို မီးစွဲလောင်ခဲ့တာပါ...  ဒီပုံတွေကို ဗင်နီဇွဲလားနိုင်ငံသား ဓါတ်ပုံဆရာလည်းဖြစ်.. AFP ဓါတ်ပုံသတင်းထောက်လည်းဖြစ်တဲ့ Ronaldo Schemidt က ရုန်းရင်းဆန်ခတ်မှုအတွင်း အမိအရ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်...  ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ဓါတ်ပုံဆရာ ၄,၅၄၈ ဦးမှ ဓါတ်ပုံပေါင်း ၇၃,၀၄၄ ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်..... ref;cgtn -------------------------------------- လွမ်းမပြေ သုတရပ်ဝန်း